YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:25-32

တမန်တော် 2:25-32 JBMLE

ထို​သူ​ကို​အ​ကြောင်း​ပြု​လျက် ဒါ​ဝိဒ်​မင်း​က၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​မ​ပြတ် မျက်​မှောက်​ပြု၏။ အ​ကြောင်း​မူ​ကား ငါ့​လက်​ယာ​ဘက်၌ တည်​ရှိ​တော်​မူ​သည်​ဖြစ်၍ ငါ​သည်​လှုပ်​ရှား​ခြင်း​မ​ရှိ​ရ။- ထို​ကြောင့် ငါ့​စိတ်​နှ​လုံး​သည် သာ​ယာ​ခြင်း၊ ငါ့​ဝိ​ညာဉ်​သည်​လည်း ရွှင်​လန်း​ခြင်း​ရှိ၏။ ထို​မှ​တစ်​ပါး ငါ့​အ​သား​သည် မျှော်​လင့်​လျက် ကျိန်း​ဝပ်​လိမ့်​မည်။- အ​ကြောင်း​မူ​ကား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌​ပစ်​ထား​တော်​မ​မူ။ ကိုယ်​တော်၏ သန့်​ရှင်း​သော​သူ​အား​လည်း ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဘဲ​လျက်၊ အ​သက်​ရှင်​ခြင်း​လမ်း​ကို ပြ​ညွှန်​တော်​မူ​လိမ့်​မည်။- မျက်​နှာ​တော်​ကို ဖူး​မြင်​ရ​သော​အား​ဖြင့် ဝမ်း​မြောက်​သော​စိတ်​နှင့် အ​ကျွန်ုပ်​ကို ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်​ဟု ဒါ​ဝိဒ်​ဆို​သ​တည်း။- ညီ​အစ်​ကို​တို့၊ အ​မျိုး၏​အ​ဘ​ဖြစ်​သော ဒါ​ဝိဒ်၏​အ​ကြောင်း​ကို ငါ​သည် သင်​တို့​အား အ​တည့်​အ​လင်း ပြော​ပါ​ရ​စေ။ ထို​ဒါ​ဝိဒ်​သည် သေ၍ သင်္ဂြိုဟ်​သော​တွင်း​သည် ယ​ခု​တိုင်​အောင် ငါ​တို့၌​ရှိ၏။- ထို​သူ​သည် မိ​မိ​အ​မျိုး​အ​နွယ်​ထဲ​က လူ​ဇာ​တိ​အား​ဖြင့် ခ​ရစ်​တော်​ကို ဘု​ရား​သ​ခင်​ထ​မြောက်​စေ၍ မိ​မိ​ပ​လ္လင်​ပေါ်​မှာ တင်​တော်​မူ​မည်​အ​ကြောင်း ဓိ​ဋ္ဌာန်​ကျိန်​ဆို​တော်​မူ​သည်​ကို ပ​ရော​ဖက်​ဉာဏ်​အား​ဖြင့်​သိ၍၊- ခ​ရစ်​တော်၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ရည်​မှတ်​လျက်၊ ထို​ခ​ရစ်​တော်၏​စိတ်​ဝိ​ညာဉ်​ကို မ​ရ​ဏ​နိုင်​ငံ၌ ပစ်​ထား​တော်​မ​မူ။ အ​သား​သည်​လည်း ပုပ်​စပ်​ခြင်း​သို့​မ​ရောက်​ဟု အ​နာ​ဂ​တံ​သ​ဉာဏ်​နှင့် ဟော​လေ၏။- ထို​ယေ​ရှု​ကို ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သည်​ကို ငါ​တို့​ရှိ​သ​မျှ​သည် သက်​သေ​ခံ​ဖြစ်​ကြ၏။