YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:25-34

တမန်တော် 16:25-34 JBMLE

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။- ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။- ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။- ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။- သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊- ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။- ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။- တစ်​ဖန် ပေါ​လု​နှင့် သိ​လ​တို့​ကို မိ​မိ​အိမ်​သို့ ခေါ်​ပင့်​ပြီး​မှ သူ​တို့​ကို လုပ်​ကျွေး၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​လျက် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​လေ၏။

​တမန်တော် 16:25-34 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။