ထိုအခါ ယဇ်ပုရောဟိတ်မင်းက၊ ဤစကားမှန်သလောဟု မေးသည်ရှိသော်၊- သတေဖန်က၊ ညီအစ်ကို အဘတို့ နားထောင်ကြပါလော့။ ငါတို့အဘအာဗြဟံသည်၊ ခါရန်မြို့၌မနေမီ၊ မေသောပေါတာမိတိုင်း၌ ရှိစဉ်အခါ၊ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် ထင်ရှားတော်မူ၍၊- သင်နေသောပြည်နှင့်တကွ အမျိုးသားချင်း များထဲကထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့ သွားလော့ဟု အာဗြဟံအား မိန့်တော်မူ၏။- ထိုအခါ အာဗြဟံသည် ခါလဒဲပြည်မှထွက်၍ ခါရန်မြို့၌နေ၏။ သူ၏အဘ သေလွန်သည်ရှိသော်၊ ယခုသင်တို့နေသော ဤပြည်သို့ ထိုမြို့မှ ပြောင်းစေတော်မူ၏။- ဤပြည်၌ ခြေနင်းရာကိုမျှ အမွေပေးတော်မမူသော်လည်း၊ သူမှစ၍ သူ၏သားမြေးတို့အား ဤပြည်ကို အပိုင်ပေးတော်မူမည်ဟု သားတစ်ယောက်မျှမရှိမီ ကတိထားတော်မူ၏။- သင်၏အမျိုးအနွယ်သည် သူတစ်ပါးပိုင်သောပြည်၌ ဧည့်သည်ဖြစ်ကြသဖြင့်၊ သူတစ်ပါးတို့၌ ကျွန်ခံခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းကို အနှစ်လေးရာပတ်လုံး ခံရကြလိမ့်မည်။- သူတို့ကို စေခိုင်းသောလူမျိုးကိုလည်း ငါစီရင်မည်။ ထိုနောက်မှ သူတို့သည်ထွက်၍ ဤအရပ်၌ ငါ့အား ဝတ်ပြုကြလိမ့်မည်ဟု ဗျာဒိတ်ထားတော်မူ၏။- ဘုရားသခင်သည်လည်း အရေဖျားလှီးခြင်းနှင့် ဆိုင်သော ပဋိညာဉ်တရားကို အာဗြဟံအား ပေးတော်မူ၏။ ထိုသို့ ဣဇာက်ကို ဖွားမြင်၍ ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းကိုပေးလေ၏။ ဣဇာက်သား ယာကုပ်၊ ယာကုပ်သားများကား၊ အမျိုး၏ အဘ တစ်ကျိပ်နှစ်ပါးတည်း။
တမန်တော် 7 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 7:1-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