YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 28:11-31

တမန်တော် 28:11-31 Judson Bible (JBMLE)

သုံး​လ​လွန်​လျှင်၊ နတ်​သား​အ​မြွှာ​တို့၏ ရုပ်​တု​ပါ​သော ထို​ကျွန်း၌ ဆောင်း​ကာ​လ​ပတ်​လုံး​နေ​ခဲ့​ဖူး​သော အာ​လေ​ဇ​န္ဒြိ​သင်္ဘော​ကို ငါ​တို့​သည် စီး​ပြန်၍၊- သု​ရ​ကုတ်​မြို့​သို့​ဆိုက်​လျှင် သုံး​ရက်​နေ​ကြ၏။- ထို​မြို့​မှ​လွှင့်​ပြန်၍ ဝိုက်​သွား​သ​ဖြင့်၊ ရေ​ဂျုန်​မြို့ သို့​ရောက်၍ တစ်​ရက်​နေ​ပြီး​မှ တောင်​လေ​လာ​သော​ကြောင့်၊ နှစ်​ရက်​တွင်​ပေါ​တ​ယော​လိ​မြို့​သို့ ရောက်​ကြ၏။- ထို​မြို့၌ ညီ​အစ်​ကို​အ​ချို့​တို့​ကို​တွေ့၍ ခု​နစ်​ရက်​နေ​ကြ​ပါ​ဟု သူ​တို့​သည်​တောင်း​ပန်​သည်​အ​တိုင်း နေ​ပြီး​မှ၊ ရော​မ​မြို့​သို့ ခ​ရီး​သွား​ကြ၏။- ရော​မ​မြို့​သား​ညီ​အစ်​ကို​တို့​သည် ငါ​တို့​လာ​ကြောင်း​ကို ကြား​သိ​လျှင်၊ ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ အ​ချို့​တို့​သည် အ​ပ္ပိ​ဈေး​တိုင်​အောင်​လည်း​ကောင်း၊ အ​ချို့​တို့​သည် သုံး​ဇ​ရပ်​တိုင်​အောင်​လည်း​ကောင်း လာ​ကြ၏။ ပေါ​လု​သည် ထို​သူ​တို့​ကို မြင်​လျှင်၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း၍ စိတ်​သက်​သာ​ခြင်း​သို့ ရောက်​လေ၏။ ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ တပ်​မှူး​သည် အ​ကျဉ်း​ခံ​သော​သူ​တို့​ကို ကိုယ်​ရံ​တော်​မှူး၌ အပ်​လေ​သော်၊ ပေါ​လု​သည် မိ​မိ​ကို​စောင့်​သော စစ်​သူ​ရဲ​တစ်​ယောက်​နှင့်​အ​တူ မိ​မိ​အ​လို​အ​လျောက်​နေ​ရ​သော အ​ခွင့်​ကို​ရ၏။ သုံး​ရက်​လွန်​သော​အ​ခါ၊ ပေါ​လု​သည် ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​ကို ခေါ်၍​စု​ဝေး​စေ​ပြီး​လျှင်၊ ညီ​အစ်​ကို​တို့၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​မျိုး​ကို မ​ပြစ်​မှား၊ မိ​စဉ်​ဘ​ဆက် ကျင့်​သော​ထုံး​တမ်း​ကို မ​ပယ်​သော​သူ​ဖြစ်​လျက်​ပင်၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို အ​ကျဉ်း​ထား၍ ရော​မ​လူ​တို့​လက်​သို့ အပ်​လိုက်​ကြ၏။- ရော​မ​လူ​တို့​သည် အ​ကျွန်ုပ်​ကို​စစ်​ကြော​ပြီး​မှ၊ သေ​ထိုက်​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သ​ဖြင့် လွှတ်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။- ထို​အ​လို​ကို ယု​ဒ​လူ​တို့​သည် ဆီး​တား​သော​အ​ခါ၊ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ခံ​ပါ​မည်​ဟု အ​ကျွန်ုပ်​ဆို​ရ၏။ ထို​သို့​ဆို​သော် အ​မျိုး​သား​ချင်း​တို့​ကို