YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 25:1-12

တမန်တော် 25:1-12 JBMLE

ဖေ​တ္တု​မင်း​သည် ထို​ပြည်​သို့​ရောက်၍ သုံး​ရက်​ရှိ​သော​အ​ခါ၊ ကဲ​သ​ရိ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၏။- ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ ယု​ဒ​လူ အ​ကြီး​အ​ကဲ​တို့​သည်၊- ပေါ​လု​ကို သတ်​ခြင်း​ငှာ လမ်း​နား၌ ချောင်း၍ နေ​မည်​ဟု​အ​ကြံ​ရှိ​သည်​နှင့်၊ ပေါ​လု၏​အ​ကြောင်း​ကို ကြား​လျှောက်​တောင်း​ပန်၍၊ သူ့​ကို ယေ​ရု​ရှ​လင်​မြို့​သို့ စေ​လွှတ်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ကြ၏။- ဖေ​တ္တု​မင်း​က​လည်း၊ ပေါ​လု​သည် ကဲ​သ​ရိ​မြို့၌ အ​ချုပ်​ခံ​လျက်​နေ​ရ၏။ ထို​မြို့​သို့​များ​မ​ကြာ ငါ့​ကိုယ်​တိုင် သွား​မည်။- သင်​တို့​သည် တတ်​နိုင်​သော​သူ​တို့​သည် ငါ​နှင့် အ​တူ​လိုက်၍၊ ထို​သူ၌​အ​ပြစ်​ရှိ​လျှင် အ​ပြစ်​တင်​ကြ​စေ​ဟု ပြော​ဆို၏။ ထို​နောက် ဆယ်​ရက်​လောက်​နေ​ပြီး​မှ ကဲ​သ​ရိ​မြို့​သို့ သွား၍၊ နက်​ဖြန်​နေ့၌​တ​ရား​ပ​လ္လင်​ပေါ်​မှာ ထိုင်​လျက်၊ ပေါ​လု​ကို​ခေါ်​ချေ​ဟု အ​မိန့်​ရှိ၏။ ပေါ​လု​ရောက်​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဝန်း​ရံ​လျက်၊ သက်​သေ​မ​ပြ​နိုင်​ဘဲ လေး​စွာ​သော​အ​ပြစ်​များ​တို့​ကို ပေါ​လု​အ​ပေါ်၌​တင်​ကြ၏။- ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​တ​ရား​ကို မ​ပြစ်​မှား​ပါ။ ဗိ​မာန်​တော်​ကို မ​ပြစ်​မှား​ပါ။ ကဲ​သာ​ဘု​ရင်​ကို မ​ပြစ်​မှား​ပါ​ဟူ၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို ပြော​လေ၏။- သို့​သော်​လည်း၊ ဖေ​တ္တု​မင်း​က၊ သင်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊ ငါ့​ရှေ့​မှာ ဤ​အ​မှု​စီ​ရင်​ခြင်း​ကို ခံ​မည်​လော​ဟု ယု​ဒ​လူ​တို့​ကို ကျေး​ဇူး​ပြု​လို​သော စိတ်​ရှိ​လျက် ပေါ​လု​အား​မေး၏။- ပေါ​လု​က​လည်း၊ ကဲ​သာ​ဘု​ရင်၏ တ​ရား​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​ရပ်​ပါ၏။ ထို​ပ​လ္လင်​ရှေ့​မှာ အ​ကျွန်ုပ်​အ​မှု​ကို စီ​ရင်​အပ်​ပါ၏။ ကိုယ်​တော်​သည် အ​မှန်​သိ​တော်​မူ​သည်​အ​တိုင်း၊ အ​ကျွန်ုပ်​သည် ယု​ဒ​လူ​တို့​ကို အ​လျှင်း​မ​ပြစ်​မှား​ပါ။- အ​ကျွန်ုပ်​ပြစ်​မှား၍ သေ​ထိုက်​သော​အ​ပြစ်​ကို ပြု​မိ​သည်​မှန်​လျှင်၊ သေ​ဘေး​ကို အ​ကျွန်ုပ်​မ​ရှောင်​ပါ။ ထို​သူ​တို့​တင်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​မျှ မ​မှန်​လျှင်၊ သူ​တို့​လက်​သို့ အ​ကျွန်ုပ်​ကို အ​ဘယ်​သူ​မျှ မ​စွန့်​မ​အပ်​ရ​ပါ။ ကဲ​သာ​ဘု​ရင်၏ အ​ယူ​တော်​ကို​ခံ​ပါ​မည်​ဟု လျှောက်​ဆို၏။- ထို​အ​ခါ ဖေ​တ္တု​မင်း​သည် တိုင်​ပင်​ဘက်​တို့​နှင့် တိုင်​ပင်​ပြီး​လျှင်၊ သင်​သည် ကဲ​သာ​ဘု​ရင်၏​အ​ယူ​တော်​ကို ခံ​ပါ​မည်​ဟု​ဆို​သ​လော။ ကဲ​သာ​ဘု​ရင်​ထံ​တော်​သို့ သွား​ရ​မည်​ဟု​ဆို၏။