YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 3:1-5

၂ တိမောသေ 3:1-5 JBMLE

နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊- လူ​တို့​သည် ကိုယ်​ကိုယ်​ကို​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ဝါ​ကြွား​သော​သူ၊ ထောင်​လွှား​စော်​ကား​သော​သူ၊ သူ့​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​ရှိ​သော​သူ၊ သန့်​ရှင်း​ခြင်း မ​ရှိ​သော​သူ၊- ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊- သ​စ္စာ​ကို​ဖျက်​တတ်​သော​သူ၊ သ​တိ​ပေး​ခြင်း​ကို မ​ခံ​သော​သူ၊ မာန်​မ​န​နှင့်​ယစ်​မူး​သော​သူ၊ ဘု​ရား​သ​ခင်​ကို နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို​သာ၍ နှစ်​သက်​သော​သူ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ယောင်​ဆောင်၍၊- မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။