YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:1-9

တမန်တော် 9:1-9 JBMLE

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊- ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊- သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။- ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။- သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- ရှော​လု​နှင့်​အ​တူ သွား​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရုံ​မျှ​သာ​ရှိ၍၊ အ​ဘယ်​သူ​ကို​မျှ​မ​မြင်​ဘဲ မိန်း​မော​တွေ​ဝေ​လျက် ရပ်​နေ​ကြ၏။- ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။- သုံး​ရက်​ပတ်​လုံး မျက်​စိ​မ​မြင်၊ မ​စား​မ​သောက်​ဘဲ နေ​လေ၏။

​တမန်တော် 9:1-9 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။