YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:4-11

တမန်တော် 1:4-11 JBMLE

ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။- က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊- သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။- ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။- တ​မန်​တော်​တို့​သည် ကြည့်​ရှု​လျက်​နေ​ကြ​စဉ်၊ သ​ခင်​ဘု​ရား​သည် အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ၍၊ မိုး​တိမ်​သည် ကိုယ်​တော်​ကို မျက်​ကွယ်​အောင် ခံ​ယူ​လေ၏။- ထို​သို့​ကြွ​တော်​မူ​သည်​ကို တ​မန်​တော်​တို့​သည် ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်​လျက် နေ​ကြ​စဉ်​တွင်၊ လူ​နှစ်​ယောက်​တို့​သည် ဖြူ​စင်​သော​အ​ဝတ်​ကို ဝတ်​ဆင်​လျက် တ​မန်​တော်​တို့​အ​နား​မှာ ပေါ်​လာ၍၊- အို ဂါ​လိ​လဲ​လူ​တို့၊ အ​ဘယ်​ကြောင့်​ကောင်း​ကင်​သို့ ကြည့်​မျှော်​လျက် နေ​ကြ​သ​နည်း။ သင်​တို့​နှင့်​ခွာ၍ ကောင်း​ကင်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သော ထို​ယေ​ရှု​သည် သင်​တို့​မျက်​မှောက်၌ ကောင်း​ကင်​သို့ ကြွ​သွား​တော်​မူ​သည်​နည်း​တူ တစ်​ဖန်​ကြွ​လာ​တော်​မူ​လ​တ္တံ့ ဟု​ပြော​ဆို၏။