YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:26-43

တမန်တော် 9:26-43 JBMLE

ယေ​ရု​ရှင်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တ​ပည့်​တော်​တို့​နှင့် ပေါင်း​ဖော်​မည်​ပြု​သော်၊ သူ​သည် တ​ပည့်​တော်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့​သည် မ​ယုံ​သ​ဖြင့် သူ့​ကို​ကြောက်​ရွံ့​ကြ၏။- ထို​အ​ခါ ဗာ​န​ဗ​သည် သူ့​ကို​ခေါ်၍ တ​မန်​တော်​များ​ထံ​သို့ ပို့​ဆောင်​ပြီး​လျှင်၊ အ​ထက်​က​ရှော​လု​သည် လမ်း​ခ​ရီး၌ သ​ခင်​ဘု​ရား​ကို မြင်​သည်​ဟူ၍​လည်း​ကောင်း၊ သူ့​အား​မိန့်​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒ​မာ​သက်​မြို့၌ ယေ​ရှု၏​နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ ရဲ​ရင့်​စွာ ဟော​သည်​ဟူ၍​လည်း​ကောင်း ပြော​လေ၏။- ထို​နောက်​မှ ရှော​လု​သည် ယေ​ရု​ရှ​လင်​မြို့၌ တ​မန်​တော်​တို့​နှင့် ပေါင်း​ဖော်၍၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရဲ​ရင့်​စွာ ဟော​လျက်​နေ၏။- ဟေ​လေ​နစ်​လူ​တို့​နှင့် နှီး​နှော​ပြော​ဆို​သ​ဖြင့်၊ ထို​သူ​တို့​သည် ရှော​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ၏။- ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။ ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။ ပေ​တ​ရု​သည် အ​ရပ်​ရပ်​တို့​ကို လှည့်​လည်​သည်​တွင် သန့်​ရှင်း​သူ​တို့​ရှိ​ရာ လု​ဒ္ဒ​မြို့​သို့​ရောက်​လေ၏။- ထို​အ​ရပ်၌ အဲ​နေ​အ​မည်​ရှိ​သော လက်​ခြေ​သေ​၍​ရှစ်​နှစ်​ပတ်​လုံး အိပ်ရာ၌တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို တွေ့​လျှင်၊ အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​အား​ချမ်း​သာ​ပေး​တော်​မူ၏။- ထ၍​အိပ်​ရာ​ကို​သိမ်း​လော့​ဟု ပေ​တ​ရု​ဆို​သော်၊ ထို​သူ​သည် ချက်​ချင်း​ထ၏။- လု​ဒ္ဒ​မြို့​နှင့် ရှာ​ရုန်​အ​ရပ်၌ နေ​သော​သူ အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ၏။ ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊- ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။- လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။- ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။- ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။- ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။- ထို​အ​ကြောင်း​ကို ယု​ပ္ပေ​မြို့၌ အ​နှံ့​အ​ပြား သိ​ကြ၍၊ လူ​များ​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- ပေ​တ​ရု​သည် ယု​ပ္ပေ​မြို့၌ ရှိ​မုန်​အ​မည်​ရှိ​သော သား​ရေ​လုပ်​သ​မား​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ၏။