YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:25-34

တမန်တော် 16:25-34 Judson Bible (JBMLE)

သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။- ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။- ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။- ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။- သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊- ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။- ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။- တစ်​ဖန် ပေါ​လု​နှင့် သိ​လ​တို့​ကို မိ​မိ​အိမ်​သို့ ခေါ်​ပင့်​ပြီး​မှ သူ​တို့​ကို လုပ်​ကျွေး၍၊ ဘု​ရား​သ​ခင်​ကို ယုံ​ကြည်​လျက် အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​နှင့်​တ​ကွ ဝမ်း​မြောက်​ခြင်း​သို့ ရောက်​လေ၏။

တမန်တော် 16:25-34 Common Language Bible (BCL)

သန်း​ခေါင်​အ​ချိန်​ခန့်​၌​ပေါ​လု​နှင့်​သိ​လ​တို့​သည် ပတ္ထ​နာ​ပြု​ကာ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ချီး​မွမ်း​သီ​ဆို​လျက်​နေ​ကြ​၏။- ထို​အ​ခါ​ရုတ်​တ​ရက်​မြေ​င​လျင်​ပြင်း​စွာ​လှုပ် သ​ဖြင့် အ​ကျဉ်း​ထောင်​၏​အုတ်​မြစ်​သည်​လှုပ်​ရှား သွား​၏။ ထောင်​တံ​ခါး​ရှိ​သ​မျှ​သည်​ချက်​ချင်း ပင်​ပွင့်​ထွက်​သွား​ကုန်​၏။ အ​ကျဉ်း​သား​အ​ပေါင်း တို့​သည် သံ​ကြိုး​အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက် ကြ​ကုန်​၏။- ထောင်​မှူး​သည်​အိပ်​ရာ​မှ​နိုး​၍​ထောင်​တံ​ခါး များ​ပွင့်​လျက်​နေ​သည်​ကို​မြင်​လျှင် အ​ကျဉ်း သား​များ​ထွက်​ပြေး​ကြ​ပြီ​ဟု​ထင်​မှတ်​သ​ဖြင့် ဋ္ဌား​ကို​ဆွဲ​ထုတ်​ပြီး​လျှင်​မိ​မိ​ကိုယ်​ကို​သတ် မည်​ပြု​၏။- သို့​ရာ​တွင်​ပေါ​လု​က ``သင်​၏​ကိုယ်​ကို​အန္တ​ရာယ် မ​ပြု​နှင့်။ ငါ​တို့​အား​လုံး​ဤ​နေ​ရာ​တွင်​ရှိ​နေ ကြ​သည်'' ဟု​ကျယ်​စွာ​ဟစ်​အော်​၍​ပြော​၏။ ထောင်​မှူး​သည်​မီး​တိုင်​ကို​တောင်း​ယူ​ပြီး​လျှင် ပြေး​ဝင်​၍​လာ​၏။ သူ​သည်​တုန်​လှုပ်​လျက် ပေါ​လု​နှင့်​သိ​လ​တို့​၏​ခြေ​ရင်း​တွင်​ပျပ်​ဝပ်​၏။- ထို​နောက်​သူ​တို့​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လာ​ပြီး လျှင် ``အ​ရှင်​တို့၊ ကျွန်​တော်​သည်​ကယ်​တင်​ခြင်း ခံ​ရ​စေ​ရန် အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု မေး​၏။ သူ​တို့​က​လည်း ``သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် လော့။ သို့​ယုံ​ကြည်​လျှင်​သင်​နှင့်​တ​ကွ​သင်​၏ အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်'' ဟု​ဆို​ပြီး​နောက်၊- ထို​သူ​နှင့်​တ​ကွ​သူ​၏​အိမ်​တွင်​ရှိ​သော​သူ အ​ပေါင်း​တို့​အား သ​ခင်​ဘု​ရား​၏​နှုတ် က​ပတ်​တ​ရား​တော်​ကို​ဟော​ပြော​ကြ​၏။- ထို​ည​အ​ချိန်​၌​ပင်​လျှင်​ထောင်​မှူး​သည် ပေါ​လု နှင့်​သိ​လ​တို့​ကို​ခေါ်​၍​ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပေး​၏။ ထို​နောက်​ချက်​ချင်း​ပင်​သူ​နှင့် တ​ကွ​အိမ်​သူ​အိမ်​သား​အ​ပေါင်း​တို့​သည် ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။- သူ​သည်​ပေါ​လု​နှင့်​သိ​လ​တို့​အား​မိ​မိ​၏​အိမ် သို့​ဖိတ်​ခေါ်​၍ စား​ဖွယ်​သောက်​ဖွယ်​များ​ကို​တည် ခင်း​ကျွေး​မွေး​၏။ သူ​နှင့်​သူ​၏​အိမ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​လာ​ကြ​သ​ဖြင့်​လွန် စွာ​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လေ​သည်။

