YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 2:2-5

၂ သက်သာလောနိတ် 2:1-5 Judson Bible (JBMLE)

ညီ​အစ်​ကို​တို့၊ ငါ​တို့ သ​ခင်​ယေ​ရှု​ခ​ရစ် ကြွ​လာ​တော်​မူ၍၊ ငါ​တို့​သည် အ​ထံ​တော်၌ စည်း​ဝေး​ခြင်း​အ​ရာ​မှာ၊ သ​ခင်​ဘု​ရား၏​နေ့​ရက် သည် ချက်​ချင်း​ရောက်​မည်​ဟူ၍ စိတ်​ဝိ​ညာဉ်​အား​ဖြင့်​ဖြစ်​စေ၊ နှုတ်​ထွက်​စ​ကား​အား​ဖြင့်​ဖြစ်​စေ၊ ငါ​တို့​စာ​ကဲ့​သို့​သော စာ​အား​ဖြင့်​ဖြစ်​စေ၊ သင်​တို့​သည် စိတ်​ရွေ့​လျော့​ခြင်း၊ စိုး​ရိမ်​တုန်​လှုပ်​ခြင်း၊ အ​လျင်​တ​ဆော မ​ရှိ​မည်​အ​ကြောင်း ငါ​တို့​သည် တောင်း​ပန်​ကြ၏။- အ​ဘယ်​သူ​မျှ သင်​တို့​ကို အ​ဘယ်​သို့​သော​အား​ဖြင့် မ​လှည့်​ဖြား​စေ​နှင့်၊ ထို​နေ့​ရက်​မ​ရောက်​မီ ဖောက်​ပြန်​သင်း​ခွဲ​ခြင်း​သည် အ​ရင်​ဖြစ်၍၊ ဒု​စ​ရိုက်​လူ​တည်း​ဟူ​သော ပျက်​စီး​ခြင်း၏​သား​သည် ပေါ်​လာ​ရ​လိမ့်​မည်။- ထို​သူ​သည် ဘု​ရား​သ​ခင်​ဟူ၍​လည်း​ကောင်း၊ ဘု​ရား​ဟူ၍​လည်း​ကောင်း၊ ခေါ်​ဝေါ်​သ​မျှ​သော​အ​ရာ​တို့​ကို ရန်​ဘက်​ပြု၍၊ ကိုယ်​ကို ကိုယ်​ချီး​မြှောက်​သော​အား​ဖြင့်၊ ဘု​ရား​သ​ခင်၏ ဗိ​မာန်​တော်၌ ဘု​ရား​သ​ခင်​ကဲ့​သို့ ထိုင်၍၊ ဘု​ရား​သ​ခင် ဖြစ်​ယောင်​ဆောင်​လျက် ကိုယ်​ကို​ပြ​သော​သူ ဖြစ်​သ​တည်း။ ငါ​သည် သင်​တို့​နှင့်​အ​တူ ရှိ​စဉ်​အ​ခါ၊ ထို​အ​ကြောင်း​အ​ရာ​များ​ကို ပြော​ပြီ​ဟု သင်​တို့​သည် သ​တိ​မ​ရ​ကြ​သ​လော။

၂ သက်သာလောနိတ် 2:2-5 Common Language Bible (BCL)

