YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:9-41

တမန်တော် 2:9-41 Judson Bible (JBMLE)

ပါ​သိ​ပြည်​မှ​စ၍ မေ​ဒိ​ပြည်၊ ဧ​လံ​ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ က​ပ္ပ​ဒေါ​ကိ​ပြည်၊ ပု​န္တု​ပြည်၊ အာ​ရှိ​ပြည်၊- ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်၌​နေ​သော​သူ၊ ကု​ရေ​နေ​မြို့​နှင့်​စပ်​သော လိ​ဗု​ကျေး​လက်၌ နေ​သော​သူ၊ ရော​မ​မြို့​မှ​လာ​သော ဧည့်​သည်​များ၊ ယု​ဒ​လူ​ဖြစ်​စေ၊ ဘာ​သာ​ဝင်​ဖြစ်​စေ၊- က​ရေ​တေ​ပြည်​သား၊ အာ​ရပ်​ပြည်​သား၊ အ​သီး​အ​သီး​ဖြစ်​ကြ​သော​ငါ​တို့​အား ဤ​သူ​များ​သည် ဘု​ရား​သ​ခင်၏ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ငါ​တို့​အ​မျိုး​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို ကြား​ရ​ပါ​သည်​တ​ကား​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ၏။- ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေး​တော​သော​စိတ် ရှိ​သည်​နှင့်၊ ဤ​အ​မှု​အ​ရာ​သည် အ​ဘယ်​သို့​သော အ​မှု​အ​ရာ​ဖြစ်​သ​နည်း​ဟု တစ်​ယောက်​ကို​တစ်​ယောက် ပြော​ဆို​ကြ၏။- လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။ ထို​အ​ခါ တစ်​ကျိပ်​တစ်​ပါး​သော တ​မန်​တော်​တို့​နှင့်​တ​ကွ ပေ​တ​ရု​သည်​ထ​လျက်၊ ထို​သူ​တို့​ကို ကျယ်​သော​အ​သံ​နှင့် ဟော​ပြော​သည်​ကား၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​နှင့် ယု​ဒ​လူ​အ​ပေါင်း​တို့၊ သင်​တို့​သည် ဤ​အ​ရာ​ကို သိ​မှတ်၍ ငါ့​စ​ကား​ကို စေ့​စေ့​နာ​ခံ​ကြ​လော့။- ယ​ခု​အ​ချိန်​ကား နံ​နက်​တစ်​ချက်​တီး​အ​ချိန်​သာ ရှိ​သည်​ဖြစ်၍၊ သင်​တို့​ထင်​သည်​အ​တိုင်း ဤ​သူ​တို့​သည် ယစ်​မူး​ကြ​သည်​မ​ဟုတ်။- ဤ​အ​ရာ​ကား ပ​ရော​ဖက်​ယော​လ​ဟော​ဖူး​သော​အ​ရာ ဖြစ်​သ​တည်း။- ဟော​ဖူး​သော​အ​ချက်​ကား၊ နောင်​ကာ​လ၌ လူ​မျိုး​တ​ကာ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း​မည်။ သင်​တို့၏​သား​သ​မီး​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။ အ​သက်​ငယ်​သော​သူ​တို့​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တို့​ကို မြင်​ရ​ကြ​လိမ့်​မည်။ အ​သက်​ကြီး​သော​သူ​တို့​သည်​လည်း နိ​မိတ်​အိပ်​မက်​တို့​ကို မြင်​မက်​ရ​ကြ​လိမ့်​မည်။- ထို​ကာ​လ၌​လည်း ငါ၏​အ​မှု​ကို​ဆောင်​ရွက်​သော ယောက်ျား​မိန်း​မ​တို့​အ​ပေါ်​သို့ ငါ၏​ဝိ​ညာဉ်​တော်​ကို ငါ​သွန်း​လောင်း၍၊ သူ​တို့​သည် ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​ပြော​ရ​ကြ​လိမ့်​မည်။- အ​ထက်​မိုး​ကောင်း​ကင်၌ အံ့​ဖွယ်​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်၌ သွေး၊ မီး​လျှံ၊ မီး​ခိုး​တည်း​ဟူ​သော ပု​ပ္ပ​နိ​မိတ်​တို့​ကို​လည်း​ကောင်း ငါ​ပြ​မည်။- ထာ​ဝ​ရ​ဘု​ရား၏ ထူး​မြတ်​သော​နေ့​ကြီး​မ​တိုင်​မီ၊ နေ​သည် မှောင်​မိုက်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း သွေး​ဖြစ်​လိမ့်​မည်။- ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​သူ​ရှိ​သ​မျှ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့​ဟု