YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:9-41

တမန်တော် 2:9-41 JBMLE

ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊- ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊- က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေး​တော​သော​စိတ် ရှိ​သည်​နှင့်၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့​သော အ​မှု​အ​ရာ​ဖြစ်​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။- လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။ ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။- ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။- ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။- ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။- ထို​ကာ​လ၌​လည်း ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။- အ​ထက်​မိုး​ကောင်း​ကင်၌ အံ့​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌ သွေး၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ပု​ပ္ပ​နိ​မိတ်​တို့​ကို​လည်း​ကောင်း ငါ​ပြ​မည်။- ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။ ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊- ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။- ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။- ထို​သူ​ကို​အ​ကြောင်း​ပြု​လျက် ဒါ​ဝိဒ်​မင်း​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား ငါ့​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။- ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။- မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သော​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။- ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။- ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊- ခ​ရစ်​တော်၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ရည်​မှတ်​လျက်၊ ထို​ခ​ရစ်​တော်၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ အ​သား​သည်​လည်း ပုပ်​စပ်​ခြင်း​သို့​မ​ရောက်​ဟု အ​နာ​ဂ​တံ​သ​ဉာဏ်​နှင့် ဟော​လေ၏။- ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။- ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။- ဒါ​ဝိဒ်​သည် ကောင်း​ကင်​သို့​မ​တက်​သေး၊- သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ့​သ​ခင်​အား​မိန့်​တော်​မူ​သည်​ဟု ဒါ​ဝိဒ်​စ​ကား​ရှိ၏။- ထို​ကြောင့် သင်​တို့​သည်​လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​သော​ယေ​ရှု​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သည်​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ အ​တပ်​အ​မှန် သိ​မှတ်​ကြ​လော့​ဟု ပေ​တ​ရု​ဟော​လေ၏။ ထို​သူ​တို့​သည်​ကြား​ရ​လျှင် စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၍၊ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု ပေ​တ​ရု​မှ​စ၍ အ​ခြား​သော​တ​မန်​တော်​တို့​အား မေး​မြန်း​ကြ၏။- ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။- ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။ ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။