YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 28:11-31

တမန်တော် 28:11-31 JBMLE

သုံး​လ​လွန်​လျှင်၊ နတ်​သား​အ​မြွှာ​တို့၏ ရုပ်​တု​ပါ​သော ထို​ကျွန်း၌ ဆောင်း​ကာ​လ​ပတ်​လုံး​နေ​ခဲ့​ဖူး​သော အာ​လေ​ဇ​န္ဒြိ​သင်္ဘော​ကို ငါ​တို့​သည် စီး​ပြန်၍၊- သု​ရ​ကုတ်​မြို့​သို့​ဆိုက်​လျှင် သုံး​ရက်​နေ​ကြ၏။- ထို​မြို့​မှ​လွှင့်​ပြန်၍ ဝိုက်​သွား​သ​ဖြင့်၊ ရေ​ဂျုန်​မြို့ သို့​ရောက်၍ တစ်​ရက်​နေ​ပြီး​မှ တောင်​လေ​လာ​သော​ကြောင့်၊ နှစ်​ရက်​တွင်​ပေါ​တ​ယော​လိ​မြို့​သို့ ရောက်​ကြ၏။- ထို​မြို့၌ ညီ​အစ်​ကို​အ​ချို့​တို့​ကို​တွေ့၍ ခု​နစ်​ရက်​နေ​ကြ​ပါ​ဟု သူ​တို့​သည်​တောင်း​ပန်​သည်​အ​တိုင်း နေ​ပြီး​မှ၊ ရော​မ​မြို့​သို့ ခ​ရီး​သွား​ကြ၏။- ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။ ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။ သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။- ရော​မ​လူ​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော​ပြီး​မှ၊ သေ​ထိုက်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သ​ဖြင့် လွှတ်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- ထို​အ​လို​ကို ယု​ဒ​လူ​တို့​သည် ဆီး​တား​သော​အ​ခါ၊ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ခံ​ပါ​မည်​ဟု အ​ကျွန်ုပ်​ဆို​ရ၏။ ထို​သို့​ဆို​သော် အ​မျိုး​သား​ချင်း​တို့​ကို အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော​ကြောင့် ဆို​သည်​မ​ဟုတ်။ ထို​ကြောင့် သင်​တို့​ကို​မြင်၍ နှုတ်​ဆက်​ခြင်း​ငှာ အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ။- ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊- ထို​သူ​တို့​က၊ သင်၏​အ​ကြောင်း​ကို ကြား​လိုက်​သော​စာ​ကို ယု​ဒ​ပြည်​မှ အ​ကျွန်ုပ်​တို့​မ​ရ​ကြ။ ထို​ပြည်​မှ​လာ​သော ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ​မျှ သင်၌ အ​ပြစ်​ရှိ​ကြောင်း​ကို မ​ကြား​မ​ပြော​ပါ။- သို့​သော်​လည်း ဤ​ဘာ​သာ​သည် အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​အ​ပြစ်​တင်​ခြင်း​ကို​ခံ​ရ​သော ဘာ​သာ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​သည်​ဖြစ်၍ သင်၏​အ​ယူ​ဝါ​ဒ​ကို သင်​သည် ကိုယ်​တိုင်​ဖော်​ပြ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​ထောင်​သင့်​သည်​ထင်​ပါ၏​ဟု ဆို​ကြ​လျှင်၊- နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။ အ​ချို့​တို့​သည် ပေါ​လု၏​စ​ကား​ကို ယုံ​ကြ၏။ အ​ချို့​တို့​သည် မ​ယုံ​ဘဲ​နေ​ကြ၏။- ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊- သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား၍​ပြော​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင် သူ​တို့၏ စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏​ဟု ငါ​တို့​ဘိုး​ဘေး​များ​အား လျောက်​ပတ်​စွာ မိန့်​တော်​မူ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊- ပေါ​လု​ပြော​ဆို​ပြီး​မှ၊ ယု​ဒ​လူ​တို့​သည် သွား၍ အ​ချင်း​ချင်း​များ​စွာ​သော ဆွေး​နွေး​နှီး​နှော​ခြင်း ရှိ​ကြ၏။ ထို​နောက်​မှ ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​သော အိမ်၌​နေ​သ​ဖြင့်၊ မိ​မိ​ထံ​သို့​လာ​သော သူ​အ​ပေါင်း​တို့​ကို ဧည့်​ခံ၍၊- အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။