ထိုရုန်းရင်းခတ်သော အမှုငြိမ်းသောအခါ ပေါလုသည်၊ တပည့်တော်တို့ကိုခေါ်၍ နှုတ်ဆက်ပြီးမှ မာကေဒေါနိပြည်သို့ သွားလေ၏။- ထိုအရပ်များကိုလျှောက်သွား၍ တပည့်တော်တို့ကို စကားများနှင့် ဆုံးမပြီးမှ ဟေလသပြည်သို့ ရောက်လာ၏။- သုံးလနေပြီးလျှင် ပင်လယ်ကိုကူး၍ ရှုရိပြည်သို့ သွားမည်ပြုသော်၊ ယုဒလူတို့သည် မကောင်းသောအကြံကို ကြံသောကြောင့်၊ မာကေဒေါနိပြည်လမ်းဖြင့် ပြန်မည်ဟု အကြံရှိပြန်၏။- ပေါလုနှင့်အတူ အာရှိပြည်သို့ လိုက်သောသူ ဟူမူကား၊ ဗေရိမြို့သားဖြစ်သော ပုရု၏သား သောပတရု၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုနှင့် သေကုန္ဒု၊ ဒေရဗေမြို့သားဂါယု၊ လုတ္တရမြို့သား တိမောသေ၊ အာရှိပြည်သားတုခိတ်နှင့် တရောဖိမ်တည်း။- ဤသူတို့သည် ငါတို့အရင်သွား၍ တရောမြို့၌ ငံ့လင့်လျက် နေကြ၏။- အဇုမပွဲနေ့ရက်လွန်ပြီးမှ ငါတို့သည် ဖိလိပ္ပိမြို့မှ သင်္ဘောနှင့်လွှင့်၍ ငါးရက်အတွင်းတွင် သူတို့ရှိရာ တရောမြို့သို့ရောက်၍ ခုနစ်ရက် နေကြ၏။ ခုနစ်ရက်တွင် ပထမနေ့ရက်၌ မုန့်ကိုဖဲ့ခြင်းငှာ စည်းဝေးကြသောအခါ၊ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည်ဖြစ်၍၊ သန်းခေါင်တိုင်အောင် ဟောပြောလျက် နေလေ၏။- စည်းဝေးရာအထက်ခန်း၌ မီးခွက်များရှိ၏။- ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- ပေါလုသည်လည်း အောက်သို့ဆင်း၍ သူ၏အပေါ်သို့ ကိုယ်ကိုလှဲလျက် ဖက်ယမ်းပြီးမှ၊ အုတ်အုတ်သဲသဲ မပြုကြနှင့်။ သူသည် အသက်ရှိ၏ဟုဆို၍ တက်ပြန်လေ၏။- မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- အသက်ရှင်လျက်ရှိသော ထိုလုလင်ကို ဆောင်ယူခဲ့၍၊ အလွန်သက်သာခြင်း ရှိကြ၏။ ငါတို့သည် ပေါလုအရင် သင်္ဘောသို့သွား၍၊ အဿုမြို့၌ သူ့ကိုခံယူမည်အကြံနှင့် ထိုမြို့သို့ လွှင့်ကြ၏။ ပေါလုသည်ထိုမြို့သို့ ကုန်းကြောင်းသွားမည်အကြံရှိ၍ ထိုသို့စီရင်လေ၏။- အဿုမြို့၌ သူသည် ငါတို့နှင့်တွေ့မိလျှင်၊ သူ့ကိုခံယူ၍ မိတုလင်မြို့သို့သွားကြ၏။- ထိုမြို့မှလွှင့်ပြန်လျှင် နက်ဖြန်နေ့၌ ခိအုကျွန်းနားမှာ လျှောက်သွား၍ နောက်တစ်နေ့၌ သာမုကျွန်းသို့ ရောက်သဖြင့်၊ တရောဂုလိအငူစွန်း၌ နေကြ၏။ နောက်တစ်နေ့၌လည်း မိလက်မြို့သို့ရောက်ကြ၏။- ပေါလုသည် ပင်တေကုတ္တေပွဲနေ့မလွန်မီ ယေရုရှလင်မြို့သို့ ရောက်နိုင်လျှင်ရောက်ခြင်းငှာ ကြိုးစားသည်ဖြစ်၍ အာရှိပြည်၌ တာရှည်စွာမနေလိုသဖြင့် ဧဖက်မြို့မှာ မဆိုက်ဘဲ လွှင့်သွားမည်ဟု စိတ်ပြဋ္ဌာန်းလျက်ရှိနှင့်သတည်း။
တမန်တော် 20 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 20
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 20:1-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