YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:1-15

တမန်တော် 16:1-15 Judson Bible (JBMLE)

ထို​နောက်​မှ ပေါ​လု​သည် ဒေ​ရ​ဗေ​မြို့​နှင့် လု​တ္တ​ရ​မြို့​သို့ ရောက်​လေ၏။ လု​တ္တ​ရ​မြို့၌ တိ​မော​သေ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက် ရှိ၏။ သူ၏​အ​မိ​ကား၊ ယုံ​ကြည်​သော ယု​ဒ​မိန်း​မ​ဖြစ်၏။ အ​ဘ​ကား၊ ဟေ​လ​သ​လူ​ဖြစ်၏။- ထို​သူ​သည်​လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၌​ရှိ​သော ညီ​အစ်​ကို​တို့​တွင် အ​သ​ရေ​ရှိ​သော​သူ​ဖြစ်၏။- ပေါ​လု​သည် ထို​သူ​ကို​ခေါ်​ခြင်း​ငှာ အ​လို​ရှိ၍၊ သူ၏​အ​ဘ​သည် ဟေ​လ​သ​လူ​ဖြစ်​သည်​ကို ထို​အ​ရပ်​တို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သိ​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို သူ့​အား​ပေး​လေ၏။- သူ​တို့​သည် မြို့​များ​ကို​လျှောက်​သွား​စဉ်​တွင်၊ ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် စီ​ရင်​သော​ပ​ညတ်​တို့​ကို အ​သင်း​များ​ကျင့်​စောင်​ဖို့​ရာ အပ်​ပေး​ကြ၏။- ထို​သို့​အ​သင်း​တော်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မြဲ​မြံ​သည်​ဖြစ်၍၊ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​နေ့​ထက်​တစ်​နေ့ တိုး​ပွား​များ​ပြား​ကြ၏။ ဖြူ​ဂိ​ပြည်၊ ဂ​လာ​တိ​ပြည်​ကို လျှောက်​သွား​ပြီး​မှ အာ​ရှိ​ပြည်၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို မ​ဟော​စေ​ခြင်း​ငှာ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် မြစ်​တား​တော်​မူ​သ​ဖြင့်၊- မု​သိ​ပြည်​သို့​ရောက်၍၊ ဗိ​သု​နိ​ပြည်​သို့ သွား​မည်​ပြု​ကြ​စဉ်၊ ဝိ​ညာဉ်​တော်​သည် အ​ခွင့်​ပေး​တော်​မ​မူ​သော​ကြောင့်၊- မု​သိ​ပြည်​အ​နား​မှာ​လျှောက်၍ တ​ရော​မြို့​သို့ ရောက်​ကြ၏။ ည​အ​ခါ​ပေါ​လု​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မြင်​ရ၍၊ မာ​ကေ​ဒေါ​နိ လူ​တစ်​ယောက်​က၊ မာ​ကေ​ဒေါ​နိ​ပြည်​သို့ ကူး​ပါ။ ငါ​တို့​ကို​မ​စ​ပါ​ဟု ရပ်​လျက် တောင်း​ပန်၏။- ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​ရ​လျှင်၊ မာ​ကေ​ဒေါ​နိ​ပြည်၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​စေ​ခြင်း​ငှ သ​ခင်​ဘု​ရား​သည် ငါ​တို့​ကို​ခေါ်​တော်​မူ​သည်​ဟု