YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 19:23-41

တမန်တော် 19:23-41 JBMLE

ထို​အ​ခါ ဘာ​သာ​တ​ရား​ကြောင့် ရောက်​သော အ​မှု​ကြီး​ဟူ​မူ​ကား၊- ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ပန်း​ထိမ်​သ​မား​တစ်​ယောက်​သည် အာ​တေ​မိ​နတ်​သ​မီး၏ ငွေ​ဗိ​မာန်​ငယ်​တို့​ကို လုပ်​သ​ဖြင့်၊ ပန်း​ထိမ်​သ​မား​တို့​အား စီး​ပွား​များ​ကို ပြု​တတ်၏။- ထို​သူ​သည် ပန်း​ထိမ်​သ​မား​တို့​နှင့် ထို​သို့​သော အ​တတ်​သ​မား​များ​ကို စု​ရုံး​စေ​ပြီး​လျှင်၊ အ​ချင်း​လူ​တို့၊ ဤ​အ​တတ်​ကို​အ​မှီ​ပြု၍ ငါ​တို့​၌အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ၏။- ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။- ထို​သို့​လူ​များ​တို့​သည် ငါ​တို့၏​အ​တတ်​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကြီး​မြတ်​သော နတ်​သ​မီး​အာ​တေ​မိ၏ ဗိ​မာန်​တော်​ကို ပ​မာ​ဏ​မ​ပြု​သ​ဖြင့်၊ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး​မှ​စ၍ လော​ကီ​နိုင်​ငံ​သား​တို့ ကိုး​ကွယ်​သော ဘုန်း​အ​သ​ရေ​တော်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​ပါ​သည်​ဟု ပြော​ဆို၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​သည် ဒေါ​သ​အ​မျက်​နှင့် ပြည့်​သ​ဖြင့်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု အော်​ဟစ်​ကြ၏။- တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။- ပေါ​လု​သည် လူ​စု​ထဲ​သို့​ဝင်​ခြင်း​ငှာ အ​လို​ရှိ​လျှင် တ​ပည့်​တော်​တို့​သည် မြစ်​တား​ကြ၏။- ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။- စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။ ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။- သူ​သည် ယု​ဒ​လူ​ဖြစ်​သည်​ကို သိ​ကြ​လျှင်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု နှစ်​နာ​ရီ​ခန့်​မျှ​လောက် လူ​အ​ပေါင်း​တို့​သည် တစ်​သံ​တည်း​နှင့် ဟစ်​ကြ၏။ မြို့​စာ​ရေး​သည် လူ​များ​ကို​တိတ်​စေ​ပြီး​လျှင်၊ ဧ​ဖက်​လူ​တို့၊ ဧ​ဖက်​မြို့​သည် ဇု​သ​ဘု​ရား​ထံ​မှ​ကျ​သော ရုပ်​တု​တော်​တည်း​ဟူ​သော ကြီး​မြတ်​တော်​မူ​သော အာ​တေ​မိ​ကို လုပ်​ကျွေး​သော ဘု​ရား​ကျွန်​ဖြစ်​သည်​ကို မ​သိ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- ဤ​အ​ရာ​များ​တို့​သည် ငြင်း​ခုံ​ဖွယ်​မ​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် တိတ်​ဆိတ်​စွာ နေ​သင့်​ကြ၏။- သ​တိ​နှင့်​မ​ဆင်​ခြင်​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​သင့်​ကြ၊ ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​ခြင်း​မ​ရှိ၊ သင်​တို့၏​ဘု​ရား​ကို မ​ကဲ့​ရဲ့​သော ဤ​လူ​တို့​ကို သင်​တို့​သည် ဆောင်​ယူ​ခဲ့​ကြ​ပြီ​တ​ကား။- ဒေ​မေ​တ​ရိ​မှ​စ၍ သူ​နှင့်​အ​တူ​ရှိ​သော ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​မှု​ရှိ​လျှင် ရုံး​တော်​ရှိ၏။ မြို့​ဝန်​မင်း​လည်း ရှိ၏။ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​စေ။- သို့​မ​ဟုတ် သင်​တို့​သည် အ​ခြား​အ​မှု​ကို အ​စီ​ရင်​ခံ​လို​လျှင်၊ တ​ရား​သော​အ​စည်း​အ​ဝေး၌ စီ​ရင်​ရ​လိမ့်​မည်။- ယ​နေ့ ရုန်း​ရင်း​ခတ်​ခြင်း​ကို ပြု​သော​ကြောင့် အ​မှု​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ဤ​မ​တ​ရား​သော စည်း​ဝေး​ခြင်း အ​ကြောင်း​ကို ပြော​စ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု၊- ဆို​ပြီး​လျှင် အ​စည်း​အ​ဝေး​ကို​ဖျက်​လေ၏။