အ​ပြစ်​တင်​စ​ရာ တစ်​စုံ​တစ်​ခု​ရှိ​သော​ကြောင့် ဆို​သည်​မ​ဟုတ်။ ထို​ကြောင့် သင်​တို့​ကို​မြင်၍ နှုတ်​ဆက်​ခြင်း​ငှာ အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ။- ဣ​သ​ရေ​လ​အ​မျိုး၏ မျှော်​လင့်​ရာ​အ​တွက်​ကြောင့်၊ အ​ကျွန်ုပ်​သည် ဤ​သံ​ကြိုး​နှင့် ချည်​နှောင်​ခြင်း​ကို ခံ​ရ​ပါ၏​ဟု ပြော​ဆို​လျှင်၊- ထို​သူ​တို့​က၊ သင်၏​အ​ကြောင်း​ကို ကြား​လိုက်​သော​စာ​ကို ယု​ဒ​ပြည်​မှ အ​ကျွန်ုပ်​တို့​မ​ရ​ကြ။ ထို​ပြည်​မှ​လာ​သော ညီ​အစ်​ကို​တို့​တွင် အ​ဘယ်​သူ​မျှ သင်၌ အ​ပြစ်​ရှိ​ကြောင်း​ကို မ​ကြား​မ​ပြော​ပါ။- သို့​သော်​လည်း ဤ​ဘာ​သာ​သည် အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​အ​ပြစ်​တင်​ခြင်း​ကို​ခံ​ရ​သော ဘာ​သာ​ဖြစ်​သည်​ကို အ​ကျွန်ုပ်​တို့​သိ​ကြ​သည်​ဖြစ်၍ သင်၏​အ​ယူ​ဝါ​ဒ​ကို သင်​သည် ကိုယ်​တိုင်​ဖော်​ပြ​သော​စ​ကား​ကို အ​ကျွန်ုပ်​တို့​သည် နား​ထောင်​သင့်​သည်​ထင်​ပါ၏​ဟု ဆို​ကြ​လျှင်၊- နေ့​ရက်​ကို​ချိန်း​ချက်၍ လူ​များ​တို့​သည် ပေါ​လု​တည်း​ခို​ရာ​အ​ရပ်​သို့ လာ​ကြ​သည်​ရှိ​သော်၊ ပေါ​လု​သည် ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို သက်​သေ​ခံ​သ​ဖြင့်​လည်း​ကောင်း၊ ထို​သူ​တို့​သည် ယေ​ရှု၏​အ​ကြောင်း​များ​ကို ယုံ​ကြည်​စေ​ခြင်း​ငှာ၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​နှင့် အ​နာ​ဂ​တ္တိ​ကျမ်း​တို့​ကို အ​မှီ​ပြု၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့်​လည်း​ကောင်း၊ နံ​နက်​အ​ချိန်​မှ​စ၍ ည​အ​ချိန်​တိုင်​အောင် ထုတ်​ဖော် ဟော​ပြော​လေ၏။ အ​ချို့​တို့​သည် ပေါ​လု၏​စ​ကား​ကို ယုံ​ကြ၏။ အ​ချို့​တို့​သည် မ​ယုံ​ဘဲ​နေ​ကြ၏။- ထို​သို့ အ​ချင်း​ချင်း​သ​ဘော​ကွဲ​ပြား၍ သွား​ကြ၏။ သွား​ကြ​စဉ်​တွင် ပေါ​လု​သည် စ​ကား​တစ်​ခွန်း​ကို ပြော​လိုက်​သည်​မှာ၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ပ​ရော​ဖက် ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​ချက်​ဟူ​မူ​ကား၊- သင်​တို့​သည် ကြား​လျက်​ပင် အ​နက်​ကို နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်​မည်။ မြင်​လျက်​ပင် အာ​ရုံ​မ​ပြု​ဘဲ မြင်​ကြ​လိမ့်​မည်​ဟု ထို​လူ​မျိုး​ရှိ​ရာ​သို့ သွား၍​ပြော​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ စိတ်​နှ​လုံး​မ​သိ၊ အ​ကျင့်​မ​ပြောင်း​လဲ သူ​တို့​အ​နာ​ရော​ဂါ​ကို ငါ​မ​ငြိမ်း​စေ​ရ​သည်​တိုင်​အောင် သူ​တို့၏ စိတ်​နှ​လုံး​သည် မိုက်​လျက်၊ နား​သည်​ထိုင်း​လျက်၊ ကိုယ်​မျက်​စိ​ကို​ပိတ်​လျက် ရှိ​ကြ၏​ဟု ငါ​တို့​ဘိုး​ဘေး​များ​အား လျောက်​ပတ်​စွာ မိန့်​တော်​မူ၏။- ထို​ကြောင့် ဘု​ရား​သ​ခင်၏ ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ပေး​လိုက်​သည်​ဖြစ်၍၊ သူ​တို့​သည်​နား​ထောင်​မည်​အ​ရာ​ကို သင်​တို့ သိ​မှတ်​ကြ​လော့​ဟု၊- ပေါ​လု​ပြော​ဆို​ပြီး​မှ၊ ယု​ဒ​လူ​တို့​သည် သွား၍ အ​ချင်း​ချင်း​များ​စွာ​သော ဆွေး​နွေး​နှီး​နှော​ခြင်း ရှိ​ကြ၏။ ထို​နောက်​မှ ပေါ​လု​သည် နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား​သော အိမ်၌​နေ​သ​ဖြင့်၊ မိ​မိ​ထံ​သို့​လာ​သော သူ​အ​ပေါင်း​တို့​ကို ဧည့်​ခံ၍၊- အ​ဘယ်​သူ​မျှ​မ​မြစ်​တား​ဘဲ၊ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို အ​တည့်​အ​လင်း​ဟော​ပြော၍၊ သ​ခင်​ယေ​ရှု​ခ​ရစ်၏ အ​ကြောင်း​များ​ကို သွန်​သင်​ပြ​သ​လျက်​နေ၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​ထား​သော​တ​မန်​တော်​ဝ​တ္ထု​ပြီး၏။

တမန်တော် 28:11-31 Common Language Bible (BCL)

သုံး​လ​ကြာ​သော်​ကျွန်ုပ်​တို့​သည် ထို​ကျွန်း​တွင် ဆောင်း​ခို​နေ​ခဲ့​သည့်​သင်္ဘော​ဖြင့်​ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည်​အာ​လေ​ဇ​န္ဒြိ​မြို့​မှ​လာ​၍​နတ် အ​မြွှာ​ညီ​နောင်​ဟု​အ​မည်​တွင်​၏။- ကျွန်ုပ်​တို့​သည်​သု​ရ​ကုတ်​မြို့​တွင်​သင်္ဘော​ဆိုက် ကပ်​၍ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။- ထို​မြို့​မှ​ရွက်​လွှင့်​ပြန်​ရာ​ရေ​ဂျုန်​မြို့​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​တောင်​လေ​လာ​သ​ဖြင့် နှစ်​ရက်​ကြာ​သော်​ပေါ​တ​ယော​လိ​မြို့​သို့​ရောက် ကြ​၏။- ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။- ထို​ရော​မ​မြို့​ရှိ​ယုံ​ကြည်​သူ​များ​သည် ကျွန်ုပ် တို့​လာ​သည့်​အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့် အပ္ပိ​စျေး​သို့​တိုင်​အောင်​လည်း​ကောင်း၊ တည်း​ခို ရိပ်​သာ​သုံး​ဆောင်​သို့​တိုင်​အောင်​လည်း​ကောင်း လာ​ရောက်​ကြို​ဆို​ကြ​၏။ ပေါ​လု​သည်​ထို​သူ တို့​ကို​မြင်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၍​အား​တက်​လာ​၏။ ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။ နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။- ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။- သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​က​ကန့်​ကွက် ကြ​သော​ကြောင့် ငါ​သည်​မ​လွဲ​မ​ရှောင်​သာ​တော့ ဘဲ​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ရ​၏။ သို့​ပြု ရ​ခြင်း​မှာ​မိ​မိ​၏​အ​မျိုး​သား​တို့​အား​စွပ် စွဲ​ပြော​ဆို​ရန်​အ​ကြောင်း​ရှိ​၍​မ​ဟုတ်။- သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။ ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။- သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။ ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။ လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။- ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။ `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။ သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လူ​မျိုး​၏ စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊ သူ​တို့​၏​နား​များ​သည်​လေး​လျက်​သူ​တို့​၏ မျက်​စိ​များ​သည်​ပိတ်​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။ အ​ကယ်​၍​သာ​ဤ​သို့​မ​ဖြစ်​ဘဲ​သူ​တို့​၏ မျက်​စိ​များ​သည်​မြင်​နိုင်​လျက်၊ နား​များ​သည်​ကြား​နိုင်​လျက်​စိတ်​နှ​လုံး​များ​သည် သိ​နား​လည်​ကြ​ပါ​မူ၊ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​ကြ​မည် ဖြစ်​၍ ငါ​သည်​လည်း​သူ​တို့​အား​ကျန်း​မာ​စေ​တော် မူ​မည်' '' ဟု​ဆို​လေ​သည်။ နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။ (ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။) ပေါ​လု​သည်​ထို​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား ရမ်း​ထား​သည့်​အိမ်​တွင်​နေ​၏။ မိ​မိ​ထံ​လာ​ရောက် ကြ​သူ​အ​ပေါင်း​တို့​အား​ကြို​ဆို​ဧည့်​ခံ​လျက်၊- ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော ပြော​၍ သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​တော်​ကို အ​ဆီး​အ​တား​မ​ရှိ​ဘဲ​ရဲ​ရင့်​စွာ​ဟော​ပြော သွန်​သင်​လျက်​နေ​၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​သား​သော​တ​မန်​တော် ဝတ္ထု​ပြီး​၏။

