YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:1-22

တမန်တော် 9:1-22 JBMLE

ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊- ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊- သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။- ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊- သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။- သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- ရှော​လု​နှင့်​အ​တူ သွား​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရုံ​မျှ​သာ​ရှိ၍၊ အ​ဘယ်​သူ​ကို​မျှ​မ​မြင်​ဘဲ မိန်း​မော​တွေ​ဝေ​လျက် ရပ်​နေ​ကြ၏။- ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။- သုံး​ရက်​ပတ်​လုံး မျက်​စိ​မ​မြင်၊ မ​စား​မ​သောက်​ဘဲ နေ​လေ၏။ ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။- မိ​မိ​မျက်​စိ​ကို မြင်​ပြန်​စေ​ခြင်း​ငှာ အာ​န​နိ​အ​မည်​ရှိ​သော​သူ​သည် ဝင်၍၊ မိ​မိ​အ​ပေါ်၌ လက်​တင်​သည်​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မြင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- အာ​န​နိ​က​လည်း၊ သ​ခင်​ဘု​ရား၊ ထို​သူ​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​ကို အ​ဘယ်​မျှ​လောက်​ပင် ညှဉ်း​ဆဲ​သည်​ကို လူ​များ​ပြော၍ အ​ကျွန်ုပ်​ကြား​ရ​ပါ​ပြီ။- ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။- သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။- အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။- ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။ ထို​နောက် ရှော​လု​သည် ဒ​မာ​သက်​မြို့၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ကာ​လ​အ​တန်​အ​ရာ​နေ၍၊- ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။- ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။- ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။

​တမန်တော် 9:1-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။