ဘု​ရား​ဗျာ​ဒိတ်​တော်​ရှိ၏။ ဣ​သ​ရေ​လ​လူ​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။ သင်​တို့ သိ​ကြ​သည်​အ​တိုင်း နာ​ဇ​ရက်​မြို့​သား ယေ​ရှု​သည် ထူး​ဆန်း​သော​တန်​ခိုး၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို သင်​တို့​တွင်​ပြု​ရ​သော​အ​ခွင့်​နှင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော သက်​သေ​ကို ရ​သော​သူ​ဖြစ်၍၊- ဘု​ရား​သ​ခင်​ပြ​ဌာန်း​တော်​မူ​သော အ​လို​တော်​အား​ဖြင့်​လည်း​ကောင်း၊ အ​နာ​ဂ​တံ​သ ဉာဏ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ အပ်​နှံ​ခြင်း​ကို​ခံ​သော ထို​ယေ​ရှု​ကို သင်​တို့​သည် ဖမ်း​ဆီး၍ မ​တ​ရား​သော​သူ​တို့​လက်​ဖြင့် လက်​ဝါး​ကပ်​တိုင်၌ ရိုက်၍ ကွပ်​မျက်​ကြ​ပြီ။- ထို​သူ​ကို သေ​ခြင်း​ဝေ​ဒ​နာ​သည် အ​စဉ်​ချည်​နှောင်​ချုပ်​ကိုင်၍ မ​ဖြစ်​နိုင်​သည်​နှင့်၊ ထို​ဝေ​ဒ​နာ​ကို ဘု​ရား​သ​ခင်​သည် ချွတ်​ပယ်၍ ထ​မြောက်​စေ​တော်​မူ​ပြီ။- ထို​သူ​ကို​အ​ကြောင်း​ပြု​လျက် ဒါ​ဝိဒ်​မင်း​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား ငါ့​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။- ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။- မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သော​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။- ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။- ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊- ခ​ရစ်​တော်၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ရည်​မှတ်​လျက်၊ ထို​ခ​ရစ်​တော်၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ အ​သား​သည်​လည်း ပုပ်​စပ်​ခြင်း​သို့​မ​ရောက်​ဟု အ​နာ​ဂ​တံ​သ​ဉာဏ်​နှင့် ဟော​လေ၏။- ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။- ထို​သို့​ဘု​ရား​သ​ခင်​သည် လက်​ယာ​လက်​တော်​နှင့် ချီး​မြှောက်​တော်​မူ​သ​ဖြင့်၊ ထို​သ​ခင်​သည် က​တိ​တော်​နှင့် ယှဉ်​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခ​မည်း​တော်​ထံ၌ ခံ​ပြီ​ဖြစ်၍ သင်​တို့​သိ​မြင်​ကြား​ရ​သော​အ​ရာ​ကို ညွှန်း​လောင်း​တော်​မူ၏။- ဒါ​ဝိဒ်​သည် ကောင်း​ကင်​သို့​မ​တက်​သေး၊- သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​က၊ သင်၏​ရန်​သူ​တို့​ကို သင်၏​ခြေ​တင်​ရာ ငါ​မ​ချ​မ​ထား​မီ​တိုင်​အောင် ငါ့​လက်​ယာ​ဘက်၌ ထိုင်​နေ​လော့​ဟု ငါ့​သ​ခင်​အား​မိန့်​တော်​မူ​သည်​ဟု ဒါ​ဝိဒ်​စ​ကား​ရှိ၏။- ထို​ကြောင့် သင်​တို့​သည်​လက်​ဝါး​ကပ်​တိုင်​မှာ ကွပ်​မျက်​သော​ယေ​ရှု​ကို ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ရာ​၌​လည်း​ကောင်း၊ အ​စိုး​ရ​သော အ​ရှင်​အ​ရာ၌​လည်း​ကောင်း ခန့်​ထား​တော်​မူ​သည်​အ​ကြောင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့ အ​တပ်​အ​မှန် သိ​မှတ်​ကြ​လော့​ဟု ပေ​တ​ရု​ဟော​လေ၏။ ထို​သူ​တို့​သည်​ကြား​ရ​လျှင် စိတ်​နှ​လုံး​ပူ​ပန်​ခြင်း​ရှိ၍၊ ညီ​အစ်​ကို​တို့၊ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု ပေ​တ​ရု​မှ​စ၍ အ​ခြား​သော​တ​မန်​တော်​တို့​အား မေး​မြန်း​ကြ၏။- ပေ​တ​ရု​က​လည်း၊ သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တစ်​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ က​တိ​တော်​သည် သင်​တို့​နှင့်​လည်း​ကောင်း၊ သင်​တို့၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း၊ ဝေး​သော​သူ​တို့​တွင် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​တော်​မူ​သ​မျှ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆိုင်​သည်​ဟု ဟော၏။- ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။ ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။

တမန်တော် 2:9-41 Common Language Bible (BCL)

ငါ​တို့​သည်​ပါ​သိ​ပြည်၊ မေ​ဒိ​ပြည်၊ ဧ​လံ ပြည်၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ယု​ဒ​ပြည်၊ ကပ္ပ​ဒေါ​ကိ​ပြည်၊ ပုန္တု​ပြည်၊ အာ​ရှိ​ပြည်၊- ဖြူ​ဂိ​ပြည်၊ ပမ်​ဖု​လိ​ပြည်၊ အီ​ဂျစ်​ပြည်​များ​မှ လည်း​ကောင်း၊ ကု​ရေ​နေ​မြို့​အ​နီး​လိ​ဗု​နယ်​ပယ် များ​မှ​လည်း​ကောင်း​လာ​ကြ​သူ​များ​ဖြစ်​၏။ အ​ချို့​သော​ငါ​တို့​သည်​ရော​မ​မြို့​မှ​ရောက် လာ​သော၊- ယု​ဒ​အ​မျိုး​သား​များ​နှင့်​ယု​ဒ​ဘာ​သာ​သို့ ကူး​ပြောင်း​လာ​ကြ​သူ​များ​ဖြစ်​ကြ​၏။ အ​ချို့ သော​ငါ​တို့​သည်​က​ရေ​တေ​ပြည်​သား​နှင့်​အာ​ရပ် အ​မျိုး​သား​များ​ဖြစ်​ကြ​၏။ သို့​ရာ​တွင်​ငါ​တို့ သည်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​တော်​များ​ကို ငါ​တို့​ဘာ​သာ​စ​ကား​ဖြင့် ဟော​ပြော​ကြ​သည်​ကို​ကြား​ရ​ကြ​ပါ​သည် တ​ကား'' ဟု​ဆို​ကြ​၏။- သူ​တို့​သည်​လွန်​စွာ​အံ့​သြ​တွေ​ဝေ​လျက် ``ဤ အ​မှု​အ​ရာ​ကား​အ​ဘယ်​သို့​သော​အ​မှု​အ​ရာ ဖြစ်​သ​နည်း'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။ အ​ခြား​သော​သူ​တို့​မူ ``ဤ​သူ​တို့​သည်​သေ သောက်​မူး​ယစ်​နေ​သူ​များ​ဖြစ်​ကြ​၏'' ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ​၏။ ပေ​တ​ရု​သည်​တစ်​ကျိပ်​တစ်​ပါး​တို့​နှင့်​အ​တူ ရပ်​လျက်​အ​သံ​ကျယ်​စွာ​ဖြင့် ``ယု​ဒ​အ​မျိုး​သား များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့​ငါ့ စ​ကား​ကို​နား​ထောင်​ကြ​လော့။ ဤ​အ​မှု​အ​ရာ အ​ကြောင်း​ကို​ငါ​ရှင်း​ပြ​မည်။- ဤ​သူ​တို့​သည်​သင်​တို့​ထင်​မှတ်​သည်​အ​တိုင်း မူး​ယစ်​နေ​သူ​များ​မ​ဟုတ်။ ယ​ခု​နံ​နက်​ကိုး နာ​ရီ​မျှ​သာ​ရှိ​သေး​၏။- ဤ​အ​မှု​အ​ရာ​ကား​ပ​ရော​ဖက်​ယော​လ ဟော​ကြား​ခဲ့​သည့်​အ​မှု​အ​ရာ​ပင်​ဖြစ်​၏။ ထို ပ​ရော​ဖက်​က၊ `အ​ဆုံး​စွန်​သော​နေ့​များ​၌​ငါ​သည်​လူ​မျိုး အ​ပေါင်း​တို့ အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို​သွန်း​လောင်း မည်။ သင်​တို့​၏​သား​သ​မီး​များ​သည်​ငါ​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ဟော​ပြော​ကြ​လိမ့်​မည်။ လူ​ပျို​လူ​ရွယ်​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို မြင်​ကြ​လိမ့်​မည်။ လူ​အို​တို့​သည်​အိပ်​မက်​များ​မြင်​မက်​ကြ​လိမ့်​မည်။ ထို​နေ့​ရက်​ကာ​လ​၌​ငါ​၏​အ​စေ​ခံ​သူ​ယောကျာ်း၊ မိန်း​မ​များ​အ​ပေါ်​သို့​ငါ​၏​ဝိ​ညာဉ်​တော်​ကို သွန်း​လောင်း​မည်။ သူ​တို့​သည်​ငါ​၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ​လိမ့်​မည်။ အ​ထက်​အ​ရပ်​ကောင်း​ကင်​တွင်​နိ​မိတ် လက္ခ​ဏာ​များ​ကို​လည်း​ကောင်း၊ အောက်​အ​ရပ်​မြေ​ကြီး​ပေါ်​တွင်​အံ့​သြ​ဖွယ်​သော အ​ရာ​များ​ကို​လည်း​ကောင်း​ငါ​ပြ​မည်။ သွေး၊မီး​လျှံ၊မီး​ခိုး​တည်း​ဟူ​သော ပုပ္ပ​နိ​မိတ်​များ​ကို​ငါ​ပြ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ထူး​နေ့​မြတ်​ကြီး​မ​ကျ ရောက်​မီ နေ​သည်​မှောင်​အ​တိ​ဖြစ်​လိမ့်​မည်။ လ​သည်​လည်း​သွေး​ကဲ့​သို့​နီ​လိမ့်​မည်။ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို အ​မှီ​ပြု​၍၊ ဆု​တောင်း​ပတ္ထနာ​ပြု​ကြ​သူ​အ​ပေါင်း​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်' ဟူ​၍​ဟော​ပြော​ခဲ့​သ​တည်း။ ``အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ့​စ​ကား ကို​နား​ထောင်​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​ထူး ဆန်း​အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ များ​ကို နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​အား​ဖြင့်​ပြ တော်​မူ​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​ရှင်​သည်​ဘု​ရား သ​ခင်​၏​တန်​ခိုး​အာ​ဏာ​တော်​နှင့်​ပြည့်​ဝ​သူ ဖြစ်​ကြောင်း​သိ​သာ​ထင်​ရှား​ပေ​သည်။ ထို​အ​ဖြစ် အ​ပျက်​များ​မှာ​သင်​တို့​ရှေ့​မှောက်​တွင်​ဖြစ်​ပျက် ခဲ့​သ​ဖြင့် ယင်း​တို့​ကို​သင်​တို့​ကိုယ်​တိုင်​သိ​ရှိ ကြ​သည်။- ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ရည်​ရွယ်​ပြ​ဋ္ဌာန်း​ချက် နှင့်​အ​ညီ သ​ခင်​ယေ​ရှု​ကို​ရန်​သူ​လက်​သို့​ပေး အပ်​တော်​မူ​၏။ သင်​တို့​သည်​အ​ပြစ်​ကူး​သူ​တို့ လက်​ဖြင့် ထို​အ​ရှင်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ခဲ့​ကြ​၏။- သို့​ရာ​တွင်​ထို​အ​ရှင်​ကို​သေ​မင်း​သည်​အ​စဉ် အ​မြဲ​ချုပ်​နှောင်​ထား​ရန်​မ​ဖြစ်​နိုင်။ ထို့​ကြောင့် ဘု​ရား​သ​ခင်​သည် သူ့​အား​သေ​ခြင်း​၏​တန်​ခိုး မှ​လွတ်​မြောက်​စေ​၍​ရှင်​ပြန်​ထ​မြောက်​စေ​တော် မူ​၏။- ထို​အ​ရှင်​နှင့်​ပတ်​သက်​၍​ဒါ​ဝိဒ်​မင်း​က၊ `ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​အ​စဉ်​မ​ပြတ် ဖူး​မြင်​ရ​၏။ ငါ​သည်​စိတ်​တုန်​လှုပ်​ခြင်း​နှင့်​ကင်း​စေ​ရန် ကိုယ်​တော်​သည်​ငါ့​အ​နီး​တွင်​ရှိ​တော်​မူ​၏။ သို့​ဖြစ်​၍​ငါ​၏​စိတ်​နှ​လုံး​သည်​ရွှင်​လန်း​လျက်၊ ငါ​၏​နှုတ်​သည်​ရွှင်​ပြ​သော​စ​ကား​များ​ဖြင့် ပြည့်​လျက်​ရှိ​ပါ​၏။ ငါ​သည်​သေ​မျိုး​ပင်​ဖြစ်​သော်​လည်း​မျှော်​လင့်​လျက် ငြိမ်​ဝပ်​စိတ်​ချ​စွာ​နေ​ပါ​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မူ​မည်​မ​ဟုတ်၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​ကို​စောင့်​သိ​သော​အ​စေ​ခံ​အား