သ​ခင်​ဘု​ရား​ကြွ​လာ​တော်​မူ​ရာ​နေ့​ကျ ရောက်​ပြီ​ဖြစ်​ကြောင်း​လူ​တို့​ပြော​ဆို​သည် ကို​ကြား​ရ​သော​အ​ခါ သင်​တို့​သည်​ရုတ်​တရက် စိတ်​ရှုပ်​ထွေး​ကာ​မ​တည်​မ​ငြိမ်​မ​ဖြစ်​ကြ​နှင့်။ ဤ​သို့​ပြော​ဆို​ခြင်း​သည်​ငါ​တို့​ပ​ရော​ဖက် ပြု​ခြင်း​အား​ဖြင့်​ပြော​သော​စ​ကား​ဟူ​၍ ဖြစ်​စေ၊ ငါ​တို့​တရား​ဟော​ရာ​တွင်​ပြော​သော စ​ကား​ဟူ​၍​ဖြစ်​စေ၊ ငါ​တို့​စာ​တွင်​ပါ​ရှိ သည့်​စ​ကား​ဟူ​၍​ဖြစ်​စေ​လူ​တို့​ထင် ကောင်း​ထင်​ကြ​ပေ​လိမ့်​မည်။- ဤ​အ​ကြောင်း​နှင့်​ပတ်​သက်​၍​လူ​တို့​မှား​ယွင်း စွာ​ပြော​ဆို​နေ​သည်​ကို​လုံး​ဝ​မ​ယုံ​ကြ​နှင့်။ နောက်​ဆုံး​ပုန်​ကန်​မှု​ကြီး​မ​ဖြစ်​ပေါ်​မီ​နှင့် င​ရဲ​သို့​လား​ရ​မည်​ဖြစ်​သော​သူ​ယုတ်​မာ ကြီး​မ​ပေါ်​ထွန်း​မီ​ထို​နေ့​ရက်​သည်​ကျ ရောက်​လိမ့်​မည်​မ​ဟုတ်။- သူ​သည်​လူ​တို့​ကိုး​ကွယ်​သော​အ​မည်​ခံ ဘု​ရား​မှန်​သ​မျှ​ကို​အ​တိုက်​အ​ခံ​ပြု​၍ မိ​မိ​သည်​ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး ကြီး​သည်​ဟု​ဆို​လိမ့်​မည်။ သူ​သည်​ဘု​ရား သ​ခင်​၏​ဗိ​မာန်​တော်​ထဲ​သို့​ပင်​လျှင်​ဝင်​၍ ထိုင်​ကာ​မိ​မိ​ကိုယ်​ကို​ဘု​ရား​ဟု​ကြေ ညာ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​ခဲ့​စဉ်​အ​ခါ​က ဤ​အ​ကြောင်း​အ​ရာ​များ​ကို​သင်​တို့​အား ပြော​ပြ​ခဲ့​၏။ သင်​တို့​မ​မှတ်​မိ​ကြ​သ​လော။

၂ သက်သာလောနိတ် 2:2-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဝိညာဉ်​အားဖြင့်​ဖြစ်စေ၊ နှုတ်ထွက်​စကား​အားဖြင့်​ဖြစ်စေ၊ ငါ​တို့​စာ​ကဲ့သို့သော​စာ​အားဖြင့်​ဖြစ်စေ သခင်​ဘုရား​၏​နေ့ရက်​ကျရောက်​ပြီ​ဖြစ်​သည့်​ပုံမျိုး​ပြောဆို​ကြ​သော်လည်း စိတ်​ထဲ၌ အလျင်အမြန်​တုန်လှုပ်​ခြင်း​၊ သို့မဟုတ် စိုးရိမ်​ထိတ်လန့်​ခြင်း​မ​ရှိ​ကြ​ရန် သင်​တို့​အား ငါ​တို့​တောင်းပန်​ကြ​၏။ မည်သူ​မျှ သင်​တို့​ကို မည်သည့်​နည်း​နှင့်​မျှ မ​လှည့်ဖြား​စေ​နှင့်။ အဘယ်ကြောင့်​ဆိုသော် ဖောက်ပြန်​သွေဖည်​မှု​သည် ဦးစွာ​ဖြစ်လာ​၍ ပျက်စီး​ခြင်း​၏​သား​တည်းဟူသော တရားမဲ့​ခြင်း​နှင့်ဆိုင်သော​သူ​သည် ထင်ရှား​မ​လာ​မီ ထို​နေ့ရက်​သည် ရောက်လာ​မည်​မ​ဟုတ်။ ထို​သူ​သည် ဘုရား​ဟု​ခေါ်ဝေါ်​သော​အရာ​နှင့် ကိုးကွယ်​ခြင်း​ခံရ​သော​အရာ​အားလုံး​ကို ဆန့်ကျင်​လျက် ၎င်း​တို့​အပေါ် မိမိကိုယ်ကို​ချီးမြှောက်​ကာ ဘုရားသခင်​၏​ဗိမာန်​တော်​၌​ထိုင်​၍ မိမိကိုယ်ကို​ဘုရား​ဖြစ်​သည်​ဟု ကြေညာ​လိမ့်မည်။ သင်​တို့​နှင့်အတူ​ရှိ​နေ​စဉ်​က ဤ​အရာ​များ​ကို သင်​တို့​အား ငါ​ပြော​ခဲ့​ကြောင်း သင်​တို့​သတိ​မ​ရ​ကြ​သလော။