YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:16-33

တမန်တော် 16:16-33 JBMLE

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။- ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။- သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။- စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။- ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊- စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။ သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။- ထောင်​မှူး​သည်​နိုး၍ ထောင်​တံ​ခါး​များ ပွင့်​လျက်​ရှိ​သည်​ကို မြင်​လျှင်၊ နှောင်​ဖွဲ့​ခြင်း​ကို ခံ​ရ​သော​သူ​တို့​သည် ထွက်​ပြေး​ကြ​ပြီ​ဟု ထင်​မှတ်​သည်​နှင့်၊ ဓား​ကို အိမ်​မှ​ဆွဲ​ထုတ်၍ ကိုယ်​အ​သက်​ကို​သတ်​မည် ပြု​လေ၏။- ပေါ​လု​က​လည်း၊ ကိုယ်​ကို​အ​ပြစ်​မ​ပြု​နှင့်။ ငါ​တို့​အ​ပေါင်း​သည် ရှိ​ကြ၏​ဟု ကြီး​သော​အ​သံ​နှင့် ဟစ်၍​ပြော​ဆို၏။- ထောင်​မှူး​သည် ညှိ​ထွန်း​သော​မီး​ကို တောင်း​ပြီး​မှ ပြေး​ဝင်၍၊ ပေါ​လု​နှင့် သိ​လ​တို့၏​ခြေ​ရင်း၌ တုန်​လှုပ်​လျက် ပျပ်​ဝပ်​လေ၏။- သူ​တို့​ကို ပြင်​သို့​ထုတ်​ပြီး​လျှင်​လည်း၊ သ​ခင်​တို့၊ အ​ကျွန်ုပ်​သည် ကယ်​တင်​ခြင်း​သို့ ရောက်​အံ့​သော​ငှာ အ​ဘယ်​သို့​ပြု​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​လေ၏။- ထို​သူ​တို့​က​လည်း၊ သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​လော့။ ယုံ​ကြည်​လျှင် သင်​နှင့် သင်၏​အိမ်​သူ​အိမ်​သား​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်​ဟု ပြော​ဆို​လျက်၊- ထို​သူ​မှ​စ၍ သူ၏​အိမ်၌​ရှိ​သ​မျှ​သော သူ​တို့​အား သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ကြ၏။- ထို​ည၊ ထို​အ​ချိန်​နာ​ရီ၌​ပင်၊ ထောင်​မှူး​သည် ပေါ​လု​နှင့် သိ​လ​တို့​ကို​ယူ၍ ဒဏ်​ချက်​ရာ​များ​ကို ဆေး​ကြော​ပြီး​လျှင်၊ မိ​မိ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို ချက်​ချင်းခံ​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။