YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 2:1-5

၂ သက်သာလောနိတ် 2:1-5 JBMLE

ညီ​အစ်​ကို​တို့၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ၍၊ ငါ​တို့​သည် အ​ထံ​တော်၌ စည်း​ဝေး​ခြင်း​အ​ရာ​မှာ၊ သ​ခင်​ဘု​ရား၏​နေ့​ရက် သည် ချက်​ချင်း​ရောက်​မည်​ဟူ၍ စိတ်​ဝိ​ညာဉ်​အား​ဖြင့်​ဖြစ်​စေ၊ နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ ငါ​တို့​စာ​ကဲ့​သို့​သော စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် စိတ်​ရွေ့​လျော့​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း၊ အ​လျင်​တ​ဆော မ​ရှိ​မည်​အ​ကြောင်း ငါ​တို့​သည် တောင်း​ပန်​ကြ၏။- အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။- ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။ ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ၊ ထို​အ​ကြောင်း​အ​ရာ​များ​ကို ပြော​ပြီ​ဟု သင်​တို့​သည် သ​တိ​မ​ရ​ကြ​သ​လော။