ထိုအခါ အရေအတွက်အားဖြင့် တစ်ရာနှစ်ဆယ်သော တပည့်တော်တို့၏အလယ်၌ ပေတရုသည်ထ၍၊- ညီအစ်ကိုတို့၊ ယေရှုကိုဖမ်းဆီးသောသူတို့အား လမ်းပြသောယုဒရှကာရုတ်ကို ရည်မှတ်၍ သန့်ရှင်းသောဝိညာဉ်တော်သည် ဒါဝိဒ်မင်း၏နှုတ်ဖြင့် ဗျာဒိတ်ထားတော်မူနှင့်သော ကျမ်းစာချက်အတိုင်း မပြည့်စုံဘဲ မနေရ။- ထိုသူသည် ငါတို့နှင့် ရေတွက်ဝင်ခြင်းသို့ရောက်၍ ဓမ္မဆရာ၏အရာကို ခံရပြီ။- ထိုသူသည် မတရားသောအမှုအတွက်ဖြင့် ရသောအခနှင့် မြေတစ်ကွက်ကိုဝယ်ပြီးမှ၊ မှောက်လျက်ကျလဲ၍ ဝမ်းကွဲသဖြင့် အအူများပေါက်လေပြီ။- ထိုအကြောင်းအရာကို ယေရုရှလင်မြို့၌နေသော သူအပေါင်းတို့သည်သိ၍ မိမိတို့ဘာသာအားဖြင့် ထိုမြေကို အကေလဒမဟု ခေါ်တွင်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။- ဆာလံကျမ်းစာ၌လာသည်ကား၊ သူ၏နေရာအရပ်သည် လူဆိတ်ညံရာအရပ် ဖြစ်ပါစေ။ နေသောသူ မရှိပါစေနှင့်။ သူ၏အရာကိုလည်း အခြားသူရပါစေဟု ရေးမှတ်သတည်း။
တမန်တော် 1 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 1:15-20
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