YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 3:1-5

၂ တိမောသေ 3:1-5 Judson Bible (JBMLE)

နောင်​ကာ​လ​သည် ခဲ​ယဉ်း​သော ကာ​လ​ဖြစ်​မည်​ဟု သိ​မှတ်​လော့။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊- လူ​တို့​သည် ကိုယ်​ကိုယ်​ကို​ချစ်​သော​သူ၊ ငွေ​ကို​တပ်​မက်​သော​သူ၊ ဝါ​ကြွား​သော​သူ၊ ထောင်​လွှား​စော်​ကား​သော​သူ၊ သူ့​အ​သ​ရေ​ကို ရှုတ်​ချ​သော​သူ၊ မိ​ဘ​စ​ကား​ကို နား​မ​ထောင်​သော​သူ၊ ကျေး​ဇူး​မ​ရှိ​သော​သူ၊ သန့်​ရှင်း​ခြင်း မ​ရှိ​သော​သူ၊- ပ​က​တိ ကြင်​နာ​စုံ​မက်​ခြင်း​နှင့် ကင်း​သော​သူ၊ ရန်​ငြိုး​ဖွဲ့​သော​သူ၊ ချော​စား​တတ်​သော​သူ၊ ကိုယ်​ဣ​န္ဒြေ​ကို မ​ချုပ်​တည်း​နိုင်​သော​သူ၊ ပြင်း​ထန်​သူ၊ သူ​တော်​ကောင်း​ကို မုန်း​သော​သူ၊- သ​စ္စာ​ကို​ဖျက်​တတ်​သော​သူ၊ သ​တိ​ပေး​ခြင်း​ကို မ​ခံ​သော​သူ၊ မာန်​မ​န​နှင့်​ယစ်​မူး​သော​သူ၊ ဘု​ရား​သ​ခင်​ကို နှစ်​သက်​သည်​ထက် ကာ​မ​ဂုဏ်​ခံ​စား​ခြင်း​ကို​သာ၍ နှစ်​သက်​သော​သူ၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ယောင်​ဆောင်၍၊- မွေ့​လျော်​ခြင်း​တန်​ခိုး​ကို ငြင်း​ပယ်​သော​သူ ဖြစ်​ကြ​လိမ့်​မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

၂ တိမောသေ 3:1-5 Common Language Bible (BCL)

အ​ဆုံး​စွန်​သော​နေ့​ရက်​တို့​သည်​ကြပ်​တည်း ခဲ​ယဉ်း​သော​ကာ​လ​ဖြစ်​မည်​ကို​သိ​မှတ်​လော့။- လူ​တို့​သည်​တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​သူ၊ လော​ဘ ကြီး​သူ၊ ကြွား​ဝါ​သူ၊ မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး သူ၊ စော်​ကား​သူ၊ မိ​ဘ​တို့​ကို​တော်​လှန်​သူ၊ ကျေး​ဇူး တ​ရား​မ​သိ​သူ၊ ဘု​ရား​တ​ရား​မ​ကြည်​ညို​သူ၊- အ​ကြင်​နာ​ကင်း​မဲ့​သူ၊ ရက်​စက်​ကြမ်း​ကြုတ်​သူ၊ သူ​တစ်​ပါး​အ​သ​ရေ​ကို​ဖျက်​သူ၊ အ​ကြမ်း​ဖက် သူ၊ ကြမ်း​တမ်း​သူ၊ ကောင်း​မြတ်​သည့်​အ​ရာ​ကို မုန်း​သူ၊- သစ္စာ​ဖောက်​သူ၊ အ​ရမ်း​မဲ့​ပြု​မူ​သူ၊ မာ​န​ကြီး​သူ၊ ဘု​ရား​သ​ခင်​ကို​နှစ်​သက်​သည်​ထက်​ကာ​မ​ဂုဏ် ခံ​စား​မှု​ကို​ပို​၍​နှစ်​သက်​သူ၊- ဘာ​သာ​တ​ရား​ဆိုင်​ရာ​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို လိုက်​နာ​ကြ​သော်​လည်း ဘာ​သာ​တ​ရား​၏​ပြု ပြင်​သော​တန်​ခိုး​ကို​မူ​ကား​ငြင်း​ပယ်​သော​သူ များ​ဖြစ်​ကြ​လိမ့်​မည်။ သင်​သည်​ထို​သူ​တို့​ကို ရှောင်​ရှား​လော့။

၂ တိမောသေ 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့သော် နောက်ဆုံး​သော​နေ့ရက်​တို့​၌ ခဲယဉ်း​သော​အချိန်​ကာလ​များ​ကျရောက်​မည်​ဖြစ်​ကြောင်း သိမှတ်​လော့။ အကြောင်းမူကား လူ​တို့​သည် ကိုယ့်ကိုယ်ကိုယ်​ချစ်​သော​သူ၊ ငွေ​ကို​တပ်မက်​သော​သူ၊ ကြွားဝါ​သော​သူ၊ မာန​ထောင်လွှား​သော​သူ၊ စော်ကား​ပြောဆို​သော​သူ၊ မိဘ​စကား​ကို​နားမထောင်​သော​သူ၊ ကျေးဇူး​မ​သိ​သော​သူ၊ မ​သန့်ရှင်း​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ ရန်ငြိုး​ဖွဲ့​သော​သူ၊ ကုန်းချော​တတ်​သော​သူ၊ မိမိ​စိတ်​ကို​မချုပ်တည်း​နိုင်​သော​သူ၊ ကြမ်းကြုတ်​သော​သူ၊ ကောင်း​သော​အမှု​ကို​မုန်း​သော​သူ၊ သစ္စာဖောက်​သော​သူ၊ မဆင်မခြင်​ပြု​သော​သူ၊ မောက်မာ​သော​သူ၊ ဘုရားသခင်​ကို​နှစ်သက်​သည်​ထက် ကာမဂုဏ်​ခံစား​ခြင်း​ကို သာ၍​နှစ်သက်​သော​သူ၊ ဘုရား​ဝတ်​၌​မွေ့လျော်​ဟန်​ရှိ​သော်လည်း ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​၏​တန်ခိုး​ကို ငြင်းပယ်​သော​သူ​များ​ဖြစ်​ကြ​လိမ့်မည်။ ထို​သူ​တို့​ကို ရှောင်​လော့။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။