YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 18:18-28

တမန်တော် 18:18-28 JBMLE

ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။- ဧ​ဖက်​မြို့​သို့​ရောက်​လျှင်၊ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ယု​ဒ​လူ​တို့​နှင့် ဆွေး​နွေး​နှီး​နှော​လေ၏။- ထို​သူ​တို့​သည် မိ​မိ​တို့​နှင့် အ​တူ ပေါ​လု​နေ​ပါ​ဦး​မည်​အ​ကြောင်း တောင်း​ပန်​သော​အ​ခါ၊ ပေါ​လု​သည် ဝန်​မ​ခံ​ဘဲ​လျက်၊- ယ​ခု​ရောက်​လု​နီး​သော​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ငါ​အ​မှန်​ခံ​ရ​မည်။ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​လျှင်၊ နောက်​တစ်​ဖန် သင်​တို့​ရှိ​ရာ​သို့ ငါ​ပြန်​ဦး​မည်​ဟူ၍ အ​ခွင့်​တောင်း​ပြီး​မှ၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ဧ​ဖက်​မြို့၌​ထား၍ သင်္ဘော​နှင့် လွှင့်​ပြန်​လေ၏။- ကဲ​သ​ရိ​မြို့​သို့​ရောက်​လျှင် ယေ​ရု​ရှ​လင်​မြို့​သို့ တက်၍ အ​သင်း​တော်​နှင့် နှုတ်​ဆက်​ပြီး​မှ အ​န္တိ​အုတ်​မြို့​သို့ သွား​ပြန်၏။- ထို​မြို့၌ အ​တန်​အ​ရာ​နေ​ပြီး​လျှင်၊ ထွက်​ပြန်၍ ဂ​လာ​တိ​ပြည်၊ ဖြူ​ဂိ​ပြည်​ကို အ​စဉ်​အ​တိုင်း လျှောက်​သွား​သ​ဖြင့်၊ တ​ပည့်​တော်​အ​ပေါင်း တို့​ကို မြဲ​မြံ​ခိုင်​ခံ့​စေ၏။ အာ​ပေါ​လု​အ​မည်​ရှိ​သော အာ​လေ​ဇ​န္ဒြိ​မြို့​သား၊ ယု​ဒ​လူ တစ်​ယောက်​သည် ဧ​ဖက်​မြို့​သို့​ရောက်​လာ၏။ ထို​သူ​သည် နှုတ်​သ​တ္တိ​နှင့် ပြည့်​စုံ၍ ကျမ်း​စာ၌ အား​ကြီး​သော​သူ​ဖြစ်၏။- သ​ခင်​ဘု​ရား၏​ဘာ​သာ၌​လေ့​ကျက်၍ စိတ်​အား​ကြီး​သ​ဖြင့်၊ သ​ခင်​ဘု​ရား၏​အ​ကြောင်း​များ​ကို စေ့​စေ့​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၏။ သို့​သော်​လည်း၊ ယော​ဟန်၏ ဗ​တ္တိ​ဇံ​ကို​သာ​သိ၏။- ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။- ထို​သူ​သည် အ​ခါ​ယ​ပြည်​သို့​သွား​ခြင်း​ငှာ အ​လို​ရှိ​သည်​ဖြစ်၍၊ တ​ပည့်​တော်​ချင်း​တို့​သည် သူ့​ကို​လက်​ခံ​မည်​အ​ကြောင်း ညီ​အစ်​ကို​တို့​သည် မှာ​စာ​ကို​ပေး​လိုက်​ကြ၏။ သူ​သည်​ရောက်​လာ​လျှင်၊ ကျေး​ဇူး​တော်​အား​ဖြင့် ယုံ​ကြည်​သော​သူ​တို့​ကို အ​လွန်​ထောက်​မ​လေ၏။- ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို ကျမ်း​စာ​အား​ဖြင့် ထင်​ရှား​စွာ​ပြ၍၊ လူ​အ​ပေါင်း​တို့​ရှေ့​မှာ ယု​ဒ​လူ​တို့၏​စ​ကား​ကို အား​ကြီး​စွာ ပယ်​ဖျက်​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။