ငါ​တို့​သ​ဘော​ကျ​သ​ဖြင့်၊ ထို​ပြည်​သို့​သွား​ခြင်း​ငှာ ချက်​ချင်း​ရှာ​ကြံ​ကြ၏။ ထို​ကြောင့်၊ တ​ရော​မြို့​မှ သင်္ဘော​လွှင့်၍ သာ​မော​သ​ရက်​ကျွန်း​သို့ တည့်​တည့်​သွား​သ​ဖြင့်၊ နက်​ဖြန်​နေ့၌ နာ​ပေါ​လိ​မြို့​သို့ ရောက်​ကြ၏။- ထို​မြို့​မှ​ထွက်​ပြန်​လျှင် မင်း​မှု​လွတ်​သော​မြို့​တည်း​ဟူ​သော မာ​ကေ​ဒေါ​နိ​ပြည်​တစ်​ပိုင်း​ကို အ​စိုး​ရ​သော ဖိ​လိ​ပ္ပိ​မြို့​သို့​ရောက်၍ ကာ​လ​အ​တန်​အ​ရာ နေ​ကြ၏။ ဥ​ပုသ်​နေ့၌ ငါ​တို့​သည် မြို့​ပြင်​သို့​ထွက်​လျှင်၊ ပ​တ္ထ​နာ​ဇ​ရပ်​ရှိ​တတ်​ရာ မြစ်​နား​သို့​သွား၍ ထိုင်​ပြီး​မှ၊ ထို​အ​ရပ်၌​စည်း​ဝေး​သော မိန်း​မ​တို့​အား ဟော​ပြော​ကြ၏။- ထို​အ​ခါ နီ​မောင်း​သော​အ​ထည်​အ​လိပ်​ကို ရောင်း​သော သွာ​တိ​ရဲ​မြို့​သူ လု​ဒိ​အ​မည်​ရှိ​သော မိန်း​မ​တစ်​ယောက်​သည် ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​ဖြစ်၍၊ တ​ရား​နာ​စဉ်​တွင် ပေါ​လု​ဟော​ပြော​သော​အ​ရာ​ကို မှီ​ဝဲ​ဆည်း​ကပ်​စေ​ခြင်း​ငှာ သူ၏​စိတ်​နှ​လုံး​ကို သ​ခင်​ဘု​ရား ဖွင့်​တော်​မူ၏။- ထို​မိန်း​မ​သည် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​မှ၊ ကျွန်​မ​သည် သ​ခင်​ဘု​ရား၌ အ​မှန်​ယုံ​ကြည်​သည်​ကို သင်​တို့​သည် ထင်​မှတ်​လျှင်၊ ကျွန်​မ​အိမ်​သို့ ဝင်၍​နေ​ကြ​ပါ​ဟု တောင်း​ပန်​လျက် ငါ​တို့​ကို အ​နိုင်​သွေး​ဆောင်​လေ၏။

တမန်တော် 16:1-15 Common Language Bible (BCL)

ပေါ​လု​သည်​ဒေ​ရ​ဗေ​မြို့​နှင့်​လုတ္တ​ရ​မြို့​သို့​ရောက် ရှိ​လာ​၏။ လုတ္တ​ရ​မြို့​တွင်​တိ​မော​သေ​နာ​မည်​ရှိ သော​တ​ပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​၏​မိ​ခင်​သည် ယုံ​ကြည်​သူ​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​သော်​လည်း သူ​၏​ဖ​ခင်​မှာ​ဂရိ​အ​မျိုး​သား​ဖြစ်​၏။- သူ​သည်​လုတ္တ​ရ​မြို့​နှင့်​ဣ​ကော​နိ​မြို့​ရှိ ညီ​အစ် ကို​တို့​၏​ချီး​မွမ်း​ခြင်း​ကို​ခံ​ရ​၏။- ပေါ​လု​သည်​သူ့​ကို​မိ​မိ​နှင့်​အ​တူ​လိုက်​စေ​လို သ​ဖြင့် သူ့​အား​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ပေး​၏။ ဤ​သို့​ပြု​ရ​ခြင်း​အ​ကြောင်း​မှာ​တိ​မော​သေ​၏ ဖ​ခင်​သည်​ဂ​ရိ​အ​မျိုး​သား​ဖြစ်​ကြောင်း ထို အ​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​တို့​သိ​ကြ​သော