YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1

1
1အို သော်​ဖိ​လု၊ ယေ​ရှု​သည် ရွေး​ကောက်​တော်​မူ​သော တ​မန်​တော်​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် မှာ​ထား​ပြီး​မှ၊-#လု၊ ၁:၁-၄။ 2အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူသောနေ့မရောက်မီကာလတွင်၊ ပြုမူသွန်သင်တော်မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။- 3အ​သေ​ခံ​တော်​မူ​ပြီး​လျှင်၊ တ​မန်​တော်​တို့​အား အ​ရက်​လေး​ဆယ်​ပတ်​လုံး ကိုယ်​ကို​ပြ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​ကို မိန့်​မြွက်​တော်​မူ​လျက်၊ မိ​မိ​အ​သက်​ရှင်​သည်​အ​ကြောင်း​ကို ခိုင်​ခံ့​သော သက်​သေ​အ​များ​အား​ဖြင့် ပြ​တော်​မူ၏။- 4ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။-#လု၊ ၂၄:၄၉။ 5က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။#မ၊ ၃:၁၁။ မာ၊ ၁:၈။ လု၊ ၃:၁၆။ ယော၊ ၁:၃၃။
ကောင်း​ကင်​ဘုံ​သို့​တက်​ကြွ​ခြင်း
6ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊- 7သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။- 8ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-#မ၊ ၂၈:၁၉။ မာ၊ ၁၆:၁၅။ လု၊ ၂၄:၄၇၊ ၄၈။ 9တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။-#မာ၊ ၁၆:၁၉။ လု၊ ၂၄း၅၀-၅၁။ 10ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊- 11အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။
ယု​ဒ​၏​နေ​ရာ​ကို​ဆက်​ခံ​သူ
12ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။- 13ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။-#မ၊ ၁၀:၂-၄။ မာ၊ ၁၃:၁၆-၁၉။ လု၊ ၆:၁၄-၁၆။ 14ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။
15ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊- 16ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။- 17ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။- 18ထို​သူ​သည် မ​တ​ရား​သော​အ​မှု​အ​တွက်​ဖြင့် ရ​သော​အ​ခ​နှင့် မြေ​တစ်​ကွက်​ကို​ဝယ်​ပြီး​မှ၊ မှောက်​လျက်​ကျ​လဲ၍ ဝမ်း​ကွဲ​သ​ဖြင့် အ​အူ​များ​ပေါက်​လေ​ပြီ။- 19ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။-#မ၊ ၂၇:၃-၈။ 20ဆာ​လံ​ကျမ်း​စာ၌​လာ​သည်​ကား၊ သူ၏​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ​ဟု ရေး​မှတ်​သ​တည်း။-#ဆာ၊ ၆၉:၂၅၊ ၁၀၉:၈။ 21ထို​ကြောင့် ယောဟန်​သည် ဗ​တ္တိ​ဇံ​ကို ပေး​သည်​ကာ​လ​မှ​စ၍၊ 22သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။-#မ၊ ၃:၁၆။ မာ၊ ၁:၉၊ ၁၆:၁၉။ လု၊ ၃:၂၁၊ ၂၄:၅၁။
23ဗာ​ရှ​ဗ​ဟု ခေါ်​ဝေါ်၍ ယု​တ္တု​အ​မည်​သစ်​ကို​ရ​သော ယော​သပ်​နှင့် မဿိ​ကို ခန့်​ထား၍၊- 24ဤ​သို့​ဆု​တောင်း​ကြ၏။- 25လူ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော သ​ခင်​ဘု​ရား၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် မိ​မိ​နေ​ရာ​အ​ရပ်​သို့ သွား​အံ့​သော​ငှာ ဓ​မ္မ​ဆ​ရာ၏​အ​ရာ၊ တ​မန်​တော်၏​အ​ရာ​မှ ရွေ့​လျော့​ဖောက်​ပြန်​သည်​ဖြစ်၍၊ ထို​အ​ရာ​ကို​ခံ​စေ​ခြင်း​ငှာ ဤ​သူ​နှစ်​ယောက်​တို့​တွင် ရွေး​ကောက်​တော်​မူ​သော​သူ​ကို ပြ​ညွှန်​တော်​မူ​ပါ​ဟု ဆု​တောင်း​ပြီး​မှ၊- 26စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 1: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