YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:1-8

တမန်တော် 1:1-8 JBMLE

အို သော်​ဖိ​လု၊ ယေ​ရှု​သည် ရွေး​ကောက်​တော်​မူ​သော တ​မန်​တော်​တို့​ကို ဝိ​ညာဉ်​တော်​အား​ဖြင့် မှာ​ထား​ပြီး​မှ၊- အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူသောနေ့မရောက်မီကာလတွင်၊ ပြုမူသွန်သင်တော်မူသ​မျှ​တို့​ကို ထုတ်​ဖော်၍၊ အ​ထက်​ကျမ်း​စာ​ကို ငါ​စီ​ရင်​ရေး​ထား​ပါ​ပြီ။- အ​သေ​ခံ​တော်​မူ​ပြီး​လျှင်၊ တ​မန်​တော်​တို့​အား အ​ရက်​လေး​ဆယ်​ပတ်​လုံး ကိုယ်​ကို​ပြ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​နှင့်​စပ်​ဆိုင်​သော​အ​ရာ​တို့​ကို မိန့်​မြွက်​တော်​မူ​လျက်၊ မိ​မိ​အ​သက်​ရှင်​သည်​အ​ကြောင်း​ကို ခိုင်​ခံ့​သော သက်​သေ​အ​များ​အား​ဖြင့် ပြ​တော်​မူ၏။- ထို​တ​မန်​တော်​တို့​ကို စု​ဝေး​စေ​တော်​မူ​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​မှ​မ​ထွက်​မ​သွား​ဘဲ ခ​မည်း​တော်၏ က​တိ​ကို​ငံ့​နေ​မည်​အ​ကြောင်း မှာ​တော်​မူ၍၊ ထို​က​တိ​တော်​ကို ငါ​ဟော​ပြော​သ​ဖြင့် သင်​တို့​သည်​ကြား​သိ​ရ​ကြ​ပြီ။- က​တိ​တော်​အ​ချက် ဟူ​မူ​ကား၊ ယော​ဟန်​သည် ရေ၌​ဗ​တ္တိ​ဇံ​ကို​ပေး၏။ သင်​တို့​သည် မ​ကြာ​မ​မြင့်​မီ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၌ ဗ​တ္တိ​ဇံ​ကို​ခံ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ ထို​တ​မန်​တော်​တို့​သည်​လည်း စု​ဝေး၍၊ သ​ခင်​ဘု​ရား၊ ယ​ခု​အ​ခါ​ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား နိုင်​ငံ​ကို​ပြန်​ပေး​တော်​မူ​မည်​လော​ဟု မေး​လျှောက်​ကြ​လျှင်၊- သ​ခင်​ဘု​ရား​က၊ ခ​မည်း​တော်၏​တန်​ခိုး​အား​ဖြင့် စီ​ရင်​တော်​မူ​သော​အ​ချိန်​ကာ​လ​ကို သိ​ရ​သော​အ​ခွင့်​သည် သင်​တို့၌​မ​ရှိ။- ထို​သို့​မ​ရှိ​သော်​လည်း၊ သင်​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ဆင်း​သက်​သော​အ​ခါ သင်​တို့​သည် တန်​ခိုး​ကို​ခံ​ရ၍ ယေ​ရု​ရှ​လင်​မြို့​မှ​စ​သော ယု​ဒ​ပြည်၊ ရှ​မာ​ရိ​ပြည်၊ မြေ​ကြီး​စွန်း​တိုင်​အောင် ငါ၏​သက်​သေ ဖြစ်​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။