YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:30-43

တမန်တော် 7:30-43 JBMLE

အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။- ထို​ရူ​ပါ​ရုံ​ကို မြင်​သော​အ​ခါ မော​ရှေ​သည် အံ့​ဩ၍ စေ့​စေ့​ကြည့်​ရှု​ခြင်း​ငှာ အ​နား​သို့​ချဉ်း​ကပ်​လျှင်၊- ငါ​ကား သင့်​ဘိုး​ဘေး​တို့၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​သံ ထွက်​တော်​မူ၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် စေ့​စေ့​မ​ကြည့်​ဝံ့။- ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်၏။- အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။- အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။- ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏ စ​ကား​ကို နား​ထောင်​ရ​ကြ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ဆို​သော​သူ​ကား အ​ခြား​သူ​မ​ဟုတ်၊ ထို​မော​ရှေ​ပင်​ဖြစ်​သ​တည်း။- ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။- ထို​သူ၏​စ​ကား​ကို ငါ​တို့​အ​ဘ​များ​သည် နား​မ​ထောင်​လို​ဘဲ​လျက် ပယ်၍၊- ငါ​တို့​ရှေ့​မှာ သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ၌ အ​ဘယ်​သို့ ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ဟု အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ချင်​သော​စိတ်​နှင့် အာ​ရုန်​ကို ပြော​ဆို​ကြ၏။- ထို​နေ့​ရက်​ကာ​လ၌ နွား​သ​ငယ်​ကို လုပ်၍ ထို​ရုပ်​တု​အား ယဇ်​ပူ​ဇော်​သ​ဖြင့် မိ​မိ​တို့​လက်​နှင့် လုပ်​သော​အ​ရာ၌​ပင် ပျော်​မွေ့​ကြ၏။ အ​နာ​ဂ​တ္တိ​ကျမ်း၌ လာ​သည်​ကား၊- အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် စီ​ရင်​သော တိ​ရ​စ္ဆာန်​နှင့် ယဇ်​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား ပူ​ဇော်​ကြ​သ​လော။- သင်​တို့​သည် မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ရင်​ဖန်၏​ကြယ်​တည်း​ဟူ​သော ကိုး​ကွယ်​ဖို့​ရာ မိ​မိ​တို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ တ​ကား။ ထို​ကြောင့် ငါ​သည် သင်​တို့​ကို ဗာ​ဗု​လုန်​မြို့ တစ်​ဖက်​သို့ ဆောင်​သွား​မည်​ဟု ကျမ်း​လာ​ရှိ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် မျက်​နှာ​တော်​ကို​လွှဲ၍၊ ကောင်း​ကင်​တန်​ဆာ​များ​တို့​အား ဝတ်​ပြု​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို စွန့်​ပစ်​ထား​တော်​မူ၏။