တမန်တော် 16:25-34 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သန်းခေါင်​အချိန်​ခန့်​တွင် ပေါလု​နှင့်​သိလ​တို့​သည် ဘုရားသခင်​ထံ​ဆုတောင်း​လျက် ချီးမွမ်း​သီချင်း​သီဆို​နေ​ကြ​၏။ အကျဉ်းသား​များ​သည်​လည်း သူ​တို့​ကို​နားထောင်​နေ​ကြ​၏။ ထိုအခါ ရုတ်တရက် ငလျင်​ပြင်းထန်​စွာ​လှုပ်​သဖြင့် ထောင်​၏​အုတ်မြစ်​သည် တုန်ခါ​၍ တံခါး​ရှိသမျှ​သည် ချက်ချင်း​ပွင့်​သွား​ကာ အကျဉ်းသား​အားလုံး​၏​သံကြိုး​များ​သည် ပြုတ်​သွား​လေ​၏။ ထောင်မှူး​သည် နိုး​လာ​၍ ထောင်​တံခါး​များ​ပွင့်​နေ​သည်​ကို​မြင်​လျှင် အကျဉ်းသား​များ​လွတ်​သွား​ပြီ​ဟု​ထင်မှတ်​လျက် ဓား​ကို​ဆွဲ​ထုတ်​ကာ မိမိကိုယ်ကို​သတ်​မည်​ပြု​၏။ သို့သော် ပေါလု​က “သင့်ကိုယ်သင် အန္တရာယ်​မ​ပြု​နှင့်။ ငါ​တို့​အားလုံး ဤ​နေရာ​၌​ရှိ​ကြ​သည်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့် အော်ဟစ်​လေ​၏။ ထိုအခါ ထောင်မှူး​သည် မီး​တိုင်​ကို​တောင်း​ယူ​၍ ပြေးဝင်​လာ​ပြီးလျှင် တုန်လှုပ်​လျက် ပေါလု​နှင့်​သိလ​တို့​ရှေ့​တွင် ပျပ်ဝပ်​လေ​၏။ ထို့နောက် သူ​တို့​ကို အပြင်​သို့​ထုတ်ဆောင်​ကာ “အရှင်​တို့၊ ကယ်တင်​ခြင်း​ခံရ​ရန် အကျွန်ုပ်​မည်သည့်​အရာ​ကို​ပြု​ရ​ပါ​မည်နည်း”​ဟု မေး​လေ​၏။ သူ​တို့​က​လည်း “သခင်​ယေရှု​ကို​ယုံကြည်​လော့။ သို့ပြုလျှင် သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်”​ဟု ဆို​ကြ​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်​၌​ရှိ​သော​သူ​အားလုံး​တို့​အား သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ဟောပြော​ကြ​၏။ ထောင်မှူး​သည် ထို​ည​တွင်း​ချင်း​ပင် သူ​တို့​ကို​ခေါ်ဆောင်​သွား​၍ ဒဏ်ရာ​များ​ကို ဆေးကြော​ပေး​၏။ ထို့နောက် သူ​နှင့် သူ​၏​အိမ်သူအိမ်သား​အားလုံး​တို့​သည် ချက်ချင်း​ဗတ္တိဇံ​ခံ​ကြ​၏။ သူ​သည် ပေါလု​နှင့်​သိလ​တို့​ကို အိမ်​သို့​ခေါ်ဖိတ်​၍ စားဖွယ်​ရာ​များ​တည်ခင်း​ကျွေးမွေး​ကာ အိမ်သူအိမ်သား​အားလုံး​နှင့်အတူ ဘုရားသခင်​ကို​ယုံကြည်​ရ​သောကြောင့် အလွန်​ဝမ်းမြောက်​လေ​၏။