YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 20:7-12

တမန်တော် 20:7-12 JBMLE

ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၌ မုန့်​ကို​ဖဲ့​ခြင်း​ငှာ စည်း​ဝေး​ကြ​သော​အ​ခါ၊ ပေါ​လု​သည် နက်​ဖြန်​နေ့၌ ထွက်​သွား​မည်​ဖြစ်၍၊ သန်း​ခေါင်​တိုင်​အောင် ဟော​ပြော​လျက် နေ​လေ၏။- စည်း​ဝေး​ရာ​အ​ထက်​ခန်း၌ မီး​ခွက်​များ​ရှိ၏။- ဥ​တု​ခု​အ​မည်​ရှိ​သော လု​လင်​တစ်​ယောက်​သည် ပြတင်း​ပေါက် နား​မှာ​ထိုင်၍ အိပ်​ပျော်​ကျူး​လွန်​လျက် နေ၏။ ပေါ​လု​သည် ကြာ​မြင့်​စွာ ဟော​ပြော​သည်​တွင်၊ ထို​သူ​သည် အိပ်​ပျော်​လျက် အိမ်​သုံး​ဆင့်​အ​ထက်​မှ အောက်​သို့​လျော့​ကျ၍ သေ​သည်​ကို သူ​တို့​သည် ချီ​ကြွ​ကြ၏။- ပေါ​လု​သည်​လည်း အောက်​သို့​ဆင်း၍ သူ၏​အ​ပေါ်​သို့ ကိုယ်​ကို​လှဲ​လျက် ဖက်​ယမ်း​ပြီး​မှ၊ အုတ်​အုတ်​သဲ​သဲ မ​ပြု​ကြ​နှင့်။ သူ​သည် အ​သက်​ရှိ၏​ဟု​ဆို၍ တက်​ပြန်​လေ၏။- မုန့်​ကို​ဖဲ့၍​စား​ကြ​သည်​နှင့် မိုး​လင်း​သည်​တိုင်​အောင် ကြာ​မြင့်​စွာ စ​ကား​ပြော​ပြီး​မှ ထွက်​သွား၏။- အ​သက်​ရှင်​လျက်​ရှိ​သော ထို​လု​လင်​ကို ဆောင်​ယူ​ခဲ့၍၊ အ​လွန်​သက်​သာ​ခြင်း ရှိ​ကြ၏။