YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 21:37-40

တမန်တော် 21:37-40 JBMLE

ပေါ​လု​သည် ရဲ​တိုက်​ထဲ​သို့​ဝင်​လု​သော​အ​ခါ၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် စ​ကား​ပြော​ရ​ပါ​မည်​လော​ဟု စစ်​သူ​ကြီး​အား​မေး​လျှင် စစ်​သူ​ကြီး​က သင်​သည် ဟေ​လ​သ​စ​ကား​ကို ပြော​တတ်​သ​လော။- သင်​သည်​အ​ထက်​က​ပုန်​ကန်၍ ဓား​ပြ​လေး​ထောင်​တို့​ကို တော​သို့​ခေါ်​သွား​သော အဲ​ဂု​တ္တု​လူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု မေး၏။- ပေါ​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ကိ​လိ​ကိ​ပြည် တာ​ရှု​မြို့၌ မွေး​ဖွား​သော ယု​ဒ​လူ​ဖြစ်​ပါ၏။ အ​ကျွန်ုပ်​နေ​သော​မြို့​ကား၊ သာ​မ​ည မြို့​မ​ဟုတ်။ ဤ​သူ​တို့​အား အ​ကျွန်ုပ်​ပြော​ရ​သော အ​ခွင့်​ကို​ပေး​ပါ။ အ​ကျွန်ုပ်​ပန်​ကြား​ပါ​သည်​ဟု ဆို၏။- စစ်​သူ​ကြီး​သည် အ​ခွင့်​ပေး​သ​ဖြင့်၊ ပေါ​လု​သည် လှေ​ကား​ပေါ်​မှာ​ရပ်၍ ထို​လူ​တို့​အား မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လေ၏။ သူ​တို့​သည် အ​လွန်​တိတ်​ဆိတ်​စွာ​နေ​ကြ​သော​အ​ခါ၊ ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့်​မြွက်​ဆို​လျက်၊