ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာလည်းကောင်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူ သင်တို့အား အမွေပေးခြင်းငှာလည်းကောင်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။- သူ့ရွှေငွေ အဝတ်တန်ဆာတို့ကို ငါသည်တပ်မက်ခြင်းမရှိပြီ။- ဤလက်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့အပေါင်းအဖော်တို့ကိုလည်းကောင်း၊ လုပ်ကျွေးပြီဟု သင်တို့သည် ကိုယ်တိုင်သိကြ၏။- ထိုသို့သင်တို့သည်လည်း အလုပ်လုပ်၍ အားနည်းသော သူတို့ကို မစရမည်ကိုလည်းကောင်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကိုလည်းကောင်း၊ အရာရာ၌ သင်တို့အား ငါပြသပြီဟု၊
တမန်တော် 20 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 20:32-35
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