သင်္ချိုင်း​တွင်​ပုပ်​ပျက်​စေ​တော်​မူ​မည် မ​ဟုတ်​သော​ကြောင့်​တည်း။ အ​သက်​ရှင်​ရာ​လမ်း​သို့​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​ပြ​ညွှန်​တော်​မူ​ပါ​၏။ ကိုယ်​တော်​သည်​ကျွန်​တော်​မျိုး​နှင့်​အ​တူ ရှိ​တော်​မူ​ခြင်း​ဖြင့် ကျွန်​တော်​မျိုး​အား​ဝမ်း​မြောက် စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​၏။ ``ညီ​အစ်​ကို​တို့၊ ငါ​တို့​၏​နာ​မည်​ကျော်​အ​ဖ ဖြစ်​သော​ဒါ​ဝိဒ်​မင်း​၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား​ရှင်း​လင်း​စွာ​ဖော်​ပြ​ပါ​ရ​စေ။ သူ သည်​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​၏။ သူ​၏ သင်္ချိုင်း​သည်​ယ​နေ့​တိုင်​အောင်​ငါ​တို့​မျက်​မှောက် တွင်​ရှိ​သေး​၏။- သူ​သည်​ပ​ရော​ဖက်​ဖြစ်​၍​မိ​မိ​၏​သား​မြေး တစ်​ဦး​ကို ရှင်​ဘု​ရင်​အ​ဖြစ်​ခန့်​တော်​မူ​မည် ဟု ဘု​ရား​သ​ခင်​ဋ္ဌိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​ခဲ့ ကြောင်း​ကို​သိ​၏။- နောင်​အ​ခါ​တွင်​ဘု​ရား​သ​ခင်​မည်​သို့​ပြု​တော် မူ​မည်​ကို​သိ​သ​ဖြင့်၊ `ကိုယ်​တော်​ကို​မ​ရ​ဏာ​နိုင်​ငံ​တွင် စွန့်​ပစ်​၍​ထား​တော်​မ​မူ။ သူ​၏​ခန္ဓာ​ကို​သင်္ချိုင်း​တွင်​ပုပ်​ပျက် စေ​တော်​မူ​မည်​မ​ဟုတ်' ဟု​သေ​ခြင်း​မှ​မေ​ရှိ​ယ​ထ​မြောက်​တော်​မူ မည့်​အ​ကြောင်း​ကို​ကြို​တင်​ဖော်​ပြ​ခဲ့​၏။- ထို​သ​ခင်​ယေ​ရှု​အား​ဘု​ရား​သ​ခင်​ရှင်​ပြန် ထ​မြောက်​စေ​တော်​မူ​ကြောင်း​ကို ငါ​တို့​အား လုံး​ပင်​သက်​သေ​ဖြစ်​ကြ​၏။- ကိုယ်​တော်​သည်​ဘု​ရား​သ​ခင်​၏​လက်​ယာ​တော် ဘက်​တွင်​စံ​ပယ်​ရန်​ချီး​မြှင့်​ခြင်း​ခံ​တော်​မူ​ပြီး နောက် ခ​မည်း​တော်​က​တိ​ထား​တော်​မူ​သည့်​သန့် ရှင်း​သော​ဝိညာဉ်​တော်​ကို​ခံ​ယူ​၍ သင်​တို့​ယ​ခု တွေ့​မြင်​ကြား​သိ​နေ​ကြ​သည့်​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အ​ပေါ်​သို့​သွန်း​လောင်း​တော်​မူ​သ​တည်း။- ဒါ​ဝိဒ်​မင်း​သည်​ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ သည်​မ​ဟုတ်။ သို့​ရာ​တွင်​ဒါ​ဝိဒ်​မင်း​က၊ `ငါ​၏​လက်​ယာ​ဘက်​၌​ထိုင်​နေ​လော့။ သင်​၏​ရန်​သူ​များ​ကို​သင်​၏​ခြေ​တင်​ခုံ​ဖြစ် စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​က​ငါ​၏​အ​ရှင်​အား​မိန့်​တော် မူ​၏' ဟူ​၍​ဖော်​ပြ​ခဲ့​၏။- သို့​ဖြစ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့၊ မေ​ရှိ​ယ​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ အ​ရှင် သ​ခင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း ဘု​ရား​သ​ခင် ခန့်​ထား​တော်​မူ​သော​သူ​ကား သင်​တို့​လက်​ဝါး ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​သည့် ယေ​ရှု​ပင် ဖြစ်​ကြောင်း​အ​တပ်​ဧ​ကန်​သိ​မှတ်​ကြ​လော့'' ဟု​ဟော​လေ​၏။ ထို​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ လူ​တို့​သည် လွန်​စွာ​ပူ​ပင်​သော​က​ရောက်​ကြ​လျက် ပေ​တ​ရု နှင့်​အ​ခြား​တ​မန်​တော်​တို့​အား``ညီ​အစ်​ကို​တို့၊ ငါ​တို့​အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု​မေး မြန်း​ကြ​၏။ ပေ​တ​ရု​က ``နောင်​တ​ရ​ကြ​လော့။ သင်​တို့​အ​ပြစ် များ​ပြေ​လွတ်​စေ​ရန် ယေ​ရှု​ခ​ရစ်​၏​နာ​မ​၌​လူ တိုင်း​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​လော့။ ထို​သို့​ပြု​လျှင် သင်​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​တည်း ဟူ​သော​ဆု​ကျေး​ဇူး​ကို​ရ​ရှိ​ကြ​လိမ့်​မည်။- ထို​ဆု​ကျေး​ဇူး​ကို​ပေး​မည်​ဟူ​သော​ဘု​ရား သ​ခင်​၏​က​တိ​တော်​သည် သင်​တို့​အ​တွက်​လည်း ကောင်း၊ သင်​တို့​၏​သား​သ​မီး​များ​အ​တွက်​လည်း ကောင်း၊ ရပ်​ဝေး​ရှိ​သူ​တို့​အ​တွက်​လည်း​ကောင်း ဖြစ်​၏။ တစ်​နည်း​အား​ဖြင့်​ငါ​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ခေါ်​ယူ​တော်​မူ​သော​သူ​အ​ပေါင်း တို့​အ​တွက် ဖြစ်​၏'' ဟု​ဖြေ​ဆို​လေ​၏။ ပေ​တ​ရု​သည်​ဤ​မျှ​သာ​မ​က​အ​ခြား​တ​ရား စ​ကား​များ​အား​ဖြင့်​လည်း​တိုက်​တွန်း​ဟော​ပြော ၏။ ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ဤ​ဆိုး​ယုတ် သော​လူ​တို့​ခံ​ကြ​ရ​မည့်​အ​ပြစ်​ဒဏ်​မှ​ကင်း လွတ်​စေ​ကြ​လော့'' ဟု​ထို​သူ​တို့​အား​တိုက် တွန်း​၏။- လူ​အ​မြောက်​အ​မြား​ပင်​သူ​၏​တ​ရား​စ​ကား ကို​လက်​ခံ​ယုံ​ကြည်​ကာ ဗတ္တိ​ဇံ​မင်္ဂ​လာ​ခံ​ယူ ကြ​သ​ဖြင့် ထို​နေ့​၌​တ​ပည့်​တော်​အ​ရေ​အ​တွက် သုံး​ထောင်​မျှ​တိုး​လာ​၏။

တမန်တော် 2:9-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​တွင် ပါသိ​လူမျိုး၊ မေဒိ​လူမျိုး​နှင့် ဧလံ​လူမျိုး​များ​မှစ၍ မက်ဆိုပိုတေးမီးယား​ပြည်၊ ယုဒ​ပြည်၊ ကပ္ပဒေါကိ​ပြည်၊ ပုန္တု​ပြည်၊ အာရှ​ပြည်၊ ဖြူဂိ​ပြည်၊ ပံဖုလိ​ပြည်၊ အီဂျစ်​ပြည်​နှင့် ကုရေနေ​မြို့​အနီး လစ်ဗျား​နယ်မြေ​ဒေသ​တို့​၌ နေထိုင်​သော​သူ​များ​ရှိ​ကြ​၏။ ထို့ပြင် အလည်အပတ်​ရောက်ရှိ​လာ​သော​ရောမ​နိုင်ငံသား​များ၊ ဂျူး​လူမျိုး​များ​နှင့် ဂျူး​ဘာသာဝင်​ဖြစ်လာ​သူ​များ၊ ကရေတေ​ကျွန်းသား​များ၊ အာရပ်​ပြည်သား​များ​လည်း​ရှိ​ကြ​၏။ သို့ဖြစ်လျက်နှင့် ဤ​သူ​တို့​သည် ဘုရားသခင်​၏​အံ့ဖွယ်​သော​အမှု​တို့​ကို ငါ​တို့​၏​ဘာသာ​စကား​များ​ဖြင့် ပြောဆို​နေ​ကြ​သည်​ကို ငါ​တို့​ကြား​ရ​ပါ​သည်​တကား”​ဟု ပြောဆို​ကြ​၏။ လူ​အားလုံး​တို့​သည် အံ့သြ​ငေးမော​လျက် ဝေခွဲမရ​ဖြစ်​ကြ​ကာ “ဤ​အမှုအရာ​သည် မည်သည့်​အရာ​ကို​ဆိုလို​သနည်း”​ဟု အချင်းချင်း​ပြောဆို​ကြ​၏။ သို့သော် လူ​အချို့​တို့​က “သူ​တို့​သည် ဝိုင်ချို​ဖြင့်​မူးယစ်​နေ​ကြ​သည်”​ဟု ကဲ့ရဲ့​ပြောဆို​ကြ​၏။ ထိုအခါ ပေတရု​သည် တမန်တော်​တစ်ဆယ့်တစ်​ပါး​တို့​နှင့်အတူ​မတ်တတ်ရပ်​လျက် မိမိ​အသံ​ကို​ကျယ်စွာပြု​၍ “ဂျူး​အမျိုးသား​များ​နှင့် ဂျေရုဆလင်​မြို့​၌ နေထိုင်​ကြ​သော​သူ​အပေါင်း​တို့၊ ဤ​အရာ​ကို​သင်​တို့​အား သိမှတ်​စေ​လို​ပါ​၏။ ငါ့​စကား​ကို သေချာစွာ​နားထောင်​ကြ​လော့။ ယခု​အချိန်​ကား နံနက်​ကိုး​နာရီ​ဖြစ်​၍ ဤ​သူ​တို့​သည် သင်​တို့​ထင်မှတ်​သကဲ့သို့ ယစ်မူး​နေ​ကြ​သည်​မ​ဟုတ်။ ဤ​အရာ​သည် ပရောဖက်​ယောလ​ဟောပြော​ထား​သော​အရာ​ပင်​ဖြစ်​၏။ ဟောပြော​ထား​သော​အရာ​မှာ ‘ဘုရားသခင်​မိန့်​တော်မူ​သည်​ကား ငါ​သည် နောက်ဆုံး​သော​နေ့ရက်​တို့​၌ လူ​အပေါင်း​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​မည်။ ထိုအခါ သင်​တို့​၏​သား​သမီး​များ​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​လူငယ်​များ​သည် ဗျာဒိတ်​ရူပါရုံ​များ​ကို​မြင်​ရ​ကြ​လိမ့်မည်။ သင်​တို့​ထဲမှ​သက်ကြီးဝါကြီး​များ​သည် အိပ်မက်​များ​ကို​မြင်မက်​ကြ​လိမ့်မည်။ ထို​နေ့ရက်​တို့​၌ ငါ​သည် ငါ​၏​အစေခံ​ယောက်ျား​နှင့် ငါ​၏​အစေခံ​မိန်းမ​တို့​အပေါ်သို့ ငါ​၏​ဝိညာဉ်​ကို​သွန်းလောင်း​သဖြင့် သူ​တို့​သည် ပရောဖက်ပြု​ဟောပြော​ကြ​လိမ့်မည်။ အထက်​ကောင်းကင်​၌ အံ့သြဖွယ်ရာ​များ​ကို​လည်းကောင်း၊ အောက်​မြေကြီး​ပေါ်၌ သွေး၊ မီးလျှံ​နှင့် မီးခိုး​ငွေ့​တည်းဟူသော နိမိတ်​လက္ခဏာ​များ​ကို​လည်းကောင်း ငါ​ပြ​မည်။ ထာဝရ​ဘုရား​၏​ထူးမြတ်​သော​နေ့​ကြီး​မ​ရောက်​မီ နေ​သည် မှောင်မိုက်​သွား​၍ လ​သည် သွေး​ဖြစ်သွား​လိမ့်မည်။ ထိုအခါ ထာဝရ​ဘုရား​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​သော​သူ​အပေါင်း​တို့​သည် ကယ်တင်​ခြင်း​ခံရ​ကြ​လိမ့်မည်’​ဟူ၍ ဖြစ်​၏။ အစ္စရေး​အမျိုးသား​တို့၊ ဤ​စကား​တို့​ကို​နားထောင်​ကြ​လော့။ သင်​တို့​သိ​ကြ​သည့်​အတိုင်း ဘုရားသခင်​သည် နာဇရက်​မြို့သား​ယေရှု​အားဖြင့် သင်​တို့​အလယ်​၌ အံ့ဩဖွယ်ရာ​များ၊ တန်ခိုး​လက္ခဏာ​များ​နှင့် နိမိတ်​လက္ခဏာ​များ​ကို​ပြု​တော်မူ​၏။ ဘုရားသခင်​သည် ဤ​အရာ​များ​အားဖြင့် ယေရှု​နှင့်​ပတ်သက်​သော ခိုင်မာ​သည့်​အထောက်အထား​များ​ကို သင်​တို့​အား​ပြ​တော်မူ​၏။ ဘုရားသခင်​ချမှတ်​ထား​သော​အကြံအစည်​တော်​နှင့် ကြိုတင်​သိမြင်​သော​ဉာဏ်​တော်​တို့​အရ အပ်နှံ​ခြင်း​ခံရ​သော​ထို​အရှင်​ကို သင်​တို့​သည် တရားမဲ့​သော​သူ​တို့​လက်​ဖြင့် လက်ဝါးကပ်တိုင်​ပေါ်၌​တင်​၍ ကွပ်မျက်​ကြ​၏။ သို့သော် ဘုရားသခင်​သည် ထို​အရှင်​ကို သေ​ခြင်း​နှင့်ဆိုင်သော​ဝေဒနာ​မှ​လွတ်မြောက်​စေ​၍ ထမြောက်​စေ​တော်မူ​၏။ အဘယ်ကြောင့်​ဆိုသော် သေ​ခြင်း​သည် ထို​အရှင်​ကို အစဉ်​ချည်နှောင်​ထား​၍​မ​ရ​နိုင်​ချေ။ ဒါဝိဒ်​က​လည်း ထို​အရှင်​နှင့်​ပတ်သက်၍ ‘ငါ​သည် ထာဝရ​ဘုရား​ကို အစဉ်မပြတ်​မျက်မှောက်​ပြု​၏။ အကြောင်းမူကား ကိုယ်တော်​သည် ငါ​၏​လက်ယာ​ဘက်​၌ ရှိ​တော်မူ​သည်​ဖြစ်၍ ငါ​သည် တုန်လှုပ်​ခြင်း​မ​ရှိ​ရာ။ ထို့ကြောင့် ငါ​၏​စိတ်နှလုံး​သည်​ပျော်ရွှင်​၍ ငါ​၏​နှုတ်​သည်​ရွှင်မြူး​၏။ ထိုမျှမက ငါ​၏​သွေးသား​သည်​လည်း မျှော်လင့်​ခြင်း​၌​ခိုလှုံ​လိမ့်မည်။ အကြောင်းမူကား ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်ဝိညာဉ်​ကို မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​၏​သန့်ရှင်း​သော​သူ​အား​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်။ ကိုယ်တော်​သည် အကျွန်ုပ်​အား အသက်ရှင်​ခြင်း​လမ်း​ကို​သိ​စေ​၍ ရှေ့​တော်​၌ အကျွန်ုပ်​ကို ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​စေ​တော်မူ​လိမ့်မည်’​ဟု ဆို​ထား​၏။ ညီအစ်ကို​တို့၊ မျိုးနွယ်စု​ဖခင်​ဖြစ်​သော​ဒါဝိဒ်​နှင့်​ပတ်သက်၍ သင်​တို့​အား ငါ​အတိအလင်း​ပြောဆို​နိုင်​သည်​မှာ သူ​သည်​သေလွန်​၍ သင်္ဂြိုဟ်​ခြင်း​ကို​ခံရ​ပြီး သူ​၏​သင်္ချိုင်း​ဂူ​သည် ယနေ့​တိုင်အောင် ငါ​တို့​အရပ်​၌​ရှိ​၏။ သူ​သည် ပရောဖက်​တစ်ပါး​ဖြစ်​သောကြောင့် သူ့​သား​မြေး​ထဲမှ တစ်​ဦး​ကို သူ​၏​ပလ္လင်​ပေါ်တွင်​ထိုင်​စေ​မည်​ဟု ဘုရားသခင်​သည် သူ့​အား​ကတိ​သစ္စာ​ဖြင့်​တိုင်တည်​၍ မိန့်​တော်မူ​ကြောင်း​သိ​ထား​၏။ သူ​သည် ၎င်း​ကို​ကြိုတင်​သိမြင်​လျက် ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ဟောပြော​ကာ ‘ကိုယ်တော်​သည် မရဏာ​နိုင်ငံ​၌ စွန့်ပစ်​ထား​ခြင်း​ခံရ​မည်​မ​ဟုတ်။ ခန္ဓာ​တော်​ကို​လည်း ပုပ်ပျက်​ခြင်း​နှင့် ကြုံတွေ့​ခွင့်ပေး​တော်မူ​မည်​မ​ဟုတ်’​ဟု ဆို​ခဲ့​၏။ ဘုရားသခင်​သည် ထို​ယေရှု​ကို ထမြောက်​စေ​တော်မူ​၏။ ငါ​တို့​အားလုံး​သည် ဤ​အကြောင်းအရာ​၏​သက်သေ​များ​ဖြစ်​ကြ​၏။ ထိုသို့​ယေရှု​သည် ဘုရားသခင်​၏​လက်ယာ​တော်​ဘက်​၌ ချီးမြှောက်​ခြင်း​ကို​ခံရ​ပြီးနောက် ကတိ​ထား​တော်မူ​သည့်​သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခမည်းတော်​ထံမှ​ခံယူ​ရရှိ​လျက် သင်​တို့​တွေ့မြင်​ကြားသိ​သည့်​အတိုင်း ထို​ဝိညာဉ်​တော်​ကို​သွန်းလောင်း​တော်မူ​၏။ ဒါဝိဒ်​သည် ကောင်းကင်​ဘုံ​သို့​တက်​သွား​ခဲ့​သည်​မ​ဟုတ်။ သို့သော် သူ​က ‘ထာဝရ​ဘုရား​သည် ငါ​၏​သခင်​ဘုရား​အား သင့်​ရန်သူ​တို့​ကို သင်​၏​ခြေ​တင်ခုံ​အဖြစ် ငါ​ချ​ထား​သည့်​တိုင်အောင် ငါ​၏​လက်ယာ​ဘက်​၌ ထိုင်​နေ​လော့​ဟု​မိန့်​တော်မူ​၏’​ဟူ၍ ဆို​လေ​၏။ ထို့ကြောင့် ဘုရားသခင်​သည် လက်ဝါးကပ်တိုင်​ပေါ်၌ သင်​တို့​တင်​ခဲ့​သော​ထို​ယေရှု​ကို သခင်​အရာ​၌​လည်းကောင်း၊ ခရစ်တော်​အရာ​၌​လည်းကောင်း ခန့်ထား​တော်မူ​ကြောင်း အစ္စရေး​တစ်မျိုးလုံး​သည် သေချာ​စွာ​သိမှတ်​ကြ​ပါစေ”​ဟု ဟောပြော​လေ​၏။ လူ​တို့​သည် ထို​စကား​ကို​ကြား​ရ​သောအခါ စိတ်နှလုံး​ထဲ၌ စူးနစ်​စွာ​ခံစား​ရ​လျက် ပေတရု​နှင့်​အခြား​သော​တမန်တော်​တို့​အား “ညီအစ်ကို​တို့၊ ငါ​တို့​မည်သို့​ပြု​ရ​မည်နည်း”​ဟု မေးမြန်း​ကြ​၏။ ပေတရု​က​လည်း “သင်​တို့​၏​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​အတွက် နောင်တရ​၍ သင်​တို့​တစ်ဦးစီ​သည် ယေရှု​ခရစ်တော်​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​လော့။ ထိုအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​တည်းဟူသော ကောင်းချီး​လက်ဆောင်​ကို ရရှိ​ကြ​လိမ့်မည်။ အကြောင်းမူကား ဤ​ကတိ​တော်​သည် သင်​တို့​နှင့်​သင်​တို့​၏​သားသမီး​များ​မှစ၍ အဝေး​၌​ရှိ​သော​သူ​အားလုံး​ဖြစ်​ကြ​သော ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​ခေါ်​တော်မူ​သမျှ​သော​သူ​တို့​အတွက်​ဖြစ်​၏”​ဟု ဆို​လေ​၏။ ပေတရု​သည် အခြား​သော​စကား​အမျိုးမျိုး​တို့​ဖြင့် သက်သေခံ​လျက် “ဤ​ကောက်ကျစ်​သော​မျိုးဆက်​ထဲမှ​လွတ်မြောက်​ရန် ကယ်တင်​ခြင်း​ကို​ခံယူ​ကြ​လော့”​ဟု သူ​တို့​အား တိုက်တွန်း​နှိုးဆော်​လေ​၏။ ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။