ကြောင့်​ဖြစ်​၏။- သူ​တို့​သည်​မြို့​များ​ကို​ဖြတ်​၍​သွား​ကြ​သော အ​ခါ ယေ​ရု​ရှ​လင်​မြို့​၌​နေ​သော​တ​မန်​တော် များ​နှင့်​အ​သင်း​တော်​လူ​ကြီး​များ​ပြ​ဋ္ဌာန်း သော​ပ​ညတ်​များ​ကို​ရှင်း​လင်း​ပြော​ပြ​ကာ ယုံ​ကြည်​သူ​တို့​လိုက်​နာ​ကျင့်​သုံး​ရန်​ညွှန် ကြား​ကြ​၏။- သို့​ဖြစ်​၍​အ​သင်း​တော်​တို့​၏​ယုံ​ကြည်​ခြင်း ပို​မို​ခိုင်​မြဲ​လာ​လျက် နေ့​စဉ်​နေ့​တိုင်း​အ​ရေ အ​တွက်​အား​ဖြင့်​တိုး​တက်​များ​ပြား​လား ၏။ သူ​တို့​သည်​ဖြု​ဂိ​ပြည်​နှင့်​ဂ​လာ​တိ​ပြည်​တို့ ကို​ဖြတ်​သွား​ကြ​၏။ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သည် သူ​တို့​အား​အာ​ရှ​ပြည်​၌​နှုတ်​က​ပတ်​တ​ရား တော်​ကို​ဟော​ပြော​ခွင့်​ပေး​တော်​မ​မူ။- သူ​တို့​သည်​မု​သိ​ပြည်​နယ်​စပ်​သို့​ရောက်​ကြ​သော အ​ခါ ဗိ​သုန်​ပြည်​သို့​သွား​ရန်​ကြိုး​စား​ကြ​၏။ သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​၏​ဝိ​ညာဉ်​တော်​က​ခွင့် ပြု​တော်​မ​မူ​သ​ဖြင့်၊- မု​သိ​ပြည်​ကို​ဖြတ်​၍​တ​ရော​မြို့​သို့​ရောက်​ကြ​၏။- ပေါ​လု​သည်​ညဥ့်​အ​ခါ​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​တွင် ``မာ​ကေ​ဒေါ​နိ​ပြည်​သို့​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​အား​ကူ​ညီ​မ​စ​ပါ'' ဟု​မာ​ကေ​ဒေါ​နိ ပြည်​သား​တစ်​ယောက်​သည်​ရပ်​လျက်​တောင်း​ပန် နေ​သည်​ကို​မြင်​ရ​၏။- ဤ​သို့​ဗျာ​ဒိတ်​ရူပါ​ရုံ​ကို​ပေါ​လု​မြင်​ပြီး​နောက် ချက်​ချင်း​ပင်​ကျွန်ုပ်​တို့​သည်​မာ​ကေ​ဒေါ​နိ​ပြည် သို့​သွား​ရန်​ပြင်​ဆင်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို သော်​မာ​ကေ​ဒေါ​နိ​ပြည်​သား​တို့​အား​သ​တင်း ကောင်း​ကို​ဟော​ပြော​ရန် ကျွန်ုပ်​တို့​အား​ဘု​ရား သ​ခင်​စေ​ခိုင်း​တော်​မူ​သည်​ဟု​ဆုံး​ဖြတ်​ချက် ချ​ကြ​ခြင်း​ကြောင့်​ဖြစ်​၏။ ကျွန်ုပ်​တို့​သည်​တ​ရော​မြို့​မှ​သာ​မော​သ​ရက် ကျွန်း​သို့ တည့်​တည့်​သင်္ဘော​လွှင့်​ကြ​ရာ​နောက် တစ်​နေ့​၌​နာ​ပေါ​လိ​မြို့​သို့​ရောက်​ကြ​၏။- ထို​မြို့​မှ​ဖိ​လိပ္ပိ​မြို့​သို့​သွား​ကြ​၏။ ဖိ​လိပ္ပိ​မြို့ ကား​မာ​ကေ​ဒေါ​နိ​ပြည်​ပ​ထ​မ​နယ်​၏​မြို့​တစ် မြို့​ဖြစ်​၏။ ရော​မ​အ​မျိုး​သား​တို့​အ​ခြေ​စိုက် ရာ​မြို့​လည်း​ဖြစ်​၏။ ထို​မြို့​တွင်​ကျွန်ုပ်​တို့​သည် ရက်​ပေါင်း​များ​စွာ​နေ​ထိုင်​ကြ​ပြီး​သည့်​နောက်၊- ဥ​ပုသ်​နေ့​၌​မြို့​တံ​ခါး​အ​ပြင်​သို့​ထွက်​ကြ​၏။ ထို​နောက်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​နေ​ရာ​ရှိ​မည် အ​ထင်​နှင့်​မြစ်​ကမ်း​နား​သို့​သွား​ရောက်​၍ ထို အ​ရပ်​တွင်​စု​ဝေး​လျက်​နေ​သည့်​အ​မျိုး​သ​မီး တို့​အား​ဟော​ပြော​ကြ​၏။- ထို​သူ​တို့​အ​ထဲ​တွင်​သွာ​တိ​ရဲ​မြို့​သူ၊ ကမ္ဗ​လာ နီ​အ​ထည်​ကုန်​သည်​လု​ဒိ​နာ​မည်​ရှိ​အ​မျိုး သ​မီး​တစ်​ယောက်​ပါ​၏။ သူ​သည်​ဘု​ရား​သ​ခင် အား​ကိုး​ကွယ်​သူ​တစ်​ဦး​ဖြစ်​၏။ သ​ခင်​ဘု​ရား သည်​ပေါ​လု​ဟော​ပြော​လျက်​နေ​သော​တ​ရား စ​ကား​များ​ကို​အာ​ရုံ​စိုက်​စေ​ရန် ထို​အ​မျိုး သ​မီး​၏​စိတ်​နှ​လုံး​ကို​ပြု​ပြင်​တော်​မူ​၏။- သူ​နှင့်​တ​ကွ​အိမ်​သူ​အိမ်​သား​တို့​သည်​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ယူ​ကြ​၏။ ထို​နောက်​လု​ဒိ​က ``ကျွန်​မ သည်​သ​ခင်​ဘု​ရား​ကို​အ​ကယ်​ပင်​ယုံ​ကြည်​သူ ဖြစ်​သည်​ဟု သင်​တို့​လက်​ခံ​ပါ​လျှင်​ကျွန်​မ​၏ အိမ်​သို့​လာ​ရောက်​တည်း​ခို​ကြ​ပါ'' ဟု​ကျွန်ုပ် တို့​အား​ဖျောင်း​ဖျ​လေ​သည်။

တမန်တော် 16:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ထို့နောက် ပေါလု​သည် ဒေရဗေ​မြို့​မှတစ်ဆင့် လုတ္တရ​မြို့​သို့ ရောက်​လာ​၏။ ထို​အရပ်​၌ တိမောသေ​အမည်​ရှိ တပည့်​တော်​တစ်​ဦး​ရှိ​၏။ သူ​သည် ယုံကြည်​သူ​ဂျူး​အမျိုးသမီး​၏​သား​ဖြစ်​သော်လည်း သူ​၏​ဖခင်​မှာ​မူ ဂရိ​အမျိုးသား​ဖြစ်​၏။ သူ​သည် လုတ္တရ​နှင့်​ဣကောနိ​မြို့​ရှိ ညီအစ်ကို​တို့​တွင် ဂုဏ်​သတင်း​ကောင်း​သော​သူ​ဖြစ်​၏။ ပေါလု​သည် သူ့​ကို မိမိ​နှင့်အတူ​လိုက်​စေ​လို​၍ ထို​အရပ်​၌​ရှိ​သော ဂျူး​လူမျိုး​တို့​ကြောင့် သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​၏။ အကြောင်းမူကား သူ​၏​ဖခင်​သည် ဂရိ​အမျိုးသား​ဖြစ်​ကြောင်း သူတို့​အားလုံး​သိ​နေ​ကြ​၏။ ထို့နောက် သူ​တို့​သည် မြို့​များ​ကို​ဖြတ်​သွား​ရင်း ဂျေရုဆလင်​မြို့​၌​ရှိ​သော​တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​ဆုံးဖြတ်​ထား​သော​စည်းမျဉ်း​တို့​ကို စောင့်ထိန်း​စေရန် လူ​တို့​အား​ပေးအပ်​ကြ​၏။ ဤသို့ဖြင့် အသင်းတော်​များ​သည် ယုံကြည်​ခြင်း​ပိုမို​ခိုင်မာ​လာ​၍ တစ်နေ့တခြား လူ​ဦးရေ​တိုးပွား​လာ​၏။ ထို့နောက် သူ​တို့​သည် ဖြူဂိ​ပြည်​နှင့်​ဂလာတိ​ပြည်​တို့​ကို