YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:16-24

တမန်တော် 16:16-24 JBMLE

ထို​နောက်​မှ ငါ​တို့​သည် ပ​တ္ထ​နာ​ဇ​ရပ်​သို့ သွား​စဉ်​တွင် နတ်​ဝင်​ဖြစ်၍ အ​နာ​ဂတ်​ကို​ဟော​သ​ဖြင့်၊ မိ​မိ​သ​ခင်​တို့​အား စီး​ပွား​များ​ကို ပြု​တတ်​သော မိန်း​မ​ငယ်​တစ်​ယောက်​သည် ငါ​တို့​ကို​ဆီး​ကြို​လေ၏။- ထို​မိန်း​မ​ငယ်​သည် ပေါ​လု​နှင့် ငါ​တို့​နောက်​သို့​လိုက်၍၊ ဤ​သူ​တို့​ကား အ​ကျွတ်​တ​ရား​လမ်း​ကို ငါ​တို့​အား ဟော​ပြော​ပြ​သ​သော အ​မြင့်​ဆုံး​သော ဘု​ရား​သ​ခင်၏​ကျွန်​ဖြစ်​ကြ၏​ဟု ဟစ်​ကြော်​လေ၏။- ထို​သို့ အ​ဖန်​များ​စွာ​ပြု​သော​ကြောင့် ပေါ​လု​သည် စိတ်​မ​သာ​လျက်​လှည့်​ကြည့်၍၊ သင်​သည် သူ၏​အ​ထဲ​မှ ထွက်​သွား​လော့။ ယေ​ရှု​ခ​ရစ်၏​နာ​မ​တော်​ကို အ​မှီ​ပြု၍ ငါ​အ​မိန့်​ရှိ၏​ဟု ထို​နတ်​ကို​ဆို​သော​ခ​ဏ​ချင်း​တွင် နတ်​သည်​ထွက်​သွား၏။- သူ၏​သ​ခင်​တို့​သည် နောက်​တစ်​ဖန် စီး​ပွား​ဖြစ်​လိမ့်​မည်​ဟု မျှော်​လင့်​စ​ရာ​အ​ကြောင်း မ​ရှိ​သည်​ကို သိ​မြင်​လျှင်၊ ပေါ​လု​နှင့် သိ​လ​တို့​ကို ဖမ်း​ဆီး​ဆွဲ​ငင်၍ ရုံး​တော်​သို့​ပို့​ကြ၏။- စစ်​ကဲ​မင်း​ထံ​သို့​ရောက်​သော​အ​ခါ ဤ​သူ​တို့​သည် ယု​ဒ​လူ​ဖြစ်​လျက် ငါ​တို့​မြို့​ကို နှောင့်​ယှက်​တတ်​ပါ၏။- ရော​မ​လူ​ဖြစ်​သော​ငါ​တို့​သည် မ​ခံ​မ​ယူ မ​ကျင့်​အပ်​သော ဘာ​သာ​ထုံး​တမ်း​များ​ကို ဟော​ပြော​သွန်​သင်​တတ်​ပါ၏​ဟု လျှောက်​ဆို​ကြ​လျှင်၊- စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။