YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:17-38

တမန်တော် 7:17-38 JBMLE

အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင် ဓိ​ဋ္ဌာန်​တော်​မူ​သော က​တိ​တော်၏ အ​ချိန်​ရောက်​လု​သော​အ​ခါ၊- ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်၌ တိုး​ပွား၍၊ ယော​သပ်​ကို မ​သိ​မ​ကျွမ်း​သော မင်း​ကြီး​တစ်​ပါး​ပေါ်​လာ​သည်​တိုင်​အောင် များ​ပြား​ကြ​လေ၏။- ထို​မင်း​ကြီး​သည် ငါ​တို့​အ​ဆွေ​အ​မျိုး​ကို ပ​ရိ​ယာယ်​ပြု​သ​ဖြင့်၊ သူ​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ခြင်း​ငှာ ပစ်​ထား​ရ​မည်​အ​ကြောင်း ငါ​တို့ အ​ဘ​များ​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လေ၏။- ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။- နောက်​မှ​ပစ်​ထား​သည်​ရှိ​သော်၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ကောက်​ယူ၍ မိ​မိ​သား​အ​ရာ၌ မွေး​စား​လေ၏။- မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။- အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။- အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။- ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။- နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊- အိမ်​နီး​ချင်း​ကို ညှဉ်း​ဆဲ​သော​သူ​က၊ အ​ဘယ်​သူ​သည် သင့်​ကို ငါ​တို့​အ​ပေါ်​မှာ​အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း။- မ​နေ့​က အဲ​ဂု​တ္တု​လူ​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော​ဟု ဆို​လျက် မော​ရှေ​ကို​ပယ်၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။ အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။- ထို​ရူ​ပါ​ရုံ​ကို မြင်​သော​အ​ခါ မော​ရှေ​သည် အံ့​ဩ၍ စေ့​စေ့​ကြည့်​ရှု​ခြင်း​ငှာ အ​နား​သို့​ချဉ်း​ကပ်​လျှင်၊- ငါ​ကား သင့်​ဘိုး​ဘေး​တို့၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​သံ ထွက်​တော်​မူ၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် စေ့​စေ့​မ​ကြည့်​ဝံ့။- ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်၏။- အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။- အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။- ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏ စ​ကား​ကို နား​ထောင်​ရ​ကြ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ဆို​သော​သူ​ကား အ​ခြား​သူ​မ​ဟုတ်၊ ထို​မော​ရှေ​ပင်​ဖြစ်​သ​တည်း။- ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။