ဖြတ်​သွား​ကြ​သောအခါ အာရှ​ပြည်​တွင် နှုတ်ကပတ်​တရား​ကို​မ​ဟောပြော​ရန် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​တားမြစ်​ခြင်း​ကို ခံရ​ကြ​၏။ တစ်ဖန် မုသိ​ပြည်​နယ်စပ်​သို့​ရောက်​၍ ဗိသုနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​ရာ သခင်​ယေရှု​၏​ဝိညာဉ်​တော်​သည် သူ​တို့​ကို ခွင့်​မ​ပြု​ခဲ့​ပေ။ ထို့ကြောင့် သူ​တို့​သည် မုသိ​ပြည်​ကို​ဖြတ်​၍ တရော​မြို့​သို့ ဆင်းသွား​ကြ​၏။ ည​အခါ ပေါလု​သည် ရူပါရုံ​တစ်​ခု​ကို မြင်​ရ​၏။ ထို​ရူပါရုံ​၌ မာကေဒေါနိ​ပြည်သား​တစ်​ဦး​သည် ရပ်​လျက် “မာကေဒေါနိ​ပြည်​သို့ ကူး​လာ​၍ အကျွန်ုပ်​တို့​ကို ကူညီ​ပေး​ပါ”​ဟု သူ့​အား တောင်းပန်​ပြောဆို​၏။ ထို​ရူပါရုံ​ကို ပေါလု​မြင်​ရ​သောအခါ သူ​တို့​အား ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် ဘုရားသခင်​သည် ငါ​တို့​ကို ခေါ်​တော်မူ​ပြီ​ဟု ကောက်ချက်​ချ​၍ ချက်ချင်း​ပင် မာကေဒေါနိ​ပြည်​သို့​သွား​ရန် ကြိုးစား​ကြ​၏။ ငါ​တို့​သည် တရော​မြို့​မှ​ရွက်လွှင့်​၍ သာမောသရက်​ကျွန်း​သို့ တိုက်ရိုက်​သွား​ပြီးလျှင် နောက်တစ်နေ့​၌ နေအာ​ပေါလိ​မြို့​သို့​ရောက်​ကြ​၏။ ထို​မြို့​မှ​တစ်ဆင့် ဖိလိပ္ပိ​မြို့​သို့ သွား​ကြ​၏။ ဖိလိပ္ပိ​မြို့​သည် မာကေဒေါနိ​ပြည်​၏​ထို​အပိုင်း​တွင် အဓိက​မြို့​ဖြစ်​ပြီး ရောမ​လက်အောက်ခံ​မြို့​လည်း ဖြစ်​၏။ ငါ​တို့​သည် ထို​မြို့​တွင် ရက်​အတန်ကြာ​နေ​ကြ​၏။ ဥပုသ်​နေ့​၌ ငါ​တို့​သည် မြို့​တံခါး​အပြင်​သို့​ထွက်​၍ ဆုတောင်း​ပတ္ထနာ​ပြု​သော​နေရာ​ရှိ​မည်​ဟု​ထင်​ရ​သည့် မြစ်​ကမ်းနား​သို့​သွား​လျက် ထို​နေရာ​၌​ထိုင်​ပြီးလျှင် စုဝေး​လာ​ကြ​သော​အမျိုးသမီး​တို့​အား ဟောပြော​ကြ​၏။ သွာတိရ​မြို့​မှ ခရမ်းရောင်​အထည်​ကုန်သည်​ဖြစ်​ပြီး ဘုရားသခင်​ကို​ကိုးကွယ်​သော လုဒိ​အမည်​ရှိ အမျိုးသမီး​တစ်​ဦး​သည်​လည်း နားထောင်​နေ​၏။ ပေါလု​ဟောပြော​နေ​သော​အရာ​တို့​ကို အာရုံစိုက်​စေရန် သခင်​ဘုရား​သည် သူ​၏​စိတ်နှလုံး​ကို ဖွင့်​ပေး​တော်မူ​၏။ သူ​သည် မိမိ​အိမ်သူအိမ်သား​များ​နှင့်အတူ ဗတ္တိဇံ​ခံ​ပြီး​သောအခါ “ကျွန်မ​သည် သခင်​ဘုရား​ကို​ယုံကြည်​သူ​ဖြစ်​သည်​ဟု သင်​တို့​ယူဆ​လျှင် ကျွန်မ​အိမ်​သို့ လာရောက်​တည်းခို​ကြ​ပါ”​ဟု တောင်းပန်​လျက် ငါ​တို့​ကို​မရအရ​ဖိတ်ခေါ်​လေ​၏။