YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 15:22-35

တမန်တော် 15:22-35 JBMLE

ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။- သူ​တို့​လက်​ဖြင့် ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ တ​မန်​တော်၊ သင်း​အုပ်၊ ညီ​အစ်​ကို​များ​တို့​သည်၊ အ​န္တိ​အုတ်​မြို့​မှ​စ၍ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ ပြည်​တို့၌​ရှိ​နေ၍ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော ညီ​အစ်​ကို​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။- လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကြောင့် မိ​မိ​အ​သက်​ကို စွန့်​စား​သော​သူ​တည်း​ဟူ​သော၊- ငါ​တို့​ချစ်​သော​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​တ​ကွ ရွေး​ကောက်​သော​သူ​တို့​ကို သင်​တို့​ဆီ​သို့​စေ​လွှတ်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စီ​ရင်​သည်​နှင့်​အ​ညီ၊- ဤ​အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား နှုတ်​ဖြင့် ကြား​စေ​ခြင်း​ငှာ ယု​ဒ​နှင့် သိ​လ​တို့​ကို စေ​လွှတ်​ကြ၏။- ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊- လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း ကြဉ်​ရှောင်​ရ​မည်​ဟူ​သော ပ​ညတ်​မှ​တ​ပါး အ​ခြား​သော​ဝန် သင်​တို့၏​အ​ပေါ်၌ တင်​ခြင်း​ငှာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ငါ​တို့​သည် အ​လို​မ​ရှိ။ ထို​အ​ရာ​များ​ကို ကြဉ်​ရှောင်​အပ်၏။ ကျန်း​မာ​ကြ​ပါ​စေ​သော​ဟု ရေး၍ ပေး​လိုက်​သ​တည်း။ ထို​သူ​တို့​သည် သွား​ရ​သော အ​ခွင့်​ရှိ​သ​ဖြင့်၊ အ​န္တိ​အုတ်​မြို့​သို့ သွား၍၊ လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင် မှာ​စာ​ကို​အပ်​ပေး​ကြ၏။- မှာ​စာ​ကို ဖတ်​ရွတ်​သော​အ​ခါ ထို​သက်​သာ​ခြင်း၏ အ​ကြောင်း​ကြောင့် ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- ယု​ဒ​နှင့် သိ​လ​တို့​သည် ပ​ရော​ဖက်​ဖြစ်​သော​ကြောင့် များ​စွာ​သော​စ​ကား​နှင့် ညီ​အစ်​ကို​တို့​ကို ဆုံး​မ၍ မြဲ​မြံ​ခိုင်​ခံ့​စေ​ကြ၏။- ထို​သူ​တို့​သည် အ​တန်​အ​ရာ​နေ​ပြီး​မှ၊ တ​မန်​တော်​တို့​ထံ​သို့ ငြိမ်​သက်​စွာ​ပြန်​စေ​ခြင်း​ငှာ ညီ​အစ်​ကို​တို့​သည် အ​ခွင့်​ပေး​ကြ၏။- သို့​သော်​လည်း၊ သိ​လ​သည် အ​လို​အ​လျောက် နေ​ရစ်၏။- ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည်​လည်း အ​န္တိ​အုတ်​မြို့၌ နေ​လျက်၊ အ​ခြား​သော​သူ​များ​တို့​နှင့်​တ​ကွ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။