YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9:13-14

အာမုတ် 9:13-14 JBMLE

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။