YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 24

24
ပေါ​လု​အား​စွပ်​စွဲ​ကြ​ခြင်း
1ထို​နောက် ငါး​ရက်​လွန်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​မင်း အာ​န​နိ​သည် တေ​ရ​တု​လု​အ​မည်​ရှိ​သော ရှေ့​နေ​မှ​စ၍၊ လူ​အ​ကြီး​အ​ကဲ​တို့​နှင့်​တ​ကွ ကဲ​သ​ရိ​မြို့​သို့ သွား​ကြ​သ​ဖြင့်၊ ပေါ​လု၏​အ​ကြောင်း​ကို မြို့​ဝန်​မင်း​ထံ၌ လျှောက်​ထား​ကြ၏။- 2ပေါ​လု​ကို​ခေါ်​ပြီး​မှ၊ တေ​ရ​တု​လု​သည် အ​ပြစ်​တင်​သော စ​ကား​ကို​လျှောက်​ဆို​သည်​မှာ၊ မြတ်​တော်​မူ​သော​ဖေ​လဇ်​မင်း၊ အ​ကျွန်ုပ်​တို့​သည် ဘုန်း​တော်​ကို ခို​လှုံ၍ အ​လွန်​ငြိမ်​သက်​စွာ နေ​ရ​သ​ဖြင့်၊ ကိုယ်​တော် ကြည့်​ရှု​ပြု​စု​တော်​မူ​ခြင်း ကျေး​ဇူး​တော်​ကို ဤ​လူ​မျိုး​သည် ခံ​ရ​ပါ​သည်​ဖြစ်၍၊- 3အ​ရပ်​ရပ်​တို့၌ အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ်​ကျေး​ဇူး​တော်​ကို အ​လွန်​သိ​တတ်​သော စိတ်​နှင့်​ခံ​ရ​ပါ၏။- 4အ​ကျွန်ုပ်​သည် ကိုယ်​တော်​ကို​ကြာ​မြင့်​စွာ နှောင့်​ယှက်​ခြင်း​အ​ပြစ်​နှင့်​လွတ်​ခြင်း​ငှာ၊ အ​ကျဉ်း​အား​ဖြင့် လျှောက်​သော​စ​ကား​ကို ဖြည်း​ညင်း​သော​စိတ်​တော်​နှင့် နား​ထောင်​တော်​မူ​မည်​အ​ကြောင်း အ​သ​နား​တော်​ခံ​ပါ၏။- 5နာ​ဇ​ရက်​ဘာ​သာ​ဝင်​သူ​တို့​တွင် အ​ကြီး​လုပ်၍ အ​ရပ်​ရပ်​တို့၌ ယု​ဒ​လူ​အ​ပေါင်း​တို့​ကို ထ​စေ​ခြင်း​ငှာ နှိုး​ဆော်​သော ဤ​လူ​ဆိုး​ကို အ​ကျွန်ုပ်​တို့​သည် တွေ့​ကြ​ပါ​ပြီ။- 6သူ​သည် ဗိ​မာန်​တော်​ကို ရှုတ်​ချ​ခြင်း​ငှာ​ပြု​ပါ​ပြီ။ အ​ကျွန်ုပ်​တို့​သည် သူ့​ကို​ဖမ်း​ဆီး၍၊ အ​ကျွန်ုပ်​တို့ တ​ရား​အ​တိုင်း​စီ​ရင်​ခြင်း​ငှာ အ​လို​ရှိ​ကြ​သည်​တွင်၊- 7စစ်​သူ​ကြီး​လု​သိ​သည် စစ်​သူ​ရဲ​များ​နှင့်​လာ၍ အ​ကျွန်ုပ်​တို့ လက်​မှ​နုတ်​ပြီး​လျှင်၊- 8အ​မှု​လုပ်​သော​သူ​တို့​ကို ကိုယ်​တော်​ထံ​သို့ သွား​စေ​မည်​အ​ကြောင်း စီ​ရင်​ပါ၏။ ဤ​သူ​ကို ကိုယ်​တော်​တိုင် စစ်​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အ​ပြစ်​တင်​သော အ​ကြောင်း​အ​ရာ​များ​ကို သေ​ချာ​စွာ သိ​နိုင်​တော်​မူ​မည်​ဟု လျှောက်​ထား၏။- 9ယု​ဒ​လူ​တို့​က​လည်း၊ ဤ​စ​ကား​မှန်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။
ဖေ​လဇ်​မင်း​ရှေ့​ပေါ​လု​ချေ​ပ​ချက်
