YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:32-34

တမန်တော် 4:32-34 Judson Bible (JBMLE)

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။- သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။- ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊

တမန်တော် 4:32-35 Common Language Bible (BCL)

ယုံ​ကြည်​သူ​တို့​သည်​တစ်​စိတ်​တစ်​ဝမ်း​တည်း​ဖြစ်​ကြ သ​ဖြင့် မည်​သူ​မျှ​မိ​မိ​၏​ဥစ္စာ​ပစ္စည်း​များ​ကို​မိ​မိ​ပိုင် သည်​ဟု​မ​ဆို​ဘဲ၊ ခပ်​သိမ်း​သော​ဥစ္စာ​ပစ္စည်း​တို့​ကို အ​များ​ပိုင်​ဘုံ​ပစ္စည်း​အ​ဖြစ်​သာ​လျှင်​ထား​ရှိ ကြ​၏။- တ​မန်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ရှင်​ပြန် ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တန်​ခိုး ကြီး​စွာ​ဖြင့်​သက်​သေ​ခံ​ကြ​၏။ ဘု​ရား​သ​ခင် သည်​သူ​တို့​အား​လုံး​အ​ပေါ်​သို့​ကောင်း​ချီး မင်္ဂ​လာ​ကြွယ်​ဝ​စွာ​သွန်း​လောင်း​တော်​မူ​၏။- လယ်​ကို​ဖြစ်​စေ၊ အိမ်​ကို​ဖြစ်​စေ​ပိုင်​ဆိုင်​ကြ သူ​တို့​သည် မိ​မိ​တို့​ပစ္စည်း​များ​ကို​ရောင်း​ချ ၍ ရ​ရှိ​သော​ငွေ​များ​ကို​ယူ​လာ​ကာ​တ​မန် တော်​တို့​အား​ပေး​အပ်​ကြ​၏။ ထို​နောက်​တ​မန် တော်​တို့​သည်​လူ​တိုင်း​တို့​အား သူ​တို့​၏​ချို့​တဲ့ မှု​ပ​မာ​ဏ​ကို​လိုက်​၍​ဝေ​ပေး​ကြ​၏။ သို့​ဖြစ် ၍​ထို​လူ​စု​အ​ထဲ​တွင်​ချို့​တဲ့​သူ​ဟူ​၍​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ။

တမန်တော် 4:32-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယုံကြည်​သူ​တို့​၏​အစုအဝေး​သည် တစ်စိတ်​တစ်သဘောတည်း​ရှိ​ကြ​၍ မည်သူ​တစ်ဦးတစ်ယောက်​က​မျှ မိမိ​ဥစ္စာ​ပစ္စည်း​များ​ကို မိမိ​ပိုင်ဆိုင်​သည်​ဟု​မ​ဆို​ဘဲ ရှိသမျှ​သော​အရာ​တို့​ကို စုပေါင်း​ပိုင်ဆိုင်​သော​အရာ​အဖြစ်​ထား​ကြ​၏။ တမန်တော်​တို့​သည် သခင်​ယေရှု​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြီးစွာ​သော​တန်ခိုး​ဖြင့် သက်သေခံ​ကြ​၍ ကြီးမား​သော​ကျေးဇူး​တော်​သည် သူ​တို့​အားလုံး​အပေါ်သို့ သက်ရောက်​လေ​၏။ သူ​တို့​ထဲတွင် ဆင်းရဲ​ချို့တဲ့​သူ​တစ်ယောက်မျှ​မ​ရှိ​ပေ။ အကြောင်းမူကား မြေကွက်​၊ သို့မဟုတ် အိမ်ရာ​တို့​ကို ပိုင်ဆိုင်​သော​သူ​ရှိ​သမျှ​တို့​သည် ၎င်း​တို့​ကို​ရောင်း​ပြီးလျှင် ရရှိ​သော​ငွေ​များ​ကို ယူဆောင်​လာ​ကာ