YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:23-29

တမန်တော် 7:23-29 JBMLE

အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။- အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။- ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။- နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊- အိမ်​နီး​ချင်း​ကို ညှဉ်း​ဆဲ​သော​သူ​က၊ အ​ဘယ်​သူ​သည် သင့်​ကို ငါ​တို့​အ​ပေါ်​မှာ​အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း။- မ​နေ့​က အဲ​ဂု​တ္တု​လူ​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော​ဟု ဆို​လျက် မော​ရှေ​ကို​ပယ်၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။