ပေါလုသည် ရဲတိုက်ထဲသို့ဝင်လုသောအခါ၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် စကားပြောရပါမည်လောဟု စစ်သူကြီးအားမေးလျှင် စစ်သူကြီးက သင်သည် ဟေလသစကားကို ပြောတတ်သလော။- သင်သည်အထက်ကပုန်ကန်၍ ဓားပြလေးထောင်တို့ကို တောသို့ခေါ်သွားသော အဲဂုတ္တုလူဖြစ်သည် မဟုတ်လောဟု မေး၏။- ပေါလုကလည်း၊ အကျွန်ုပ်သည် ကိလိကိပြည် တာရှုမြို့၌ မွေးဖွားသော ယုဒလူဖြစ်ပါ၏။ အကျွန်ုပ်နေသောမြို့ကား၊ သာမည မြို့မဟုတ်။ ဤသူတို့အား အကျွန်ုပ်ပြောရသော အခွင့်ကိုပေးပါ။ အကျွန်ုပ်ပန်ကြားပါသည်ဟု ဆို၏။- စစ်သူကြီးသည် အခွင့်ပေးသဖြင့်၊ ပေါလုသည် လှေကားပေါ်မှာရပ်၍ ထိုလူတို့အား မိမိလက်နှင့် အမှတ်ပေးလေ၏။ သူတို့သည် အလွန်တိတ်ဆိတ်စွာနေကြသောအခါ၊ ဟေဗြဲဘာသာအားဖြင့်မြွက်ဆိုလျက်၊
တမန်တော် 21 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 21
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 21:37-40
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