ပေတရုသည် အရပ်ရပ်တို့ကို လှည့်လည်သည်တွင် သန့်ရှင်းသူတို့ရှိရာ လုဒ္ဒမြို့သို့ရောက်လေ၏။- ထိုအရပ်၌ အဲနေအမည်ရှိသော လက်ခြေသေ၍ရှစ်နှစ်ပတ်လုံး အိပ်ရာ၌တုံးလုံးနေသော သူတစ်ယောက်ကို တွေ့လျှင်၊ အဲနေ၊ ယေရှုခရစ်သည် သင့်အားချမ်းသာပေးတော်မူ၏။- ထ၍အိပ်ရာကိုသိမ်းလော့ဟု ပေတရုဆိုသော်၊ ထိုသူသည် ချက်ချင်းထ၏။- လုဒ္ဒမြို့နှင့် ရှာရုန်အရပ်၌ နေသောသူ အပေါင်းတို့သည် ထိုသူကိုမြင်၍ သခင်ဘုရားထံတော်သို့ ပြောင်းလဲကြ၏။ ယုပ္ပေမြို့၌ ဒေါ်ကာဟုဆိုလိုသော တဗိသ အမည်ရှိသော တပည့်တော်မ တစ်ယောက်ရှိ၏။ ထိုမိန်းမသည် ကောင်းသောအကျင့်၊ စွန့်ကြဲခြင်း အကျင့်နှင့် ပြည့်စုံလျက်၊- ထိုအခါ၌ နာ၍သေလေ၏။ အလောင်းကို ရေချိုးပြီးလျှင် အထက်ခန်း၌တင်ထားကြ၏။- လုဒ္ဒမြို့သည် ယုပ္ပေမြို့နှင့် နီးသည်ဖြစ်၍ ထိုမြို့၌ ပေတရုရှိကြောင်းကို တပည့်တော်တို့သည်ကြားလျှင်၊ ပေတရုသည် အလျင်အမြန် ကြွလာပါမည်အကြောင်း လူနှစ်ယောက်ကို စေလွှတ်၍ တောင်းပန်ကြ၏။- ပေတရုသည် ထ၍ထိုသူတို့နှင့် အတူလိုက်လေ၏။ ရောက်လျှင် အထက်ခန်းသို့ခေါ်ပင့်၍ မုဆိုးမများတို့သည် ငိုကြွေးလျက်၊ သူတို့နှင့်အတူ ဒေါ်ကာရှိစဉ်အခါလုပ်ခဲ့သောအင်္ကျီနှင့် အဝတ်များကို ပြလျက်ရှိကြ၏။- ပေတရုသည် ထိုသူအပေါင်းတို့ကို ပြင်သို့ထွက်စေသည်နောက်၊ ကိုယ်တိုင်ဒူးထောက်၍ ဆုတောင်းပတ္ထနာပြုပြီးလျှင်၊ ထိုအလောင်းသို့ မျက်နှာလှည့်၍၊ တဗိသ၊ ထလော့ဟုဆိုလေ၏။ ထိုမိန်းမသည် မျက်စိကိုဖွင့်၍ ပေတရုကိုမြင်လျှင် ထ၍ထိုင်၏။- ပေတရုသည် မိမိလက်ကို သူ့အားပေး၍ ချီကြွပြီးမှ၊ သန့်ရှင်းသူတို့နှင့် မုဆိုးမတို့ကိုခေါ်၍ အသက်ရှင်လျက်ရှိသော ထိုမိန်းမကို ပြလေ၏။- ထိုအကြောင်းကို ယုပ္ပေမြို့၌ အနှံ့အပြား သိကြ၍၊ လူများတို့သည် သခင်ဘုရားကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။- ပေတရုသည် ယုပ္ပေမြို့၌ ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။
တမန်တော် 9 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 9
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 9:32-43
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