YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 22

22
1ညီ​အစ်​ကို၊ အ​ဘ​တို့၊ အ​ကျွန်ုပ်​သည် ကိုယ်​အ​ပြစ်​ဖြေ​ရာ စ​ကား​ကို သင်​တို့​ရှေ့​မှာ ယ​ခု​ပြော​စဉ်​တွင် နား​ထောင်​ကြ​ပါ​ဟု ဆို​လေ​သော်၊- 2ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် ပြော​သည်​ကို ထို​သူ​တို့​သည် ကြား​လျှင် သာ၍ အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ၏။
3ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ ဤ​မြို့​မှာ​လည်း၊ ဂါ​မ​လျေ​လ​အ​မည်​ရှိ​သော ဆ​ရာ၏​ခြေ​ရင်း၌ ကျွေး​မွေး​ခြင်း​ကို​ခံ၍ မိ​စဉ်​ဘ​ဆက်​ကျင့်​သော တ​ရား​ကို သေ​ချာ​စွာ​သိ​နား​လည်​ခြင်း​ငှာ နည်း​ဥ​ပ​ဒေ​သ​ကို​ခံ​ပါ​ပြီ။ သင်​တို့ ရှိ​သ​မျှ​သည် ယ​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်​ဘက်၌ စိတ်​အား​ကြီး​သည်​နည်း​တူ၊ အ​ကျွန်ုပ်​လည်း စိတ်​အား​ကြီး​သ​ဖြင့်၊-#တ၊ ၅:၃၄-၃၉။ 4ယောက်ျား​မိန်း​မ​တို့​ကို ချည်​နှောင်၍ ထောင်​ထဲ​မှာ လှောင်​ထား​လျက် အ​သေ​သတ်​ခြင်း​သို့ တိုင်​အောင်၊ ထို​ဘာ​သာ​ကို​ညှဉ်း​ဆဲ​ပါ​ပြီ။- 5ထို​ကဲ့​သို့​ပင် ယဇ်​ပု​ရော​ဟိတ်​မင်း​မှ​စ၍ လူ​အ​ကြီး​အ​ကဲ​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ဘက်​၌ သက်​သေ​ဖြစ်​ကြ​ပါ​၏။ သူ​တို့​ထံ​မှ​လည်း အ​ကျွန်ုပ်​သည် ညီ​အစ်​ကို​တို့​ထံ​သို့ မှာ​စာ​ကို​ခံ​ပြီး​မှ၊ ဒ​မာ​သက်​မြို့၌​ရှိ​သော ထို​ဘာ​သာ​ဝင်​သူ​တို့​ကို ဒဏ်​ခံ​စေ​ခြင်း​ငှာ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့​ပို့​မည်​ဟု ဒ​မာ​သက်​မြို့​သို့ အ​ကျွန်ုပ်​သွား​ပါ၏။#တ၊ ၈:၃၊ ၂၆း၉-၁၁။
ပြောင်း​လဲ​လာ​ပုံ​ကို​ပြော​ပြ​ခြင်း
(တ၊ ၉:၁-၁၉။ ၂၆:၁၂-၁၈)
6လမ်း၌​သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မွန်း​တည့်​အ​ချိန်​တွင် ကောင်း​ကင်​ထဲ​က ကြီး​သော​အ​လင်း​သည် အ​ကျွန်ုပ် ပတ်​လည်၌ ရုတ်​ခ​နဲ ထွန်း​တောက်​ပါ၏။- 7အ​ကျွန်ုပ်​သည် မြေ​ပေါ်​မှာ​လဲ၍ နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့်​ငါ့​ကို ညှဉ်း​ဆဲ​သ​နည်း​ဟု အ​ကျွန်ုပ်​အား ပြော​သော​စ​ကား​သံ​ကို​ကြား​လျှင်၊- 8သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု အ​ကျွန်ုပ်​ပြန်၍ မေး​လျှောက်​သော်၊ ငါ​ကား၊ သင်​ညှဥ်း​ဆဲ​သော နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​ဖြစ် သ​တည်း​ဟု မိန့်​တော်​မူ၏။- 9အ​ကျွန်ုပ်​နှင့်​ပါ​သော​သူ​တို့​သည် ထို​အ​လင်း​ကို​မြင်၍ ကြောက်​ရွံ့​ခြင်း​သို့​ရောက်​သော်​လည်း၊ အ​ကျွန်ုပ်​အား​ပြော​သော​သူ၏ စ​ကား​သံ​ကို မ​ကြား​မ​သိ​ရ​ကြ။- 10ထို​အ​ခါ အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ ပြု​ရ​ပါ​မည်​နည်း​ဟု လျှောက်​လျှင်၊ သ​ခင်​ဘု​ရား​က၊ ထ​လော့။ ဒ​မာ​သက်​မြို့​သို့​သွား​လော့။ သင်​ဆောင်​ရွက်​စ​ရာ​ဖို့ ခွဲ​ခန့်​စီ​မံ​သ​မျှ​တို့​ကို ထို​မြို့၌ ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- 11ထို​အ​လင်း၏​ရောင်​ခြည်​အ​ရှိန်​အား​ဖြင့် အ​ကျွန်ုပ်​သည် မျက်​စိ​ကန်း​သော​ကြောင့်၊ အ​ကျွန်ုပ်​နှင့် ပါ​သော​သူ​တို့၏ လက်​ဆွဲ​ခြင်း​ကို​ခံ​ရ၍ ဒ​မာ​သက်​မြို့​သို့ ရောက်​ပါ၏။
12ထို​အ​ခါ ပ​ညတ်​တ​ရား​နှင့်​အ​ညီ ဘု​ရား​ဝတ်၌​မွေ့​လျော်​သော​သူ​ဖြစ်၍၊ ထို​မြို့​မှာ​နေ​သော​ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ အာ​န​နိ​သည်၊- 13အ​ကျွန်ုပ်​ဆီ​သို့​လာ၍ အ​နား၌​ရပ်​လျက်၊ ညီ​ရှော​လု၊ တစ်​ဖန်​မျက်​စိ​မြင်​ခြင်း​သို့ ရောက်​လော့​ဟု​ဆို၏။ ထို​ခ​ဏ၌ အ​ကျွန်ုပ်​သည် သူ့​ကို​ကြည့်​ရှု၍​မြင်​ရ၏။- 14သူ​က​လည်း၊ သင်​သည်​မြင်​လေ​သ​မျှ၊ ကြား​လေ​သ​မျှ​တို့​ကို လူ​အ​ပေါင်း​တို့​အား​ပြော၍ သ​ခင်​ဘု​ရား၏ သက်​သေ​ခံ​ဖြစ်​ရ​မည် အ​ကြောင်း၊- 15သင်​သည် ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို သိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​တော်​မူ​သော​သူ​ကို​မြင်၍ နှုတ်​တော်​ထွက်​ကို ကြား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ငါ​တို့​ဘိုး​ဘေး​များ၏ ဘု​ရား​သ​ခင်​သည် သင့်​ကို ခန့်​ထား​တော်​မူ၏။- 16ယ​ခု​လည်း သင်​သည် အ​ဘယ်​ကြောင့် ဆိုင်း​လင့်၍ နေ​သ​နည်း။ ထ​လော့။ သ​ခင်​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​လျက် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ သင်၏​အ​ပြစ်​များ​ကို ဆေး​ကြော​လော့​ဟု ဆို​ပါ၏။
လူ​မျိုး​ခြား​တို့​ကို​ဟော​ပြော​ရန်
17ထို​နောက်​မှ အ​ကျွန်ုပ်​သည် ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်၍၊ ဗိ​မာန်​တော်၌ ဆု​တောင်း​စဉ် ဘ​ဝင်​ကျ​၍ 18သ​ခင်​ဘု​ရား​က၊ သင်​သည်​ကြိုး​စား၍ ယေ​ရု​ရှ​လင်​မြို့​မှ အ​လျင်​အ​မြန် ထွက်​သွား​လော့။ ငါ၏​အ​ကြောင်း​ကို သင်​သည်​ပြော၍ သက်​သေ​ခံ​သော စ​ကား​ကို ဤ​လူ​တို့​သည် မ​ခံ​ဘဲ​နေ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ​လျက်​ရှိ​သည်​ကို အ​ကျွန်ုပ်​မြင်​လေ၏။- 19အ​ကျွန်ုပ်​က​လည်း၊ သ​ခင်၊ ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​ကို အ​ကျွန်ုပ်​ထောင်​ထဲ၌ လှောင်​ထား၍၊ တ​ရား​ဇ​ရပ်​များ၌ ရိုက်​သည်​အ​ကြောင်း​ကို သူ​တို့​သိ​ကြ​ပါ၏။- 20ကိုယ်​တော်၏ သက်​သေ​ခံ​ဖြစ်​သော သ​တေ​ဖန်၏ အ​သွေး​ကို သွန်း​သော​အ​ခါ အ​ကျွန်ုပ်​သည် အ​နား၌​နေ​လျက်၊ ကွပ်​မျက်​ခြင်း​အ​မှု​ကို ဝန်​ခံ၍၊ ကွပ်​မျက်​သော သူ​တို့၏​အ​ဝတ်​ကို စောင့်​နေ​ပါ၏​ဟု၊-#တ၊ ၇:၅၈။ 21လျှောက်​ဆို​လျှင်၊ သ​ခင်​ဘု​ရား​က၊ သွား​လော့။ ငါ​သည်​တစ်​ပါး​အ​မျိုး​သား​တို့​ရှိ​ရာ​သို့ သင့်​ကို​ဝေး​လှ​စွာ စေ​လွှတ်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​သည်​ဟု ပေါ​လု မြွက်​ဆို၏။