10မြို့​ဝန်​မင်း​သည် အ​မှတ်​ပေး၍၊ ပေါ​လု​သည် လျှောက်​ရ​သော အ​ခွင့်​ကို​ရ​လျှင်၊ ကိုယ်​တော်​သည် ဤ​လူ​မျိုး​ကို တာ​ရှည်​စွာ​အုပ်​စိုး​တော်​မူ​သည်​ကို အ​ကျွန်ုပ်​သိ၍၊ သာ​ယာ​သော​စိတ်​နှင့် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို လျှောက်​ဝံ့​ပါ၏။- 11အ​ကျွန်ုပ်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့ တက်​သွား၍၊ ယ​ခု တစ်​ဆယ်​နှစ်​ရက်​သာ​ရှိ​သည်​ကို ကိုယ်​တော်​သိ​နိုင်​တော်​မူ၏။- 12ဗိ​မာန်​တော်၌ တစ်​စုံ​တစ်​ယောက်​သော​သူ​နှင့် အ​ကျွန်ုပ် ဆွေး​နွေး​ငြင်း​ခုံ​သည်​ကို သူ​တို့​မ​တွေ့​ကြ​ပါ။ တ​ရား​ဇ​ရပ်​တို့၌​လည်း​ကောင်း၊ မြို့​ထဲ၌​လည်း​ကောင်း၊ လူ​များ​ကို မ​ငြိမ်​မ​သက်​စေ​ခြင်း​ငှာ အ​ကျွန်ုပ်​နှိုး​ဆော်​သည်​ကို သူ​တို့​မ​တွေ့​ကြ​ပါ။- 13ယ​ခု​တွင် အ​ကျွန်ုပ်​ကို အ​ပြစ်​တင်​သော​အ​မှု၌ သက်​သေ​မ​ပြ​နိုင်​ကြ​ပါ။ 14သို့​သော်​လည်း ဒိ​ဌိ​အ​ယူ​ဟူ၍ သူ​တို့​ခေါ်​တတ်​သော ဘာ​သာ​အ​တိုင်း အ​ကျွန်ုပ်​သည် မိ​စဉ်​ဘ​ဆက်​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သည်​ဟု ရှေ့​တော်၌ အ​ကျွန်ုပ်​ဝန်​ခံ​ပါ၏။ ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​တို့၌ စီ​ရင်​ရေး​ထား​သ​မျှ​တို့​ကို အ​ကျွန်ုပ်​ယုံ​ပါ၏။- 15ဖြောင့်​မတ်​သော​သူ၊ မ​ဖြောင့်​မတ်​သော​သူ​ရှိ​သ​မျှ​တို့​သည် သေ​ခြင်း​မှ ထ​မြောက်​ကြ​လိမ့်​မည်​ဟူ၍၊ သူ​တို့​မျှော်​လင့်​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍ မျှော်​လင့်​ပါ၏။- 16ထို​ကြောင့်၊ ဘု​ရား​သ​ခင်​ကို​ပြစ်​မှား​ပြီ၊ လူ​တို့​ကို ပြစ်​မှား​ပြီ​ဟု ကိုယ်​စိတ်​နှ​လုံး​သည် ကိုယ်၌ အ​ပြစ်​တင်​ခွင့်​နှင့် အ​စဉ်​ကင်း​လွတ်​မည်​အ​ကြောင်း အ​ကျွန်ုပ်​သည် ကြိုး​စား​အား​ထုတ်​ပါ၏။
17နှစ်​ပေါင်း​များ​စွာ​လွန်​သော​အ​ခါ၊ အ​မျိုး​သား​ချင်း​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​ခြင်း​အ​မှု၊ ဘု​ရား​သ​ခင်​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​အ​မှု​နှင့် အ​ကျွန်ုပ်​ရောက်​လာ​သည်​တွင်၊- 18ဗိ​မာန်​တော်၌ လူ​အ​စု​အ​ဝေး​မ​ရှိ၊ ရုန်း​ရင်း​ခတ်​မျှ​မ​ပြု​ဘဲ၊ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်​ရှိ​သည်​ကို၊ အာ​ရှိ​ပြည်​က​လာ​သော ယု​ဒ​လူ အ​ချို့​တို့​သည် တွေ့​ကြ​ပါ၏။-#တ၊ ၂၁:၁၇-၂၈။ 19ထို​သူ​တို့​သည် အ​ကျွန်ုပ်၌​အ​ပြစ်​တင်​စ​ရာ​ရှိ​လျှင်၊ အ​ထံ​တော်​သို့​ကိုယ်​တိုင်​လာ၍ အ​ပြစ်​တင်​အပ်​ပါ၏။- 20သို့​မ​ဟုတ် အ​ကျွန်ုပ်​သည် လွှတ်​အ​ရာ​ရှိ​တို့​ရှေ့​မှာ ရှိ​သော​အ​ခါ၊ သေ​သော​သူ​တို့​သည် ထ​မြောက်​ခြင်း​အ​ကြောင်း​နှင့်၊- 21အ​ကျွန်ုပ်​သည် သင်​တို့​ရှေ့၌ ယ​နေ့​စစ်​ကြော​စီ​ရင်​ခြင်း​ကို ခံ​ရ၏​ဟု ကြွေး​ကြော်​သော စ​ကား​သံ​တစ်​ခွန်း​ကို​ထား​လျှင်၊ အ​ကျွန်ုပ်၌ အ​ဘယ်​အ​ပြစ်​ကို တွေ့​ကြ​သည်​ကို ယ​ခု​ရှိ​သော ဤ​သူ​တို့​သည် ပြော​ကြ​ပါ​စေ​ဟု ပေါ​လု လျှောက်၏။
22ဖေ​လဇ်​မင်း​က​လည်း၊ စစ်​သူ​ကြီး​လု​သိ ရောက်​လာ​သော​အ​ခါ၊ သင်​တို့​အ​မှု​ကို ငါ​စစ်​ဦး​မည်​ဟု ထို​ဘာ​သာ​ကို​သာ၍ နား​လည်​သော​သူ​ဖြစ်​လျက်၊ မ​စီ​ရင်​ဘဲ သူ​တို့​ကို လွှတ်​လိုက်၏။- 23ပေါ​လု​ကို အ​ကျဉ်း​မ​ထား​ဘဲ စောင့်၍​နေ​စေ။ သူ၏​အ​ဆွေ​အ​မျိုး​တို့​သည် သူ့​ထံ​သို့​လာ၍ လုပ်​ကျွေး​ကြ​စေ​ဟု တပ်​မှူး​ကို​မှာ​ထား၏။
ဖေ​လဇ်​နှင့်​ဒြု​သိ​လေ​တို့​ကိုပေါလုဟော​ပြော​ခြင်း
24ထို​နောက်​များ​မ​ကြာ၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​အ​မျိုး​ဖြစ်​သော မိ​မိ​ခင်​ပွန်း​ဒြု​သိ​လေ​နှင့်​တ​ကွ လာ​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ ခ​ရစ်​တော်​ကို ယုံ​ကြည်​ခြင်း​နှင့်​ယှဉ်​သော​စ​ကား​ကို နား​ထောင်​လေ၏။- 25ပေါ​လု​သည် ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း တ​ရား​ကို​လည်း​ကောင်း၊ နောက်​ဖြစ်​လ​တ္တံ့​သော စစ်​ကြော​စီ​ရင်​ခြင်း​ကို​လည်း​ကောင်း ဟော​ပြော​လျှင်၊ ဖေ​လဇ်​မင်း​သည် ကြောက်​လန့်​ခြင်း​သို့ ရောက်၍၊ ယ​ခု​သွား​ဦး​လော့။ နောက်​မှ​အ​ဆင်​သင့်​သော​အ​ခါ ငါ​ခေါ်​ဦး​မည်​ဟု ဆို၏။- 26ပေါ​လု​သည် မိ​မိ​လွတ်​ရ​အောင် ငွေ​ပေး​မည်​ဟု ထို​မင်း​သည်​ထင်​မှတ်​လျက်၊ မ​ကြာ​မ​ကြာ ပေါ​လု​ကို​ခေါ်၍ သူ​နှင့် စ​ကား​ပြော​လေ၏။- 27နှစ်​နှစ်​စေ့​သော​အ​ခါ ပေါ​ကိ​ဖေ​တ္တု​သည် ဖေ​လဇ်​မင်း၏​အ​ရာ​ကို ရ​သ​ဖြင့်၊ ဖေ​လဇ်​မင်း​သည် ယု​ဒ​လူ​တို့​အား ကျေး​ဇူး​ပြု​လို​သော​စိတ်​နှင့် ပေါ​လု​ကို အ​ကျဉ်း​ထား​ရစ်​စေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 24: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။