YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 5:7-13

အာမုတ် 5:7-13 JBMLE

တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊ ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊ ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။ သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။ ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။