22ထို​မျှ​တိုင်​အောင် ပေါ​လု၏​စ​ကား​ကို နား​ထောင်​ပြီး​လျှင်၊ ထို​သူ​တို့​သည်​အော်​ဟစ်၍၊ ထို​သို့​သော​သူ​ကို မြေ​ကြီး​ပြင်​မှ သုတ်​သင်​ပယ်​ရှင်း​လော့။ သူ​သည် အ​သက်​မ​ရှင်​သင့်​ဟု ဆို​ကြ၏။- 23ထို​သို့​အော်​ဟစ်​ခြင်း၊ ကိုယ်​အ​ဝတ်​ကို​ချွတ်​ခြင်း၊ မြေ​မှုန့်​ကို မိုး​ကောင်း​ကင်​သို့ ပစ်​လိုက်​ခြင်း​ကို ပြု​ကြ​စဉ်​တွင်၊- 24ပေါ​လု​ကို အ​ဘယ်​ကြောင့် ထို​သို့​အော်​ဟစ်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် သိ​လို၍၊ ပေါ​လု​ကို ရဲ​တိုက်​ထဲ​သို့​သွင်း​စေ။ ရိုက်၍ စစ်​ကြော​စေ​ဟု စီ​ရင်​လေ၏။- 25သား​ရေ​ကြိုး​နှင့် ဆွဲ​တင်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ရော​မ​လူ​ဖြစ်​သော​သူ​ကို ဓ​မ္မ​သတ်​အ​တိုင်း မ​စီ​ရင်​ဘဲ​လျက်၊ သင်​တို့​သည် ရိုက်​ရ​သ​လော​ဟု အ​နား၌​ရပ်​နေ​သော တပ်​မှူး​အား​ဆို၏။- 26တပ်​မှူး​သည်​ကြား​လျှင် စစ်​သူ​ကြီး​ထံ​သို့​သွား၍၊ အ​ဘယ်​သို့​ပြု​မည်​ကို သ​တိ​ထား​ပါ​လော့။ ဤ​သူ​သည် ရော​မ​လူ​ဖြစ်​ပါ​သည်​ဟု ကြား​လျှောက်၏။- 27စစ်​သူ​ကြီး​သည်​လည်း၊ ပေါ​လု​ထံ​သို့​လာ၍၊ သင်​သည်​ရော​မ​လူ​မှန်​သ​လော၊ ငါ့​အား ပြော​လော့​ဟု​ဆို​လျှင်၊ မှန်​ပါ​သည်​ဟု ပေါ​လုပြော​ဆို၏။- 28စစ်​သူ​ကြီး​က​လည်း၊ အ​ကျွန်ုပ်​သည် ငွေ​အ​များ​ကို​ပေး၍ ရော​မ​လူ၏ အ​ရိပ်​အ​ရာ​ကို​ရ​သည်​ဟု​ဆို​လျှင်၊ ပေါ​လု​က၊ အ​ကျွန်ုပ်​သည် ဇာ​တိ​အား​ဖြင့် ရ​ပါ​သည်​ဟု ဆို၏။- 29ထို​အ​ခါ စစ်​ကြော​မည်​ပြု​သော​သူ​တို့​သည် ပေါ​လု​ထံ​မှ​ချက်​ချင်း​သွား၍၊ သူ​သည်​ရော​မ​လူ ဖြစ်​သည်​ကို​လည်း​ကောင်း၊ ရော​မ​လူ​ကို ချည်​နှောင်​မိ​သည်​ကို​လည်း​ကောင်း၊ စစ်​သူ​ကြီး​သိ​လျှင် ကြောက်​ခြင်း​သို့​ရောက်​လေ၏။
လွှတ်​တော်​ရှေ့​ရောက်​ရှိ​ခြင်း
30နက်​ဖြန်​နေ့​တွင် အ​ဘယ်​အ​ပြစ်​ကို ယု​ဒ​လူ​တို့​သည် ပေါ​လု၌ တင်​ကြ​သည်​ကို စစ်​သူ​ကြီး​သည် အ​မှန်​သိ​လို​သော​ကြောင့်၊ ပေါ​လု၌ ချည်​နှောင်​သော​သံ​ကြိုး​ကို ချွတ်၍၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လွှတ်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို စည်း​ဝေး​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​လျှင်၊ ပေါ​လု​ကို​ခေါ်၍ သူ​တို့​ရှေ့၌​ထား​လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 22: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။