YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 20:32-35

တမန်တော် 20:32-35 JBMLE

ညီ​အစ်​ကို​တို့၊ ယ​ခု​ငါ​သည်​သင်​တို့​ကို ဘု​ရား​သ​ခင်၌ အပ်​နှံ၏။ သင်​တို့​ကို တည်​ဆောက်​ခြင်း​ငှာ​လည်း​ကောင်း၊ သန့်​ရှင်း​သော​သူ​အ​ပေါင်း​တို့​နှင့် အ​တူ သင်​တို့​အား အ​မွေ​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ တတ်​နိုင်​သော​ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​တ​ရား၌​လည်း သင်​တို့​ကို​ငါ​အပ်​နှံ၏။- သူ့​ရွှေ​ငွေ အ​ဝတ်​တန်​ဆာ​တို့​ကို ငါ​သည်​တပ်​မက်​ခြင်း​မ​ရှိ​ပြီ။- ဤ​လက်​တို့​သည် ငါ့​ကို​လည်း​ကောင်း၊ ငါ့​အ​ပေါင်း​အ​ဖော်​တို့​ကို​လည်း​ကောင်း၊ လုပ်​ကျွေး​ပြီ​ဟု သင်​တို့​သည် ကိုယ်​တိုင်​သိ​ကြ၏။- ထို​သို့​သင်​တို့​သည်​လည်း အ​လုပ်​လုပ်၍ အား​နည်း​သော သူ​တို့​ကို မ​စ​ရ​မည်​ကို​လည်း​ကောင်း၊ အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အ​ရာ​ထက် စွန့်​ကြဲ​ခြင်း အ​ရာ​သည်​သာ၍ မင်္ဂ​လာ​ရှိ​သည်​ဟု သ​ခင်​ယေ​ရှု​မိန့်​တော်​မူ​သော စ​ကား​တော်​ကို အောက်​မေ့​ရ​မည်​ကို​လည်း​ကောင်း၊ အ​ရာ​ရာ၌ သင်​တို့​အား ငါ​ပြ​သ​ပြီ​ဟု၊