YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 5:1-17

အာမုတ် 5:1-17 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး၊ ယ​ခု​သင်​တို့၌ ငါ​မြွက်​ဆို၍ မြည်​တမ်း​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ​သည် လဲ​ပြီ။ နောက်​တစ်​ဖန် မ​ထ​ရ။ မိ​မိ​မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ချီ​ကြွ​သော​သူ​မ​ရှိ။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို​ထမ်း​စေ​ဖို့ လူ​တစ်​ထောင်​ကို ပေး​နိုင်​သော​မြို့​သည် လူ​တစ်​ရာ၊ တစ်​ရာ​ကို​ပေး​နိုင်​သော​မြို့​သည် တစ်​ကျိပ်​ကို​သာ ပေး​နိုင်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။ ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။ တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊ ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊ ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။ သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။ ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို​ရှောင်၍ သု​စ​ရိုက်​ကို ရှာ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ သင်​တို့​ဆို​တတ်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။ ခပ်​သိမ်း​သော စ​ပျစ်​ဥ​ယျာဉ်​တို့၌​လည်း မြည်​တမ်း​ခြင်း​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​အ​လယ်၌ လျှောက်​သွား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။