YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 21:1-14

တမန်တော် 21:1-14 JBMLE

ထို​သူ​များ​နှင့် ငါ​တို့​သည် ခွာ​သွား၍ သင်္ဘော​လွှင့်​မှ ကော​သ​ကျွန်း​သို့​တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ ရော​ဒု​ကျွန်း​သို့​လည်း​ကောင်း၊ ထို​ကျွန်း​မှ ပါ​တ​ရ​မြို့ သို့​လည်း​ကောင်း ရောက်​ကြ၏။- ဖိ​နိတ်​ပြည်​သို့​ကူး​သော သင်္ဘော​ကို​တွေ့​လျှင်၊ ထို​သင်္ဘော​ကို​စီး၍ လွှင့်​ပြန်၏။- ကု​ပ​ရု​ကျွန်း​ကို​မြင်​လျှင် လက်​ယာ​ဘက်၌ လျှောက်​သွား​သ​ဖြင့်၊ ရှု​ရိ​ပြည်​သို့​ကူး၍ တု​ရု​မြို့၌ ဆိုက်​လေ၏။ ထို​မြို့​မှာ သင်္ဘော၌​ပါ​သော ဝန်​ကို​ချ​ရ၏။- တ​ပည့်​တော်​တို့​ကို​တွေ့၍ ငါ​တို့​သည် ခု​နစ်​ရက်​နေ​ကြ၏။ ပေါ​လု​သည် ယေ​ရု​ရှ​လင်​မြို့​သို့ မ​တက်​ရ​မည် အ​ကြောင်း၊ ထို​တ​ပည့်​တော်​တို့​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ပြော​ကြ၏။- ခု​နစ်​ရက်​စေ့​သော​အ​ခါ တ​ပည့်​တော်​အ​ပေါင်း​တို့​သည် သား​မ​ယား​နှင့်​တ​ကွ မြို့​ပြင်​သို့ ငါ​တို့​ကို ပို့​လိုက်​ကြ၍ ငါ​တို့​သည်​ထွက်​သွား​ပြီး​လျှင်၊ ပင်​လယ်​ကမ်း​ပေါ်၌ ဒူး​ထောက်​လျက် ဆု​တောင်း​ကြ၏။- အ​ချင်း​ချင်း​နှုတ်​ဆက်​ပြီး​မှ ငါ​တို့​သည် သင်္ဘော​ပေါ်​သို့​တက်၍ သူ​တို့​သည် မိ​မိ​အိမ်​သို့​ပြန်​ကြ၏။ တု​ရု​မြို့​မှ ပ​တော​လင်​မြို့​သို့​ရောက်​လျှင်၊ ပင်​လယ်​ကူး​ခြင်း​နှင့် လွတ်​ကြ၏။ ပ​တော​လင်​မြို့၌ ညီ​အစ်​ကို​တို့​နှင့် နှုတ်​ဆက်၍ တစ်​ရက်​နေ​ပြီး​မှ၊- နက်​ဖြန်​နေ့၌ ထွက်​သွား​ပြန်၍ ကဲ​သ​ရိ​မြို့​သို့ ရောက်​လျှင်၊ ဆ​ရာ​ခု​နစ်​ပါး​အ​ဝင် သာ​သ​နာ​ပြု​ဆ​ရာ ဖိ​လိ​ပ္ပု၏ အိမ်​သို့​ဝင်၍​နေ​ကြ၏။- ထို​သူ၌ ပ​ရော​ဖက်​ပြု​သော သ​မီး​က​ညာ လေး​ယောက်​ရှိ၏။- ထို​အိမ်၌ တာ​ရှည်​စွာ​နေ​ကြ​ပြီး​မှ အာ​ဂ​ဗု​အ​မည်​ရှိ​သော ပ​ရော​ဖက်​တစ်​ယောက်​သည် ယု​ဒ​ပြည်​မှ​လာ၍၊- ငါ​တို့​ရှိ​ရာ​သို့​ဝင်​သ​ဖြင့်၊ ပေါ​လု၏​ခါး​ပန်း​ကို​ယူ၍ မိ​မိ​ခြေ​လက်​ကို​ချည်​နှောင်​ပြီး​လျှင်၊ ဤ​ခါး​ပန်း​ရှင်​ကို ယု​ဒ​လူ​တို့​သည် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်၍၊ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်​ဟု သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​မိန့်​တော်​မူ​သည်​ဟု ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ ငါ​တို့​နှင့် ထို​အ​ရပ်၌ ရှိ​သော​သူ​တို့​က၊ ယေ​ရု​ရှ​လင်​မြို့​သို့ မ​သွား​ပါ​နှင့်​ဟု ပေါ​လု​ကို​တောင်း​ပန်​ကြ၏။- ပေါ​လု​က​လည်း၊ အ​ဘယ်​ကြောင့် ငို​ကြွေး​လျက် ငါ့​စိတ်​နှ​လုံး​ကို ကြေ​ကွဲ​စေ​လျက် ပြု​ကြ​သ​နည်း။ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌ ချည်​နှောင်​ခြင်း​မ​က၊ အ​သေ​သတ်​ခြင်း​ကို​ပင်​ခံ​ခြင်း​ငှာ ငါ​အ​သင့်​ရှိ​သည်​ဟု​ဆို၏။- ထို​သို့​သွေး​ဆောင်​ခြင်း​သို့ မ​လိုက်​သော​အ​ခါ ငါ​တို့​သည် မ​သွေး​ဆောင်​ဘဲ​နေ၍၊ သ​ခင်​ဘု​ရား အ​လို​တော်​ရှိ​သည်​အ​တိုင်း ဖြစ်​ပါ​စေ​ဟု ဆို​ကြ၏။