YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:9-23

တမန်တော် 10:9-23 JBMLE

နက်​ဖြန်​နေ့၌ ထို​သူ​တို့​သည် သွား၍ ယု​ပ္ပေ​မြို့​အ​နီး​သို့ ရောက်​ကြ​သော​အ​ခါ၊ နှစ်​ချက်​တီး​အ​ချိန်​တွင် ပေ​တ​ရု​သည် ဆု​တောင်း​ခြင်း​ငှာ အိမ်​မိုး​ပေါ်​သို့ တက်​လေ၏။- ဆာ​မွတ်၍ အ​စာ​အာ​ဟာ​ရ​ကို အ​လို​ရှိ​လျှင် သူ​တစ်​ပါး​တို့​သည် အ​စာ​အာ​ဟာ​ရ​ကို ပြင်​ဆင်​ကြ​စဉ်​အ​ခါ ပေ​တ​ရု​သည် ဘ​ဝင်​ဖြစ်​၍​နေ​သ​ဖြင့်၊- ကောင်း​ကင်​ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ ခြုံ​ထည်​ကဲ့​သို့ လေး​ထောင့်​ချုပ်၍ မြေ​သို့​ချ​လွှတ်​သော တန်​ဆာ​သည် မိ​မိ​ဆီ​သို့ ဆင်း​သက်​လာ​သည်​ကို​လည်း​ကောင်း မြင်​လေ၏။- ထို​တန်​ဆာ​ထဲ၌ သား​ရဲ​မှ​စ၍ မြေ၌​ကျင်​လည် သော​သား​မျိုး၊ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး၊ မိုး​ကောင်း​ကင်၌ ကျင်​လည်​သော ငှက်​မျိုး​တို့​သည် ရှိ​ကြ၏။- စ​ကား​အ​သံ​သည်​လည်း၊ ပေ​တ​ရု​ထ၍ သတ်​စား​လော့​ဟု လာ၏။- ပေ​တ​ရု​က​လည်း၊ မ​ဖြစ်​နိုင်​ပါ​သ​ခင်။ ညစ်​ညူး​သော​အ​ရာ​နှင့် မ​စင်​ကြယ်​သော​အ​ရာ​ကို အ​ကျွန်ုပ်​သည် တစ်​ရံ​တစ်​ခါ​မျှ မ​စား​ဖူး​ပါ​ဟု ပြော​ဆို၏။- နောက်​တစ်​ဖန် စ​ကား​သံ​ကား၊ ဘု​ရား​သ​ခင် စင်​ကြယ်​စေ​တော်​မူ​သော​အ​ရာ​ကို ညစ်​ညူး​သည်​မ​ထင်​နှင့်​ဟု လာ​ပြန်၏။- ထို​သို့ သုံး​ကြိမ်​မြောက်​အောင်​လာ​ပြီး​လျှင်၊ ထို​တန်​ဆာ​ကို ကောင်း​ကင်​ထဲ​သို့ သိမ်း​ရုပ်​ပြန်​လေ၏။ ပေ​တ​ရု​သည် မိ​မိ​မြင်​ရ​သော ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကား၊ အ​ဘယ်​သို့ ဆို​လို​သ​နည်း​ဟု တွေး​တော​ဆင်​ခြင်၍ နေ​စဉ်​တွင်၊ ကော်​နေ​လိ​စေ​လွှတ်​သော​သူ​တို့​သည် ရှိ​မုန်​အိမ်​ကို မေး​မြန်း​ရှာ​ဖွေ၍ တံ​ခါး​ရှေ့​မှာ​ရပ်​လျက်၊ ပေ​တ​ရု​အ​မည်​သစ်​ကို​ရ​သော ရှိ​မုန်​သည် ဤ​မှာ​တည်း​နေ​ပါ သ​လော​ဟု မေး​မြန်း​ဟစ်​ခေါ်​ကြ၏။ ပေ​တ​ရု​သည် ထို​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို ဆင်​ခြင်၍​နေ​စဉ်​တွင် ဝိ​ညာဉ်​တော်​က၊ လူ​သုံး​ယောက်​တို့​သည် သင့်​ကို​ရှာ​ကြ၏။- ထ၍​ဆင်း​လော့။ တွေး​တော​ခြင်း​မ​ရှိ​ဘဲ ထို​သူ​တို့​နှင့်​အ​တူ လိုက်​သွား​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ငါ​စေ​လွှတ်​သော သူ​ဖြစ်​ကြ​သည်​ဟု မိန့်​တော်​မူ​လျှင်၊- ပေ​တ​ရု​သည်​ဆင်း၍၊ ငါ​ကား၊ သင်​တို့​ရှာ​သော​သူ ဖြစ်၏။ အ​ဘယ်​အ​ကြောင်း​ရှိ၍ လာ​ကြ​သ​နည်း​ဟု ထို​သူ​တို့​အား​မေး၏။- ထို​သူ​တို့​က​လည်း ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့၍၊ ယု​ဒ​လူ​အ​ပေါင်း​တို့​တွင် အ​သ​ရေ​ရှိ​သော သူ​တော်​ကောင်း​တည်း​ဟူ​သော တပ်​မှူး​ကော်​နေ​လိ​သည်၊ ကိုယ်​တော်​ကို မိ​မိ​အိမ်​သို့​ခေါ်​ပင့်၍ ကိုယ်​တော်၏​စ​ကား​ကို နား​ထောင်​ရ​မည်​အ​ကြောင်း၊ သန့်​ရှင်း​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် ဗျာ​ဒိတ်​တော်​ကို ခံ​ရ​ပါ​သည်​ဟု ပြန်​ပြော​ကြ၏။- ပေ​တ​ရု​သည်​လည်း ထို​သူ​တို့​ကို အိမ်​ထဲ​သို့​ခေါ်၍ ဧည့်​သည်​ဝတ်​ကို ပြု​လေ၏။ နက်​ဖြန်​နေ့၌​ထ၍ ထို​သူ​တို့​နှင့်​အ​တူ သွား​သ​ဖြင့်၊ ယု​ပ္ပေ​မြို့​သား​ဖြစ်​သော ညီ​အစ်​ကို အ​ချို့​တို့​သည် လိုက်​ကြ၏။

​တမန်တော် 10:9-23 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။