YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:10-18

တမန်တော် 9:10-18 JBMLE

ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။- မိ​မိ​မျက်​စိ​ကို မြင်​ပြန်​စေ​ခြင်း​ငှာ အာ​န​နိ​အ​မည်​ရှိ​သော​သူ​သည် ဝင်၍၊ မိ​မိ​အ​ပေါ်၌ လက်​တင်​သည်​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မြင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- အာ​န​နိ​က​လည်း၊ သ​ခင်​ဘု​ရား၊ ထို​သူ​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​ကို အ​ဘယ်​မျှ​လောက်​ပင် ညှဉ်း​ဆဲ​သည်​ကို လူ​များ​ပြော၍ အ​ကျွန်ုပ်​ကြား​ရ​ပါ​ပြီ။- ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။- အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။- ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။

​တမန်တော် 9:10-18 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။