YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2:1-13

၂ တိမောသေ 2:1-13 JBMLE

ငါ့​သား၊ သင်​သည် ယေ​ရှု​ခ​ရစ်၌​ရှိ​သော ကျေး​ဇူး​တော်​အား​ဖြင့် ခိုင်​ခံ့​ခြင်း​ရှိ​လော့။- သက်​သေ​ခံ​အ​များ​ရှိ​သည်​နှင့် ငါ့​ထံ၌​ကြား​ရ​ပြီး​သော အ​ရာ​တို့​ကို၊ သ​စ္စာ​နှင့်​ပြည့်​စုံ၍ သူ​တစ်​ပါး​တို့​ကို သွန်​သင်​ခြင်း​ငှာ၊ တတ်​စွမ်း​နိုင်​သော သူ​တို့၌ အပ်​ပေး​လော့။- ထို​သို့​အ​လို​ငှာ သင်​သည်၊ ယေ​ရှု​ခ​ရစ်​ထံ၌ ကောင်း​သော​စစ်​သူ​ရဲ​ကဲ့​သို့၊ ဆင်း​ရဲ​ဒု​က္ခ​ကို သည်း​ခံ​လော့၊- စစ်​သူ​ရဲ​မည်​သည်​ကား၊ မိ​မိ​ကို​စစ်​သူ​ရဲ​အ​ရာ၌ ခန့်​ထား​သော​သူ​ကို နှစ်​သက်​စေ​ခြင်း​ငှာ၊ လော​ကီ​မှု ရေး​နှင့်​ပြွမ်း​နှော​ရှုပ်​ထွေး​ခြင်း​ကို ပယ်​ရှား​တတ်၏။- ပွဲ၌ လူ​ချင်း​တိုက်​သော​သူ မည်​သည်​ကား၊ ထုံး​တမ်း​အ​တိုင်း​မ​တိုက်​လျှင် ပန်း​ဦး​ရစ်​ကို​မ​ရ။- လယ်​လုပ်​သော​သူ​သည်​လည်း အ​ရင်​လုပ်​ပြီး​မှ အ​သီး​အ​နှံ​ကို​ခံ​ရ​မည်။- ငါ့​စ​ကား​ကို ဆင်​ခြင်​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ရာ​ရာ​တို့၌ ဉာဏ်​ကို သင့်​အား ပေး​သ​နား​တော်​မူ​ပါ​စေ​သော။ ဒါ​ဝိဒ်​အ​မျိုး​ဖြစ်​သော ယေ​ရှု​ခ​ရစ်​သည်၊ ငါ​ဟော​သော ဝံ​ဂေ​လိ​တ​ရား​အ​တိုင်း၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သည်​ဟု အောက်​မေ့​လော့။- ထို​တ​ရား​ကြောင့် ငါ​သည်​လူ​ဆိုး​ကဲ့​သို့ ချည်​နှောင်​ခြင်း​တိုင်​အောင် ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​ရ၏။ သို့​သော်​လည်း၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တ​ရား​တော်​သည် ချည်​နှောင်​ခြင်း​နှင့် ကင်း​လွတ်၏။- ထို​ကြောင့် ရွေး​ကောက်​တော်​မူ​သော သူ​တို့​သည်၊ ထာ​ဝ​ရ ဘုန်း​အ​သ​ရေ​နှင့်​တ​ကွ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​စိမ့်​သော​ငှာ၊ သူ​တို့​အ​ဖို့ အ​ရာ​ရာ​ကို ငါ​သည်း​ခံ​ရ၏။- သ​စ္စာ​စ​ကား​ဟူ​ကား၊ ထို​သ​ခင်​နှင့်​အ​တူ​သေ​လျှင်၊ အ​တူ​ရှင်​လိမ့်​မည်။- သည်း​ခံ​လျှင်၊ ထို​သ​ခင်​နှင့်​အ​တူ စိုး​စံ​လိမ့်​မည်။ ထို​သ​ခင်​ကို ငါ​တို့​သည် ငြင်း​ပယ်​လျှင်၊ ငါ​တို့​ကို ငြင်း​ပယ်​တော်​မူ​လိမ့်​မည်။- ငါ​တို့​သည် မ​ယုံ​ကြည်​သော်​လည်း၊ ထို​သ​ခင်​သည် သ​စ္စာ​တည်​သ​ဖြင့် ကိုယ်​ကို ငြင်း​ပယ်​တော်​မ​မူ​နိုင်။