YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:9-26

တမန်တော် 1:9-26 JBMLE

တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။- ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊- အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။ ထို​အ​ခါ ယေ​ရု​ရှ​လင်​မြို့​နှင့် ဥ​ပုသ်​နေ့​တစ်​နေ့​ခ​ရီး​သာ​ကွာ၍ သံ​လွင်​အ​မည်​ရှိ​သော​တောင်​မှ ယေ​ရု​ရှ​လင်​မြို့​သို့ တ​မန်​တော်​တို့​သည် ပြန်​ကြ၏။- ရောက်​ကြ​လျှင်၊ ပေ​တ​ရု၊ ယာ​ကုပ်၊ ယော​ဟန်၊ အ​န္ဒြေ၊ ဖိ​လိ​ပ္ပု၊ သော​မ၊ ဗာ​သော​လ​မဲ၊ မဿဲ၊ အာ​လ​ဖဲ၏​သား​ယာ​ကုပ်၊ ရှိ​မုန်​ဇေ​လုတ်၊ ယာ​ကုပ်​ညီ ယု​ဒ​တို့​သည် တည်း​နေ​ရာ​အိမ်​အ​ထက်​ခန်း​သို့ တက်​ကြ၏။- ထို​သူ​အ​ပေါင်း​တို့​သည် ယေ​ရှု၏​မယ်​တော်​မာ​ရိ​မှ​စ၍ မိန်း​မ​တို့​နှင့်​လည်း​ကောင်း၊ ညီ​တော်​တို့​နှင့်​လည်း​ကောင်း၊ တ​ညီ​တ​ညွတ်​တည်း ကြိုး​စား၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​လျက် နေ​ကြ၏။ ထို​အ​ခါ အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ရာ​နှစ်​ဆယ်​သော တ​ပည့်​တော်​တို့၏​အ​လယ်၌ ပေ​တ​ရု​သည်​ထ၍၊- ညီ​အစ်​ကို​တို့၊ ယေ​ရှု​ကို​ဖမ်း​ဆီး​သော​သူ​တို့​အား လမ်း​ပြ​သော​ယု​ဒ​ရှ​ကာ​ရုတ်​ကို ရည်​မှတ်၍ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​မင်း၏​နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​နှင့်​သော ကျမ်း​စာ​ချက်​အ​တိုင်း မ​ပြည့်​စုံ​ဘဲ မ​နေ​ရ။- ထို​သူ​သည် ငါ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​ရာ​ကို ခံ​ရ​ပြီ။- ထို​သူ​သည် မ​တ​ရား​သော​အ​မှု​အ​တွက်​ဖြင့် ရ​သော​အ​ခ​နှင့် မြေ​တစ်​ကွက်​ကို​ဝယ်​ပြီး​မှ၊ မှောက်​လျက်​ကျ​လဲ၍ ဝမ်း​ကွဲ​သ​ဖြင့် အ​အူ​များ​ပေါက်​လေ​ပြီ။- ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည်​သိ၍ မိ​မိ​တို့​ဘာ​သာ​အား​ဖြင့် ထို​မြေ​ကို အ​ကေ​လ​ဒ​မ​ဟု ခေါ်​တွင်​ကြ၏။ အ​နက်​ကား သွေး​မြေ​ဟု ဆို​လို​သ​တည်း။- ဆာ​လံ​ကျမ်း​စာ၌​လာ​သည်​ကား၊ သူ၏​နေ​ရာ​အ​ရပ်​သည် လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​ပါ​စေ။ နေ​သော​သူ မ​ရှိ​ပါ​စေ​နှင့်။ သူ၏​အ​ရာ​ကို​လည်း အ​ခြား​သူ​ရ​ပါ​စေ​ဟု ရေး​မှတ်​သ​တည်း။- ထို​ကြောင့် ယောဟန်​သည် ဗ​တ္တိ​ဇံ​ကို ပေး​သည်​ကာ​လ​မှ​စ၍၊ သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။- ဗာ​ရှ​ဗ​ဟု ခေါ်​ဝေါ်၍ ယု​တ္တု​အ​မည်​သစ်​ကို​ရ​သော ယော​သပ်​နှင့် မဿိ​ကို ခန့်​ထား၍၊- ဤ​သို့​ဆု​တောင်း​ကြ၏။- လူ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော သ​ခင်​ဘု​ရား၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် မိ​မိ​နေ​ရာ​အ​ရပ်​သို့ သွား​အံ့​သော​ငှာ ဓ​မ္မ​ဆ​ရာ၏​အ​ရာ၊ တ​မန်​တော်၏​အ​ရာ​မှ ရွေ့​လျော့​ဖောက်​ပြန်​သည်​ဖြစ်၍၊ ထို​အ​ရာ​ကို​ခံ​စေ​ခြင်း​ငှာ ဤ​သူ​နှစ်​ယောက်​တို့​တွင် ရွေး​ကောက်​တော်​မူ​သော​သူ​ကို ပြ​ညွှန်​တော်​မူ​ပါ​ဟု ဆု​တောင်း​ပြီး​မှ၊- စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။