YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 12:1-10

တမန်တော် 12:1-10 JBMLE

ထို​အ​ခါ ဟေ​ရုဒ်​မင်း​ကြီး​သည် သင်း​ဝင်​သူ​အ​ချို့​တို့​ကို ညှဉ်း​ဆဲ​ခြင်း​ငှာ​စီ​ရင်၍၊- ယော​ဟန်၏​အစ်​ကို​ဖြစ်​သော ယာ​ကုပ်​ကို ဓား​နှင့် ကွပ်​မျက်​လေ၏။- ယု​ဒ​လူ​တို့​သည် အား​ရ​ဝမ်း​မြောက်​ခြင်း ရှိ​သည်​ကို​မြင်​လျှင်၊ အ​ဇု​မ​ပွဲ​နေ့​ရက်​တို့၌ တစ်​ဖန်​ထပ်၍၊- ပေ​တ​ရု​ကို​လည်း ဖမ်း​ဆီး​ပြီး​မှ၊ ပ​သ​ခါ​ပွဲ​လွန်​လျှင် လူ​များ​တို့​အား ထုတ်​ပေး​မည်​အ​ကြံ​နှင့် အ​စောင့်​အ​ရှောက်​စစ်​သူ​ရဲ တစ်​ကျိပ်​ခြောက်​ယောက်​တို့၌​အပ်၍ ထောင်​ထဲ​မှာ လှောင်​ထား​လေ၏။- ပေ​တ​ရု​သည် ထောင်​ထဲ၌ အ​ကျဉ်း​နေ​ရ​စဉ်၊ သင်း​ဝင်​သူ​တို့​သည် သူ့​အ​ဖို့​ကြိုး​စား၍ ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ကြ၏။ ပေ​တ​ရု​သည် ဟေ​ရုဒ်​မင်း​ထုတ်​ခါ​နီး၊ ည​အ​ချိန်​တွင် သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​နှောင်​ခြင်း​ကို​ခံ​ရ​လျက်၊ စစ်​သူ​ရဲ​နှစ်​ယောက်​တို့​အ​လယ်၌ အိပ်​ပျော်၍၊ အ​စောင့်​များ​တို့​သည် ထောင်​တံ​ခါး​ရှေ့​မှာ စောင့်​နေ​ကြ၏။- ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ပေါ်​လာ​လျှင် ထောင်​အိမ်၌ အ​လင်း​ထွန်း​တောက်​လေ၏။ ကောင်း​ကင်​တ​မန်​သည် ပေ​တ​ရု၏ နံ​ဘေး​ကို​ပုတ်​ခတ်၍၊ အ​လျင်​အ​မြန်​ထ​လော့​ဟု ဆို​လျက်​ထ​စေ၏။ သံ​ကြိုး​သည်​လည်း ပေ​တ​ရု​လက်​မှ ကျွတ်​လေ၏။- ကောင်း​ကင်​တ​မန်​က​လည်း၊ သင်၏ ခါး​ပန်း​ကို​စည်း​လော့။ ခြေ​နင်း​ကို​လည်း​စည်း​လော့​ဟု ဆို​လျှင်၊ ဆို​သည်​အ​တိုင်း ပေ​တ​ရု​ပြု၏။ ဝတ်​လုံ​ကို​ခြုံ၍ ငါ့​နောက်​သို့​လိုက်​လော့​ဟု ဆို​ပြန်၏။- ပေ​တ​ရု​သည် ထွက်၍​လိုက်​သော်​လည်း၊ ကောင်း​ကင်​တ​မန် ပြု​သ​မျှ​တို့​သည် မှန်​သော​အ​မှု​အ​ရာ​ဖြစ်​သည်​ဟု မ​သိ​မ​မှတ်​ဘဲ၊ မိ​မိ​သည် ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို မြင်​သည်​ဟု​ထင်​လေ၏။- လူ​စောင့်​နှစ်​တန်​ကို လွန်​သွား၍ မြို့​ထဲ​သို့ ဝင်​သော​သံ​တံ​ခါး​သို့ ရောက်​လျှင်၊ ထို​တံ​ခါး​သည် အ​လို​လို​ပွင့်​သ​ဖြင့် သူ​တို့​သည်​ထွက်၍ လမ်း​တစ်​ကြောင်း၌​လျှောက်​သွား​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် ချက်​ချင်း ပေ​တ​ရု​မှ ခွာ၍ သွား​လေ၏။