YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:1-15

တမန်တော် 16:1-15 JBMLE

ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။- ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။- ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။- သူ​တို့​သည် မြို့​များ​ကို​လျှောက်​သွား​စဉ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် စီ​ရင်​သော​ပ​ညတ်​တို့​ကို အ​သင်း​များ​ကျင့်​စောင်​ဖို့​ရာ အပ်​ပေး​ကြ၏။- ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။ ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊- မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊- မု​သိ​ပြည်​အ​နား​မှာ​လျှောက်၍ တ​ရော​မြို့​သို့ ရောက်​ကြ၏။ ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။- ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။ ထို​ကြောင့်၊ တ​ရော​မြို့​မှ သင်္ဘော​လွှင့်၍ သာ​မော​သ​ရက်​ကျွန်း​သို့ တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ နာ​ပေါ​လိ​မြို့​သို့ ရောက်​ကြ၏။- ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။ ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။- ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။- ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။