တမန်တော် 28:11-31 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သုံး​လ​ကြာ​ပြီးနောက် ထို​ကျွန်း​ပေါ်တွင် ဆောင်းခို​နေ​သည့် နတ်​အမွှာ​ညီနောင်​ရုပ်​ပါ​အလက်ဇန္ဒြိယ​သင်္ဘော​ဖြင့် ငါ​တို့​သည် ရွက်လွှင့်​ကြ​၏။ ထို့နောက် သရကုတ်​မြို့​၌​ဆိုက်ကပ်​လျက် သုံး​ရက်​နေ​ပြီးမှ တစ်ဖန် ရွက်လွှင့်​ပြန်​ရာ ရေဂျုန်​မြို့​သို့​ရောက်​ကြ​၏။ နောက်​တစ်​နေ့​တွင် တောင်​လေ​တိုက်​လာ​သဖြင့် ဒုတိယ​နေ့​၌ ပေါတယောလိ​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​တွင် ညီအစ်ကို​တို့​ကို​တွေ့ရှိ​လျှင် သူ​တို့​သည် ငါ​တို့​ကို ခုနစ်​ရက်​ခန့်​နေထိုင်​ရန် ဖိတ်ခေါ်​ကြ​၏။ ဤသို့ဖြင့် ငါ​တို့​သည် ရောမ​မြို့​သို့​ရောက်လာ​ကြ​၏။ ငါ​တို့​အကြောင်း​ကို​ကြား​သော ညီအစ်ကို​တို့​သည် ငါ​တို့​နှင့်​တွေ့ဆုံ​ရန် ရောမ​မြို့​မှ အပ္ပိ​အရပ်​နှင့် ဧည့်ရိပ်သာ​သုံး​ဆောင်​ဟု​ခေါ်​သော​အရပ်​တိုင်အောင် လာ​ကြ​၏။ ပေါလု​သည် ထို​သူ​တို့​ကို​မြင်​လျှင် ဘုရားသခင်​ကို​ကျေးဇူးတင်​လျက် အားတက်​လာ​လေ​၏။ ရောမ​မြို့​သို့​ဝင်​ကြ​သောအခါ ပေါလု​သည် သူ့​ကို​စောင့်ကြပ်​သည့် စစ်သား​နှင့်အတူ သီးသန့်​နေ​ခွင့်​ကို​ရ​လေ​၏။ သုံး​ရက်​လွန်​သောအခါ ပေါလု​သည် ဂျူး​လူမျိုး​တို့​၏​ခေါင်းဆောင်​များ​ကို​ဖိတ်ခေါ်​၍ စုဝေး​စေ​၏။ သူ​တို့​စုဝေး​လာ​ကြ​သောအခါ ပေါလု​က “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် မိမိ​လူမျိုး​ကို​လည်းကောင်း၊ ဘိုးဘေး​တို့​၏​ဓလေ့​ထုံးစံ​များ​ကို​လည်းကောင်း ဆန့်ကျင်​သော​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​ပြု​ခဲ့​သော်လည်း ဂျေရုဆလင်​မြို့​တွင် အကျဉ်းသား​အဖြစ် ရောမ​လူမျိုး​တို့​လက်​သို့ အပ်နှံ​ခြင်း​ခံ​ခဲ့​ရ​သည်။ ရောမ​လူမျိုး​တို့​သည် အကျွန်ုပ်​ကို​စစ်ဆေး​ကြ​ရာ အကျွန်ုပ်​၌ သေ​ထိုက်​သော​ပြစ်မှု​မ​တွေ့​သောကြောင့် အကျွန်ုပ်​ကို​ပြန်လွှတ်​လို​ကြ​သည်။ သို့ရာတွင် ဂျူး​လူမျိုး​တို့​က ကန့်ကွက်​ကြ​သဖြင့် အကျွန်ုပ်​သည် မလွဲသာ​၍ ဆီဇာ​ဧကရာဇ်​ထံ အယူခံဝင်​ရ​သည်။ အကျွန်ုပ်​၏​လူမျိုး​ကို​စွပ်စွဲ​ရန် အကြောင်း​တစ်စုံတစ်ရာ​ရှိ​၍​မ​ဟုတ်​ပါ။ ဤ​အကြောင်း​ကြောင့် အကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ စကား​ပြော​ရန် သင်​တို့​ကို​ဖိတ်ခေါ်​ခြင်း​ဖြစ်​သည်။ အမှန်စင်စစ် အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​မျှော်လင့်​ခြင်း​အကြောင်း​ကြောင့် ဤ​သံကြိုး​ဖြင့် ချည်နှောင်​ထား​ခြင်း​ခံရ​သည်”​ဟု ဆို​လေ​၏။ ထိုအခါ သူ​တို့​က “ငါ​တို့​သည် ယုဒ​ပြည်​မှ သင့်​အကြောင်း​ရေး​ပို့​သော​စာ​များ​ကို မ​ရရှိ​ခဲ့​ကြ​ပါ။ ထို​ပြည်​မှ​ရောက်လာ​သော ညီအစ်ကို​တို့​တွင်​လည်း သင်​နှင့်​ပတ်သက်​သည့် မကောင်း​သော​အရာ​တစ်စုံတစ်ခု​ကို သတင်းပို့​သော​သူ​၊ သို့မဟုတ် ပြောဆို​သော​သူ​တစ်ယောက်​မျှ​မ​ရှိ​ပါ။ သို့သော် ဤ​ဂိုဏ်း​နှင့်​ပတ်သက်၍ အရပ်ရပ်​တို့​၌ ဆန့်ကျင်​ပြောဆို​နေ​ကြောင်း ငါ​တို့​သိ​ထား​သည်​ဖြစ်၍ သင်​မည်သို့​စိတ်သဘော​ရှိ​သည်​ကို သင့်​ထံမှ ငါ​တို့​ကြား​လို​သည်”​ဟု ဆို​ကြ​၏။ ထို့နောက် သူ​တို့​သည် ပေါလု​နှင့် ရက်​ကို​ချိန်းချက်​ပြီးမှ ပို၍​များစွာ​သော​သူ​တို့​နှင့်တကွ သူ​တည်းခို​ရာ​အရပ်​သို့ ရောက်လာ​ကြ​၏။ ပေါလု​သည် နံနက်​စောစော​အချိန်​မှစ၍ ညနေ​အချိန်​တိုင်အောင် ထို​သူ​တို့​အား ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို​ရှင်းပြ​လျက် သက်သေခံ​ကာ မောရှေ​၏​ပညတ်​တရား​ကျမ်း​နှင့် ပရောဖက်​ကျမ်း​များ​ကို​ကိုးကား​၍ ယေရှု​အကြောင်း​ကို သူ​တို့​အား​ပြောပြ​စည်းရုံး​လေ​၏။ အချို့​တို့​သည် သူ​ဟောပြော​သော​အရာ​များ​ကို လက်ခံ​ကြ​သော်လည်း အချို့​တို့​သည် မ​ယုံကြည်​ကြ​ချေ။ ထိုအခါ အချင်းချင်း​ကြား​၌ သဘောထား​ကွဲလွဲ​သဖြင့် ပြန်သွား​ကြ​စဉ်တွင် ပေါလု​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပရောဖက်​ဟေရှာယ​အားဖြင့် သင်​တို့​ဘိုးဘေး​တို့​အား လျောက်ပတ်​စွာ​ဟောပြော​ခဲ့​သည်​ကား ‘သင်​တို့​သည် ကြား​သောအခါ လုံးဝ​နား​မ​လည်​ဘဲ ကြား​ကြ​လိမ့်မည်။ မြင်​သောအခါ​လည်း လုံးဝ​သတိ​မ​မူ​ဘဲ မြင်​ကြ​လိမ့်မည်​ဟု ဤ​လူမျိုး​ထံသို့​သွား​၍ ပြောကြား​လော့။ အကြောင်းမူကား ဤ​လူ​တို့​၏​စိတ်နှလုံး​သည်​ထုံထိုင်း​လျက်​၊ နား​သည်​လည်း​လေး​လျက်​၊ မျက်စိ​သည်​လည်း​ပိတ်​လျက်​ရှိ​ကြ​၏။ သို့မဟုတ်​လျှင် သူ​တို့​သည် မျက်စိ​ဖြင့်​မြင်​လျက်​၊ နား​ဖြင့်​ကြား​လျက်​၊ စိတ်နှလုံး​ဖြင့်​နားလည်​ကာ ပြောင်းလဲ​ကြ​သဖြင့် ငါ​သည် သူ​တို့​ကို​ကျန်းမာ​စေ​ရ​မည်’​ဟု မိန့်​တော်မူ​၏။ ထို့ကြောင့် ဘုရားသခင်​၏ ဤ​ကယ်တင်​ခြင်း​တရား​သည် လူမျိုးခြား​တို့​ထံ စေလွှတ်​ခြင်း​ခံရ​၍ သူ​တို့​သည် နားထောင်​ကြ​မည်​ဖြစ်ကြောင်း သင်​တို့​သိမှတ်​ကြ​လော့”​ဟူသော​စကား​တစ်​ခွန်း​ကို ပြော​လိုက်​လေ​၏။ [ဤ​စကား​ကို ပေါလု​ပြော​လိုက်​သောအခါ ဂျူး​လူမျိုး​တို့​သည် အချင်းချင်း​ပြင်းထန်​စွာ​ငြင်းခုံ​လျက် ပြန်​သွား​ကြ​၏။] ထို့နောက် ပေါလု​သည် နှစ်​နှစ်​ပတ်လုံး မိမိ​ငှားရမ်း​ထား​သည့်​အိမ်​၌​နေ​၍ မိမိ​ထံသို့​လာ​သော​သူ​အပေါင်း​တို့​ကို ကြိုဆို​လျက် မည်သည့်​အတား​အဆီး​မျှ​မ​ရှိ​ဘဲ ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ရဲရင့်​ခြင်း​အပြည့်အဝ​ဖြင့် ဟောပြော​ကာ သခင်​ယေရှု​ခရစ်တော်​၏​အကြောင်း​များ​ကို သွန်သင်​လေ​၏။