YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:32-34

တမန်တော် 4:32-34 JBMLE

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။- သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။- ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